Published 19 Nov 2021

ဦးဖြိုးဇေယျာသော်အား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိတယ်လို့ ယမန်နေ့ က သတင်းတွေထွက်ပေါ်ခဲတာ နှင့်ပတ်သက်ပြီး နစကက ထိုသတင်းများ မှန်ကန်ကြောင်းအတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်းထုတ်ပြန်ရာတွင် NLD ပါတီဝင် ဦး ဖြိုးဇေယျာသော်၏ စေခိုင်းချက်အရ သန်လျင်တံတား၊ မြောက်ဉက္ကလာပတံတား၊ ထန်းတပင်မြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်၊ ဗားကရာမီးပွိုင့်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြို့ အတွင်း ပစ်ခတ်မှုဖြစ်စဉ်တွေမှာ ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ကျူးလွန် ခဲ့သော  တရားခံ ကျား ၄၀ ဦး၊ မ ၇ ဦး၊ ပေါင်း ၄၇ ဦးအား လက်နက်ငယ် မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀ ခု၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၄ ခု၊ မီးခိုးဗုံး ၅ လုံး၊ ရှို့ပစ် ၂ လုံး၊ ယမ်းမှုန့် (မီးခိုရောင်) ၇ ထုပ်၊ မှန်ပြောင်း ၁ ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဆက်လက်၍ သတင်းများအရ  နိုဝင်ဘာလ ၁၈ ရက်တွင် NLD ပါတီဝင် ဦးဖြိုးဇေယျာသော်အား ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာ၊ တိုက် အမှတ်(3/B)၊ အခန်းအမှတ်(B-0907)၌ Sigsauer အမျိုးအစား ပစ္စတို ၂ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ M-16 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၇၄ တောင့်နှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး သူ့ရဲ့ ဆောင်ရွက်မှုတွေကို ဆက်လက် ထုတ်ပြန်သွားမယ်လို့ နစကက သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။