#Local_News
Published_ 13 March 2022

 

မတ် ၁၃ ရက် ဒီကနေ့နံနက် ၇ နာရီ ၄၁ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့ရဲ့ တောင်ဘက် (၁၀) မိုင်ခန့်အကွာ၊ အနက် (၉၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရပါတယ်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၂.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၀) ဒီဂရီကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

#ymg_mnn
#Yangon_Media_Group