၁၈ နိုဝင်ဘာ ၂၀၂၃

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး ‌နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။

-ymg/knl