#LocalHealth
Published -22 Feb 2022

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ လေယာဉ်စီးနင်းလိုက်ပါမယ့် ခရီးသည်များကို ကိုဗစ် ရောဂါပိုးရှိ/မရှိ R.D.T test kit နဲ့ ဖေဖော်ဝါရီလ ၂၁ ရက်မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးဝင်းတွင်စစ်ဆေးရာ ခရီးသည်လေးဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ယနေ့တွင် ကျောက်ဖြူမြို့မှ လေကြောင်းလိုင်းနဲ့ လိုက်ပါမယ့်ခရီးသည် (၃၈) ဦးအား စစ်ဆေးပေးခြင်းဖြစ်ပြီး ၎င်းတို့အထဲမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှာ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ပိုးတွေ့လူနာဆောင်သို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ လိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ရောဂါပိုးမတွေ့ရှိသူများအား ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့တယ်လို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

"ယခုရက်ပိုင်းမှာ လေယာဥ်စီးခရီးသည်တွေ ပုံမှန်စစ်ဆေးတာတွေလုပ်နေပါတယ် ပိုးတွေသူတွေကိုတော့ ဆေးရုံတက်ရောက်စေပြီး မတွေ့သူတွေကို ရောဂါကင်းရှင်းကြောင်းလက်မှတ်ထိုးပြီး လေယာဥ်နဲ့ လိုက်ပါခွင့်ပြုပါတယ်"လို့ ခရိုင်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ကျောက်ဖြူမြို့တွင်၂၀၂၁ ခုနှစ်ဇူလိုင်လ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ ပိုးတွေ့လူနာ ကျား (၃၆၆) ဦး၊ မ(၂၃၉) ဦး၊ စုစုပေါင်းပိုးတွေ့လူနာ ၆၁၅ ဦးရှိပြီး သေဆုံးသူ ၆၃ ဦးရှိတယ်လို့ သိရပါတယ်။

 

ကျောက်ဖြူမြို့မှ လေယာဉ်စီးနင်းလိုက်ပါကြမယ့် ခရီးသည်များကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် လေယာဉ်မထွက်မီ တစ်ရက်ကြိုတင်၍ မွန်းလွဲ ၁ နာရီမှ ၃ နာရီအတွင်း ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

 

ymg/hm
#Yangon_Media_Group