Published 18 Nov 2021

ရန်ကုန်တိုင်းဒေသကြီးသန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်းတပင်မြို့နယ်နှင့် ကြည်မြင်တိုင်မြို့နယ်ဗားကရာ မီးပွိုင့်တွေမှာ ပစ်ခတ်ခဲ့သူတွေကိုလက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 ထုတ်ပြန်ရာတွင် ကနဦးအနေဖြင့်နိုဝင်ဘာ ၁၂ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အင်းဝအိမ်ရာတွင် အောင်ဇင်ဖြိုး (ခ)မင်းကြီး(၁၉)နှစ်အား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 ထို့ပြင် တရားခံ အောင်ဇင်ဖြိုး (ခ)မင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၄ ရက်တွင်  ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ  Hotel 46 အား ဝင်ရောက်ရှာဖွေခဲ့ရာ မြတ်သူ (ခ) နတ်ဆိုး (၃၂)နှစ်နှင့်အတူ ဇင်ကိုလင်း (၂၅)နှစ်၊ မြသန္တာခိုင် (၂၅) နှစ်၊ လဲ့ရည်ဖြိုး(၂၉)နှစ်၊ အောင်စည်သူခန့် (၂၁)နှစ်တို့ ငါးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားခံ မြတ်သူ(ခ)နတ်ဆိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ စံပယ်ဖြူကွန်ဒိုအား ဝင်ရောက်ရှာဖွေခဲ့ရာ တေဇာနေလင်း (၂၀)နှစ်၊ မင်းသွေးမြင့် (၂၄)နှစ်၊ စည်သူဟိန်း (၂၈)နှစ်၊ အောင်မင်းခန့် (၁၉)နှစ်၊ မင်းမောင် (၃၁)နှစ်၊ ဝေယံဦး (၂၆)နှစ်တို့ ခြောက်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 တရားခံ အောင်စည်သူခန့်၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၂၁)ရပ်ကွက်၊ ရန်အောင်လမ်းနေ စိုးသူ (၃၆) နှစ်အားလည်းကောင်း၊ တရားခံ စိုးသူ၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုန် (၁)ရှိ Htun Brother သံထည်ဆောက်လုပ်ရေးဝင်းအတွင်းမှ M4 သေနတ် သုံးလက်၊ M4 ကျည်အိမ် လေးခု၊ M 16 ကျည်အိမ် နှစ်ခု၊ MK 12 သေနတ် တစ်လက်၊ MK 12 ကျည်အိမ် နှစ်ခု၊ ၅.၅၆ ကျည် ၁၄၄ တောင့်၊ ၁၂ ဗို့ကျည် ၄၀ တောင့်တို့ သိမ်းဆည်းရမိခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ Rock Star စားသောက်ဆိုင်၌ ဇင်သူလင်း (၂၅)နှစ်၊ ဆွေလင်းအောင် (၂၉) နှစ်နှင့် အောင်ဖြိုးပိုင် (၂၂) နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် တရားခံ ဆွေလင်းအောင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သရက်တောလမ်း၊ စည်ပင်ရုံးအနီးတွင် ဇင်မင်းထွန်း (ခ)ဒိုလေး(၂၆)နှစ်၊ စံသိန်း (၃၁)နှစ်တို့အား MK 12 တစ်လက်၊ MK 12 ကျည်အိမ် နှစ်ခု၊ AK 47 နှစ်လက်၊ AK 47  ကျည်အိမ် လေးခု၊ M 16 တစ်လက်၊ M 16 ကျည်အိမ်နှစ်ခု၊ ၁၂ ဗို့ကျည် ၁၅ တောင့်၊ ၅.၅၆ ကျည် ၃၀ တောင့်၊ ၇.၆၂ ကျည် ၁၁၀ တောင့်တို့ဖြင့်လည်း ကောင်း၊ လှိုင်မြို့နယ်၊ ကန်လမ်း၊ လှိုင်မြင့်မိုရ်အိမ်ရာ၊ တိုက်(၁၀)၊ သုံးလွှာမှ ရန်မျိုးအောင်၊ ရန်နိုင်ထွန်း၊ အောင်နိုင်ဦး(ခ) အိုစမာတို့ သုံးဦးအားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 တရားခံ အောင်ဖြိုးပိုင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အမှတ်(၆၁/အေ)၊ (၆)လွှာရှိနေအိမ်မှ ရဲရင့်အောင် (၂၄) နှစ်နှင့် ကျော်ဇောလင်း (၂၀) နှစ်တို့အားလည်း ကောင်း၊ ဇင်မင်းထွန်း (ခ) ဒိုလေး၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်၊ ဥဿဖရားလမ်း၊ အမှတ်(မရှိ)နေအိမ်မှ ကျော်သူအောင်(၂၈)နှစ်၊ အိကေ ခိုင် (၂၈) နှစ်တို့အား Sigsauer ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ၉ မမ ကျည်၂၄ တောင့်၊ လက်လုပ်ဗုံး လေးလုံး၊ စိတ်ကြွရူးသွပ် ဆေးပြားများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

တရားခံ ဆွေလင်းအောင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၆ ရက်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁)ရပ်ကွက်၊ (၄)လမ်း၊ အမှတ် (၃၂၄)မှ အောင်မြင့်သိန်း (၃၂)နှစ်၊ ခိုင်ဇင်သော် (၃၁) နှစ်တို့အားလည်းကောင်း၊ သင်္ဃန်း ကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ သစ်ရာပင်လမ်းတွင် Area-5  အဖွဲ့ခွဲ ခေါင်းဆောင်အောင်ကိုဦး (ခ) ခေါင်းကြီး (၂၈) နှစ်နှင့် မျိုးမင်းခိုင် (၂၇) နှစ်တို့အားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ ကျော်သူ လမ်း၊ တိုက်အမှတ်(၈၀၃)၊ သုံးလွှာရှိ ထိန်လင်း (၃၂)နှစ်၊ ဝင်းအေး (၂၇)နှစ်၊ ဟိန်းထက်အောင်(၂၀)နှစ်၊ စောဘယ်လ်ဇင်ထူး (၂၁)နှစ်၊ အောင်အောင် (၂၄)နှစ်၊ အောင်ပိုင်ဖြိုး (၂၆)နှစ်တို့အား Sigsauer ပစ္စတို တစ်လက် ၊ ကျည်အိမ် တစ်ခု၊ ကျည် ၂၃ တောင့်တို့နှင့် လည်းကောင်း၊ ဝေယံဦး၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ စံပယ်ဖြူကွန်ဒိုတွင် မိုးစည်သူ (ခ) မောင်မိုး (၂၄)နှစ်အားလည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 တရားခံ အောင်ကိုဦး (ခ) ခေါင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၆ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၃)ရန်ပြေရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊ အမှတ်(၂၀) နေအိမ် အား ဝင်ရောက်ရှာဖွေရာ M-16 နှစ်လက်၊ M-16 ကျည်အိမ် လေးခု၊ ၅.၅၆ ကျည် ၉၉ တောင့်၊ AK-47 နှစ်လက်၊ AK-47 ကျည်အိမ် လေးခု၊ ၇.၆၂ ကျည် ၁၁၅ တောင့်၊ လက်လုပ် ဗုံးနှစ်လုံးတို့အားလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန် ဗရမ်းလမ်း၊ အမှတ်(၂၉၁၊ က/ခ)၊ လေးလွှာ၊ နှင်းဆီအခန်းအား ဝင်ရောက်ရှာဖွေရာ သီဟကျော်(၂၃)နှစ်၊ အောင်ကိုလင်း (၂၄)နှစ်၊ အောင်ကျော်ကျော် (၂၁) နှစ်တို့သုံးဦးအား M-16 နှစ်လက်၊ M-16 ကျည်အိမ် လေးခု၊ MK-12 နှစ်လက်၊ MK-12 ကျည်အိမ် လေးခု၊ Sigsauer ပစ္စတို တစ်လက် ၊ ကျည်အိမ် တစ်ခု၊ ၅.၅၆ ကျည် ၁၃၀ တောင့်၊ ၁၂ ဗို့ကျည် ၂၈ တောင့်၊ ၉မမ ကျည် ခုနစ်တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံငစစ်မှာ အမှတ် (၂၉၁၊ က/ခ)၊ ငါးလွှာမှ ခုန်ချထွက်ပြေးစဉ် သေဆုံးခဲ့သဖြင့် အသေဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

 တရားခံ ဆွေလင်းအောင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၆ ရက်တွင် ဗဟန်းမြို့ နယ်၊ ဗိုလ်ချိုရပ်ကွက်၊ အင်ကြင်းမြိုင်အိမ်ရာအနီးတွင် အံ့ကမ္ဘာ (၂၁)နှစ်၊ အားမာန်စိုး (၃၂) နှစ်၊ ခင်စပယ်အောင်(၁၉)နှစ်၊ သီတာအေးစုအောင် (၂၃)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 တရားခံ အောင်ကိုဦး(ခ)ခေါင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၇ ရက်တွင် မရမ်းကုန်းမြို့နယ်၊ အလယ်ဗဟိုလမ်း၊ Apolo Hotel အနီးတွင် ရဲလင်းဦး(ခ) နဘီး(၂၆)နှစ် နှင့် ကေသွယ်ဖြိုး(၂၃)နှစ်တို့အား MK-12 နှစ်လက်၊ ကာဘိုင် တစ်လက်၊ လက်လုပ်ပစ္စတို သုံးလက်၊ ၅.၅၆ ကျည် ၂၅ တောင့်၊ ၁၂ ဗို့ ကျည် ၅၀ တောင့်၊ ၉မမ ကျည် ၄၅ တောင့်၊ လက်လုပ်မိုင်း လေးလုံး၊ ရီမုမိုင်း လေးလုံးတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

 တရားခံဆွေလင်းအောင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၇ ရက်တွင် သင်္ဃန်းကျွန်း မြို့နယ်၊ ဆရာစံလမ်း ၊ City Mart အနီးတွင် အောင်ဘုန်းကျော် (ခ) O2 (၂၃)နှစ်အား M-79 ဗုံးပစ်လောင်ချာ  တစ်လက်၊ M-79 ဗုံးသီး ငါးလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဗဟန်းမြို့နယ်၊ ယူနိုက်တက်ကွန်ဒိုမှ M-16 ခြောက်လက်၊ M-16 ကျည်အိမ်၂၅ ခု၊ MK-12 တစ် လက်၊ MK-12 ကျည်အိမ်အတို/အရှည် ခြောက်ခု၊ AK-47 တစ်လက်၊ AK-47 ကျည် အိမ် နှစ်ခု၊ မှန်ပြောင်း တစ်ခု၊ ၄၀ မမဗုံးသီး ၁၂ လုံး၊ ၁၂ ဗို့ကျည် ၅၀ တောင့်၊ ရှေ့ထွက်မိုင်း လေးလုံး၊ ပစ္စတိုကျည်အိမ် နှစ်ခု၊ ၉ မမ ကျည် ၃၅ တောင့်၊ ၇.၆၂ ကျည် ၅၀ တောင့်၊ ၅.၅၆ ကျည် ၁၀၈၅ တောင့်၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ ယမ်းမှုန့်(မီးခိုရောင်) ခုနစ်ထုပ်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 Area-3 အဖွဲ့မှ တရားခံ ထက်မိုးလွင်သည် စက်တင်ဘာ၅ ရက်တွင်ဖမ်းဆီးရန်ကျန် တရားခံလင်းရောင်နှင့်အတူ သာကေတမြို့နယ်၊(၅)ရပ်ကွက်ရှိ အမှတ်(၁)ရဲစခန်းအား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ Area-1 အဖွဲ့မှ တရားခံ ဇင်မင်းထွန်းသည် စက်တင်ဘာ၄ရက်တွင် မြောက်က္ကလာပမြို့နယ်၊ ဗိုလ်မှူးဗထူးတံတားထိပ်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား တိုက်ခိုက်ရန်အတွက် ဝင်းကျော် (ခ)စံရှားထံ တင်ပြခဲ့ရာ ၎င်းမှအသုံးပြုမည့်လက်နက်များအား ဆွေလင်းအောင်ထံမှ ရယူရန် ချိတ်ဆက်ပေးခဲ့ကြောင်း၊ စက်တင်ဘာ၁၀ရက်တွင် ဇင်မင်းထွန်းသည် ဖမ်းဆီးရန်ကျန်တရားခံ ဟိန်းမင်းစိုးနှင့် ရှိုင်းထက်အောင်တို့အား ပစ်ခတ်သူများအဖြစ်လည်းကောင်း၊ စည်သူအားယာဉ်မောင်းအဖြစ်လည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ အောင်ထွန်း၊ စစ်နိုင်၊ နိုဗယ်ဦး၊ ဒေါင်းမာန်ချီ၊ အောင်လေး၊ အိကေခိုင်၊ မြတ်သူတို့အား စောင့်ကြည်သတင်းပို့ ပြုလုပ်သူများအဖြစ် လည်းကောင်း၊ ဇင်မင်းထွန်းသည် လက်နက်သိမ်းဆည်းရေးအဖြစ် လည်းကောင်း အဖွဲ့ ဝင် ၁၁ ဦးဖြင့် မြောက်ဥက္ကာလာပမြို့နယ်၊ တံတားပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအားလက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Area-3  အဖွဲ့မှ အောင်ပိုင်ဖြိုးသည် အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ လင်းရောင်၊ သော်က၊ စောဘယ်လ်ဇင်ထူးတို့နှင့်အတူ ဗားကရာလုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ရန် ဆွေးနွေးခဲ့ကြောင်း၊ အောက်တိုဘာ၂၁ရက်နှင့်၂၂ရက်တို့တွင် လုံခြုံရေးအဖွဲ့ဝင်များအား တိုက်ခိုက်နိုင်ရေးထက်မိုးလွင်၊ ဟိန်းထက်အောင်၊ စည်သူဟိန်းတို့ကို စောင့်ကြည်သတင်းပို့စေခဲ့ကြောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် စောဘယ်လ်ဇင်ထူးက ယာဉ်မောင်းအဖြစ်လည်းကောင်း၊ သော်ကနှင့်လင်းရောင်တို့က ပစ်ခတ်သူများအဖြစ်လည်းကောင်း၊ အောင်ပိုင်ဖြိုးက မှတ်တမ်းတင်အဖြစ်လည်းကောင်း လိုက်ပါ၍ ဗားကရာလုံခြုံရေးအဖွဲ့ဝင်များအား လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့ပြီး ပန်းလှိုင်လမ်း၌ အသင့်စောင့်ဆိုင်းနေသော ဆွေလင်းအောင် မောင်းနှင်သည့် Honda Insight ယာဉ်ဖြင့် ပြောင်းလဲထွက်ခွာခဲ့ကာ ပစ်ခတ်မှုဖြစ်စဉ်တွင် အသုံးပြုခဲ့သော Honda Airwave ယာဉ်အား ပန်းလှိုင်လမ်း၌ ထားခဲ့ကြောင်း သိရပါတယ်။

Area-2 အဖွဲ့မှ တရားခံ ဇင်သူလင်းသည် အောက်တိုဘာ ၂၄ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ လင်းရောင်နှင့်အတူ တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက် ဓမ္မာ ရုံအနီးရှိ ကင်းတဲအား လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ Area-2 အဖွဲ့မှ တရားခံ ဇင်ကိုလင်းသည် နိုဝင်ဘာ ၆ ရက်တွင် မြတ်သူ (ခ) နတ်ဆိုး၏ စေခိုင်းမှုဖြင့် အောင်စည်သူ ခန့် (ခ) သီဟနှင့်အတူ ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ်၊ ၂၅ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် လက်လုပ်ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

Area-5 အဖွဲ့မှ တရားခံ အောင်ကိုဦးအား နိုဝင်ဘာ ၁၁ ရက်တွင်အကြမ်းဖက်အဖွဲ့ဖြစ်သည့် SOFအဖွဲ့ခေါင်းဆောင် ဝင်းကို(ခ)စံရှားမှ သာကေတမြို့နယ်ဘက်ခြမ်းရှိ သန်လျင်တံတား လုံခြုံရေးအဖွဲ့ဝင်များအား ပစ် ခတ်တိုက်ခိုက်ရန် ညွှန်ကြားခဲ့ရာ နိုဝင်ဘာ၁၅ရက်တွင် ဖက်တီးမောင်းနှင်သော Rrobox အမျိုးအစား ယာဉ်ပေါ်တွင် ပီတာ၊ အောင်ကိုဦး၊ ဂျုတ်၊ ဘရာဗိုတို့သည် ပစ်ခတ်ရေးအဖြစ်လည်းကောင်း၊ ငစစ်၊ မာရီယို၊ စံပယ်၊ အားမာန်စိုးတို့သည် စောင့်ကြည်သတင်းပို့အဖြစ် လည်းကောင်း ဆောင်ရွက်၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Area-7 အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်တွင် ဝင်းကို (ခ) စံရှား၏စေခိုင်းမှုဖြင့် ထန်းတပင်မြို့နယ်၊ စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား CRVအမျိုးအစား လိုင်စင်မဲ့ယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်တွင် တရားခံ ကျား ၄၀ ဦး၊ မ ခုနစ်ဦး၊ ပေါင်း ၄၇ ဦးအား လက်နက်ငယ် မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀ ခု၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုမိုင်း လေးလုံး၊ ရှေ့ ထွက်မိုင်း လေးခု၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ ယမ်းမှုန့် (မီးခိုရောင်) ခုနစ်ထုပ်၊ မှန်ပြောင်း တစ်ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဆေးစစ်ချက်အရ မူးယစ်ဆေးဝါးများ သုံးစွဲ၍ ပြစ်မှုများကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။