#LocalNews
Published - 13 Mar 2022

 

မတ်လ ၁၂ ရက်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိတံတားတစ်ခုပေါ်မှ ယာဥ်တစ်စီးထိုးကျတိမ်းမှောက်ရာ ယာဥ်ပေါ်ပါလာသူနှစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယမန်နေ့ ၃ နာရီ မိနစ် ၄၀ အချိန်ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရန်ကုန်ဘက်မှမောင်းနှင်လာသည့် ယာဉ်မောင်း ဦးဝင်းနိုင်ဦး မောင်းနှင်လာသော ယာဉ်အမှတ် 6Q/1259 better အဖြူ ရောင်ယာဉ်သည် ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိူင်ဘဲ အမြန်လမ်း မိုင်တိုင် ၁၇၀/၁ ဖါလုံ အနီးရှိ ဂုံမင်းကွင်းတံတားအောက်သို့ထိုးကျပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသော ယာဉ်မောင်း ဦးဝင်းနိုင်ဦးနှင့်အတူပါလာသော မဖြူ နှင်းအေး တို့ ၂ ဦးလုံးသေဆုံးခဲ့ပြီး ယာဉ်အမှတ် HSE/2577 မေတ္တာရှင် ပရဟိတ နာရေကူညီမှုအသင်းကားဖြင့် ဖြူးမြို့ ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group