#LocalNews

Published - 29 Nov 2021

ပူတာအို ဒေသဝေးလံခေါင်ဖျား ကျေးရွာများနှင့်  ရေခဲတောင်သို့ သွားရာလမ်းရှိ ကြိုးတံတား အဟောင်းများကို အလှူရှင်များ၏ လှူဒါန်းငွေများဖြင့်  ဒေသခံများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း ပူတာအိုမြို့  ဒေသခံ ပရဟိတအဖွဲ့ များထံမှ သိရပါတယ်။

လက်ရှိမှာ  ဒေသခံများ အဓိကအသုံးပြုနေသည့် သွားလာဆက်သွယ်ရေးမှာအလွန်အရေးပါ သောဖုန်ရန်ဝမ် ကြိုးတံတားအား ပြင်ဆင် ပြီးစီးခဲ့ပြီ ဖြစ်ပြီး ဆက်လက်၍ ပူတာအို ဒေသရှိ ဝေးလံ  ခေါင်ဖျား ကျေးရွာများသို့ သွားရာလမ်းရှိ   ဟောင်းနွမ်းဆွေးမြေ့နေသည့်ကြိုးတံတားနှစ်စင်းကိုလည်း ဆက်လက် ပြုပြင်တည် ဆောက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

"ဝေးလံခေါင်ဖျား ကျေးရွာ တွေဘက်မှာ တံတား ၃ စင်း ပြင်မယ်ပေါ့။ ၁ စင်းကတော့ပြီးပါပြီ။  နောက် ၂ စင်း ကတော့ ပြင်ဖို့ကျန်ပါသေးတယ်။ ထပ်ပြီးပြုပြင်ဖို့ က တံတား ၃ စင်းကျန်ပါမယ်၊ ထပ်ပြင်ရမှာပေါ့ နော်။  ပြောရရင် တံတား တွေကို ဒေသခံတွေအသုံးပြုတယ်၊ ပူတာအိုက တောထွက် ဆေးမြစ်ရှာဖွေ အသက်မွေးဝမ်းကျောင်းပြုသူများ အသုံးပြုပါတယ်။ရေခဲတောင်တက် ဝါသနာပါတဲ့ မြန်မာလူငယ်တွေ နယ်စုံမှ ဖုန်ကန်ရာဇီ ရေခဲတောင်သို့တက်သွားရာမှာ အသုံးပြုဖြတ်ကူးတဲ့ တံတား တွေပါ။ အခု တော့ ဖုန်ရန်ဝမ် ကြိုးတံတားကို ပြင်ဆင် ပြီးမြောက်ပါပြီ။ ကျန်ရှိတဲ့ ကြိုးတံတား တွေ ဆက်လက်ပြုပြင်သွားမှာပါ။"လို့ တံတားများကို ပြုပြင် ဆောင်ရွက်နေသူ ပူတာအိုဒေသခံ ပရဟိတသမားတစ်ဦးက  ပြောပါတယ်။

အဆိုပါ တံတားတွေဟာ  ဒေသခံများအတွက် သွားလာ ဆက်သွယ်ရေးမှာအလွန်အရေးပါသည့် တံတားများဖြစ်ပြီးမပြုပြင်ခဲ့သည်မှာ (၁၀)စုနှစ်တစ်ခု ကြာခဲ့ပြီဖြစ်သည့် အတွက်  အ တော်  လေး ဟောင်းနွမ်းဆွေးမြေ့နေသည့်တံတားများဖြစ်တယ်လို့ သိရပါတယ်။

"ဖုန်ရန်ဝမ်ကြိုးတံတားဆိုရင် ၁၀ နှစ်ကျော် မပြင်ဆင်နိုင်တဲ့အတွက်မြေအောက်မှာ မြုပ်တုံးအကုန်ပျက်သွားပါတယ်။ ဒါပေမယ့် တံတားကပြိုမကျလို့တော်ပါ သေးတယ်။ ဒီချိန်သာမပြုပြင်နိုင်ခဲ့ရင် လူ တွေတဖွဲဖွဲနဲ့တော့ ပြုတ်ကျပြီသေချာတယ်။ ကျ နော်တို့က အခုဆို နှစ် တွေအကြာကြီး ခံအောင်ရည်ရွယ်ပြီး သစ်မာတွေရှာပြီး အသုံးပြုလိုက်တယ်။ တံတားပြုပြင်စရိတ်က ဝင့်ကြိုး ၃ မတ် ဓါတ်ဆီ အခြား ချိန်ဆော်ပစ္စည်းတွေသံချောင်းစုံ၊ ပျဉ်ခ တည်ဆောက်ရေး လက်သမားခနှင့် အခြားအထွေထွေအသုံးစရိတ်တွေနဲ့ဆို အကုန်လုံး သိန်း ၆၀ လောက်ကုန်ကျပါတယ်။" လို့  ၄င်းကဆက်လက် ပြောပြခဲ့ပါတယ်။

ပူတာအိုမြို့မှ  ဇီယာဒမ်း ကျေးရွာသို့သာ ဆိုင်ကယ်လမ်း ပေါက်ပြီး ရေခဲ တောင် ဒေသနှင့် ဝေးလံ ခေါင်ဖျား ကျေးရွာများသို့ သွား ရောက်ရာလိုပါက ကုန် ကြောင်း လျှောက်လမ်းဖြင့်သာသွားရောက်ရတာဖြစ်တာဖြစ်ပြီး အဆိုပါ ကြိုးတံတားတွေဟာ  ဒေသခံများရဲ့ လမ်းပန်းဆက်သွယ်မှုမှာ အလွန်အရေးပါတဲ့ တံတားများဖြစ်တယ်လို့ သိရပါတယ်။

#YangonMediaGroup