#LocalNews
Published - 16 Feb 2022
ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောခရီးစဉ်ကို တစ်ရက်လျှင် အသွား၊အပြန်အခေါက် ရေ ၄၀ နှုန်းဖြင့် ပြေးဆွဲပို့ဆောင်ပေးနေတယ်လို့ ပြည်တွင်းရေကြောင်းပို့ ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရပါတယ်။

လက်ရှိအချိန်တွင် အစိုးရရုံးဖွင့်ရက်များနှင့် ရုံးပိတ်ရက်များ အပါအဝင် အသွားအခေါက် ၄၀ ၊ အပြန်အခေါက် ၄၀ နှုန်းဖြင့် ချယ်ရီရေယာဉ်များနဲ့ပြေးဆွဲပို့ ဆောင်ပေးနေတာပါ။

ဒါ့အပြင် ခရီးသည်များသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် သင်္ဘောရေယာဉ်ခရီးစဉ်များ ပြေးဆွဲပေးရာတွင် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန်အား နံနက် ၅ နာရီခွဲမှ ည ၇ နာရီအထိနှင့် ရန်ကုန်(ပန်းဆိုးတန်း)ဆိပ်ကမ်းမှ စတင်ထွက်ခွာချိန်အား နံနက် ၆ နာရီမှ ည ၇ နာရီခွဲအထိ သတ်မှတ်ပြီးပြေးဆွဲပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျမတို့က ဒလမြို့မှာ နေတဲ့သူတွေဆိုတော့ ဒီချယ်ရီသင်္ဘောကိုဘဲ အဓိကထားပြီး အားကိုးပြီး သွားလာနေရတာ ပေါ့။ နေ့စဉ်အလုပ်သွားလည်း ဒီသင်္ဘောပဲစီးရတာပေါ့နော်။ သူတို့ကအခေါက်ရေများများဆွဲ ပေး လေ ကျမတို့ ခရီးသွား တွေအတွက်ပိုအဆင်ပြေလေပေါ့နော်။ သင်္ဘောကျတော့ စီးရတာ ပိုကောင်းတာပေါ့၊ သမ္ဗာန်တွေထက်စာရင် ပိုပြီးလုံခြုံစိတ်ချရတာ ပေါ့။ ကျ မတို့ ကတော့ မြစ်ကူးသင်္ဘောပဲ အများဆုံးစီးဖြစ်ပါတယ်။"လို့ ဒလမြို့တွင် နေထိုင်သူကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပြခဲ့ပါတယ်။

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ သင်္ဘောခရီးစဉ်ကိုဒလမြို့နယ် ဒေသခံပြည်သူများ အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်သားပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အထွေထွေလုပ်သားပြည်သူများစွာက နေ့စဉ် စီးနင်းသွားလာ နေကြတာပါ။

ဒါကြောင့်လည်း အနယ်နယ်အရပ်ရပ်က ခရီးသွားလုပ်သား ပြည်သူများ သွားလာမှု အပေါ်မူတည်၍ ရေယာဉ် ခရီးစဉ်အချိန်များကို ခေါက်ရေတိုး၍ ပြေးဆွဲပို့ ဆောင်ပေးလျက်ရှိတယ်လို့ လည်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ
သိရပါတယ်။

ymg/kg
#Yangon_Media_Group