#LocalNews
Published - 7 Mar 2022

 

မြိတ်မြို့အရှေ့ဘက်ရှိ တနင်္သာရီမြစ်အတွင်းမှာ ဒီကနေ့ မတ်လ ၇ ရက်၊နံနက် ၆ နာရီ မိနစ် ၅၀ အချိန်
ခန့်က ကမ်းဝေးငါးဖမ်းလှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

မီးလောင်မှုဖြစ်ပွားခဲ့သည့် ကမ်းဝေး ငါးဖမ်းလှေသည် မြိတ်မြို့ ပထက်ကမ်းကျေးရွာအနီးရှိ မြစ်အတွင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 

အဆိုပါ မီးလောင်မှုကို မြိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီးဖြင့်ထွက်ခွာပြီး မီးလောင်ရာသို့ အပေါ့စားမီးသတ်စက်များကို ရေသမ္ပာန်ဖြင့်တင်ဆောင်၍ သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် ယင်းမီးလောင်မှုကို အချိန်တစ်နာရီကျော်အကြာ ငြိမ်းသတ်ခဲ့ရပြီး နံနက် ၈ နာရီအချိန်တွင် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

Photo - MFSD
#Yangon_Media_Group