#Local_News
Published_ 13 March 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် လေကျင့်ရေးကွင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး တစ်ကိုယ်ရည်စွမ်းရည်ပြပြိုင်ပွဲနှင့် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် သူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်းများ သရုပ်ပြသမှုတို့ မတ် ၁၂ရက်က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံတွင် သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့မြို့နယ် နှင့်ရပ်ရွာများ၏ မီးဘေးလုံခြုံရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ကြပါတယ်။

 

၁၉၆၃-ခုနှစ်၊ မီးသတ်တပ်ဖွဲ့ဥပဒေအရ မီးသတ်တပ်ဖွဲ့ကို အခြားသောတပ်ဖွဲ့များ နည်းတူ စည်းကမ်းသေဝပ်သော တပ်ဖွဲ့အသွင်ဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ စေတနာ့ဝန်ထမ်းမီးသတ်အဖွဲ့အစည်းအမျိုးမျိုးအား အရန်မီးသတ်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

 

နိုင်ငံအတွင်းနှစ်စဉ် ကြုံတွေ့ရလေ့ရှိသည့် မီးလောင်မှုများအပါအဝင် ရေကြီး ရေလျှံမှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုကျမှုစတဲ့ ဘေးအန္တရာယ်အမျိုးမျိုးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုသို့ဆောင်ရွက်ရာတွင် သန္ဓေတပ်ဖွဲ့ဝင်များနည်းတူ နိုင်ငံတော်အဆင့် ဘွဲထူး ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ပေးအပ်ချီးမြှင့်ရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၈ ဦးအထိ ပေးအပ်ချီးမြင့်ခဲ့ပြီး လက်မောင်းဘက် တံဆိပ်များကိုလည်း ပြောင်းလဲတပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

 

#ymg_mnn
#Yangon_Media_Group