#Local_News
Published_2 Mar 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသော 66kV သာကေတ-သီတာ(၂) ဓာတ်အားလိုင်း၏ Under Ground Cable ဓာတ်ကြိုးအား မသမာသူများက ယမန်နေ့ညပိုင်းတွင် ဖြတ်တောက်ခိုးယူရန် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

 

66kV သာကေတ-သီတာ(၂)ဓာတ်အားလိုင်းသည် ယမန်နေ့ မတ်လ ၁ ရက်နေ့ ည ၉ နာရီ ခွဲအချိန်ခန့်တွင် မြေအောက်ဓာတ်ကြိုးအပြစ်ဖြစ်ပွားခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။

 

မသမာသူများက ဖြတ်တောက်ခိုးယူရန်လုပ်ဆောင်ခဲ့၍ ပျက်စီးချို့ယွင်းသွားသော မြေအောက်ဓာတ်ကြိုးနေရာအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးကော်ပိုရေးရှင်း၊ မြေအောက်ဓာတ်ကြိုးဌာနနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်ရုံးဝန်ထမ်းများမှ အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါဖြစ်စဥ်ကြောင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးကြေညာထားပါတယ်။

 

ymg_mnn
#Yangon_Media_Group