Published 14 Nov 2021

အလုပ်ထုတ်ပယ်လိုက်လို့ဟုဆိုကာ အလုပ်သမားဖြစ်သူက မ​ကျေနပ်၍ အလုပ်ရှင်မိသားစု၏ ​နေအိမ်အတွင်းသို့ဝင်​ရောက်ပြီး မြက်ရိပ်ဓါးဖြင့်ရက်ရက်စက်စက် ခုတ်သတ်ခဲ့သည့် ဖြစ်စဥ်တစ်ခု ယမန်​နေ့ နိုဝင်ဘာ ၁၃ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့၊

မြိုင်သာယာရပ်ကွက်၊(၉)လမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ဓါးခုတ်ခံရမှုဖြစ်စဥ်​ကြောင့် အလုပ်ရှင်မိသားစုမှ ဖခင်ဖြစ်သူနှင့် သားဖြစ်သူ ၂ ဦး​သေဆုံးခဲ့ပြီးမိခင်ဖြစ်သူနှင့် သမီးဖြစ်သူတို့ ၂ ဦးက​တော့ စိုးရိမ်ရ ပြင်းထန်ဒဏ်ရာများဖြင့် ​မော်လမြိုင်မြို့ ပြည်သူ့​ဆေးရုံကြီးမှာ ​ဆေးကုသမှုခံယူ​​နေရတယ်လို့ ​ဒေသခံ လူမှုကူညီ​ရေးအသင်းများထံမှ သိရပါတယ်။

 

"ကျွန်တော်တို့နားကပါ အလုပ်သမားကိုအလုပ်ထုတ်လိုက်တာမကျေနပ်လို့ဆိုပြီဝင်သတ်သွားတာပါ။"လို့ ​မော်မြိုင်မြိုင် မြို့ခံတစ်ဦးက ဆိုပါတယ်။

 

မော်လမြိုင် လူသတ်မှုဖြစ်စဥ် နောက်ဆက်တွဲသတင်းများအရ မြိုင်သာယာ၊(၉)လမ်းရှိ ကုန်မာဆိုင်နှင့်ဝါရောင်းတဲ့နေအိမ်တွင် ယမန်နေ့ညက အလုပ်ရှင် မိသားစုထမင်းဝိုင်းကို ဆိုင်မှာ အလုပ်လုပ်နေသောအလုပ်သမား ဖြစ်သူလူသတ်သမားက မိမိဈေးဆိုင်မှာရောင်းနေသော မြက်ရိပ်ဓါးကို ကောက်ယူပြီး ထမင်းဝိုင်းမှာ ထမင်းစားနေသော အလုပ်ရှင်မိသားစုကို ရက်ရက်စက်စက်ဝင်​ရောက်ခုတ်ခဲ့တာဖြစ်​ကြောင်း၊ ယင်းဖြစ်စဥ်​ကြောင့် ဖခင်ဖြစ်သူ မောင်အောင် အသက် (၄၇)နှစ်၊ သားဖြစ်သူဂျိုနိက် (ခေါ်)အောင်ပြည့်စုံ (၉)နှစ်တို့မှာ အခင်းဖြစ်ပွားရာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ရပြီး မိခင်ဖြစ်သူမှာ ဘယ်ဘက်လက်ကောက်၀တ် ပြတ်ရှဒဏ်ရာ ဦးခေါင်း၊လည်ပင်းတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံကြီးကိုရောက်ရှိတဲ့အချိန်တွင် သတိရှိပြီး စကားပြောနိုင်ကြောင်း၊ သမီးလတ်မှာ ဘယ်ဘက်ဦးခေါင်းဒဏ်ရာလည်ပင်းတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိပြီးမော်လမြိုင်ဆေးရုံကြီး အရေးပေါ်ကုသဆောင်မှတဆင့်အရိုးအကြောကုသဆောင်တွင် ယခုသတင်းရေးသား​နေသည့်အချိန်အထိ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရပါတယ်။

 

ပြစ်မှုကျုးလွန်ခဲ့သူ လူသတ်သမားသည် အဆိုပါကုန်မာဆိုင်တွင် အလုပ်လုပ်ခဲ့သည်မှာ(၁၀)နှစ်ခန့်ရှိပြီးဖြစ်ကြောင်း၊ အလုပ်သမားသည် အလုပ်ရှင်ထံတွင်လုပ်ခလစာ ကြိုထုတ်ထားတာရှိကြောင်းနှင့် လူသတ်သမားသည် အခင်းမဖြစ်ပွားမီ လွန်ခဲ့သောရက်များက ဆိုင်မှထွက်သွားပြီး ​နောက်အိမ်​ထောင်ပြုထားကြောင်း၊ယင်းကို ၄င်း၏ မယားကြီးဖြစ်သူက သိရှိပြီးအလုပ်ရှင်ထံတွင် အကူအညီတောင်းတိုင်းကြားထားတာရှိကြောင်း၊ အလုပ်ရှင်က ယင်းအလုပ်သမား ပြန်ရောက်လာတဲ့အချိန် ယင်းကိစ္စကို ပြောဆိုဆုံးမတာရှိကြောင်း ရပ်ကွက်သားတစ်ဦးက ပြောပြပါတယ်။

ဓါးခုတ်ခံရမှု​ကြောင့် ​သေဆုံးခဲ့ရသည့် အလုပ်ရှင်ဖြစ်သူ ကိုအောင်သည်အနေးအေးသူဖြစ်တယ်လို့လည်း ​ဒေသခံများက ဆိုပါတယ်။

 သေဆုံးသူများကို မနက်ဖြန်(တနင်္လာနေ့)တွင် မြေမြှပ်သဂြိုလ်သွားမည်ဖြစ်​ပြီး လူသတ်သမားသည် အခုအချိန်ထိ ထွက်ပြေးလွတ်မြှောက်နေဆဲဖြစ်ကြောင်း သိရှိရပါတယ်။