Published-15 Nov 2021(Edited:18:42)

ရက်ပိုင်းကလေးအတွင်းမှာ ထောင်၁၁နှစ်အမိန့်ချမှတ်ခံရတဲ့ အမေရိကန်သတင်းစာဆရာ ဒန်နီဖန်စတာဟာ ထောင်ကလွတ် မြောက်လာပြီးနောက် အခုဆို အိမ်ပြန်ခရီးစတင်နေပြီလို့ အမေရိကန်နိုင်ငံဆိုင်ရာကုလသမဂ္ဂသံအမတ်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆန်ကပြောပါတယ်။

ဖန်စတာကို မြန်မာနိုင်ငံမှာ သူ့လက်ထဲထည့်ပေးလိုက်ပြီး အမေရိကန်ပြည်ထောင်စုကို ကာတာမှတစ်ဆင့်  လေယာဉ်ခရီးစဉ်နှင့် ပြန်သွားလိမ့်မယ်လို့ ရစ်ချတ်ဆန်က သတင်းထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။

“  ဒီအလုပ်ကိုလုပ်တုန်းက ထားရှိတဲ့မျှော်လင့်ချက်က ဒီကနေ့ရောက်လာတာပဲဖြစ်တယ်” လို့ ရစ်ချတ်ဆန်က သူ့ရုံးခန်းကနေ အီးမေလ်းနှင့်ပေးပို့တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာဆိုပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံကိုသူသွားရောက်ခဲ့တုန်းမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးစဉ် ဖန်စတာလွတ်မြောက်ရေး အတွက် သူစေ့စပ်ညှိနှိုင်းခဲ့တာဖြစ်တယ်လို့ ရစ်ချတ်ဆန်ကပြောပါတယ်။

ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo WATANABE ၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr.Yohei SASAKAWA နှင့် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ရစ်ချက်ဆန်စင်တာဥက္ကဋ္ဌ Mr. Bill Richardson တို့၏ မေတ္တာရပ်ခံချက်အရလည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်သော ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အင်းစိန်အကျဉ်းထောင်တွင် အကျဉ်း ကျခံနေရသည့် အမေရိကန်နိုင်ငံသား Mr. Daniel Jacob Fenster (ဘ) Bud Fenster ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်တယ်လို့ နစကက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါသတင်းထောက်မှာယနေ့တွင် Mr. Bill Richardson နှင့်အတူ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွား​တယ်လို့
သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ။