#LocalNews
Published - 11 Mar 2022
တစ်နိုင်ငံလုံးအတိုင်းအတာအရ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမယ့်ကျောင်းသား/ကျောင်းသူ ဦးရေ ၃၁၂,၀၀၀ကျော်ရှိတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ကနေသိရပါတယ်။

ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ရခိုင်ပြည်နယ်တွင် ကျောင်းသူ/ကျောင်းသား ၄၅,၅၉၂ ဦးနဲ့ အများဆုံးဝင်ရောက်ဖြေဆိုမှာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၄၀,၃၂၀ဦးရှိကာ ရန်ကုန်တိုင်းဒေသကြီးတွင် ဝင်ရောက်ဖြေဆိုမည့်သူ ၃၇,၅၆၀ဦး ရှိတာဖြစ်ပါတယ်။

ကျင်းပမယ့်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/စာစစ်ဌာနနှင့် ဖြေဆိုသူစာရင်းများအရ ခရိုင်(၇၁)ခရိုင်၊ မြို့နယ် (၃၂၁)မြို့၊ စာစစ်ဌာန(၁၂၅၆)ဌာနတို့တွင် စာရင်းပေးသွင်းဦးရေ ကျောင်းတွင်းဖြေ ၂၀၀,၇၆၈ဦးနဲ့အလွတ်ဖြေဆိုမယ့်သူ ၁၁၁,၅၃၁ ဦး စုစုပေါင်း ၃၁၂,၂၉၉ ဦး ပါဝင်ဖြေဆိုမှာဖြစ်ပါတယ်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို မတ်လ ၃၁ရက်နေ့မှ ဧပြီလ ၉ရက်နေ့ထိဖြေဆိုမှာဖြစ်ကာ တစ်နိုင်ငံလုံးတွင် ကယားပြည်နယ်မှဝင်ရောက်ဖြေဆိုမယ့် ကျောင်းသူ/ကျောင်းသား ၇၈၀ဦးသာရှိတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ymg/hm

#Yangon_Media_Group