Published 16 Nov 2021
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဖြစ်သူ Mr.Yohei Sasakawaနဲ့ရန်ကုန်အခြေစိုက်နိုင်ငံရေး
ပါတီတွေနဲ့ဒီကနေ့နိုဝင်ဘာလ၁၆ရက်နေ့မှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
ယနေ့မွန်းလွဲပိုင်း ၃နာရီ မိနစ်၃၀ ကနေစတင်ပြီးMr. Yohei Sasakawaနဲ့
SNLDဥက္ကဋ္ဌစိုင်းညွန့်လွင်၊တွဲဖက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်တို့ ရန်ကုန်မြို့မှာ တစ်နာကြာတွေ့ဆုံ
ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတွေ့ဆုံမှုမှာလက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှမ်းပြည်ဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက် ရင်းနှီးစွာအပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့SNLDပါတီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်Mr. Yohei SasakawaကSNLDပါတီနဲ့တွေ့ဆုံဆွေးနွေးမှုမတိုင်မီမှာပြည်သူ့ပါတီ ကခေါင်းဆောင်တွေနဲ့
တွေ့ဆုံဆွေးနွေးခဲ့ပြီးလက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကိုရင်းနီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။
မြန်မာနိုင်ငံရဲ့ခရီးစဉ်အတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာဂျပန်အစိုးရ၏အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ
Mr.Yohei Sasakawaနဲ့ NLD ပါတီ ခေါင်းဆောင်များနဲ့တွေ့ဆုံမယ်လို့လည်း
နိုဝင်ဘာလ ၁၅ ရက်ရခိုင်ခရီးအတွင်းပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပေမယ့် ဘယ်သူနှင့်လဲဆိုတတော့ ပြောမသွားခဲ့ပါဘူး။