17 November 2023

ကမ္ဘာ့ဖလားဒုတိယအဆင့်ခြေစစ်ပွဲ ဒုတိယပွဲစဉ် အဖြစ်မြန်မာအသင်းသည်မြောက်ကိုရီးယား အသင်းနှင့် နိုဝင်ဘာ ၂၁ရက်တွင်ရန်ကုန်မြို့၊သုဝဏ္ဏ‌ဘောလုံးကွင်း၌ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

မြန်မာအသင်းအနေဖြင့် မြောက်ကိုရီးယားအသင်းဆီကနေ အမှတ်ရအောင်ယူမည်ဟု မြန်မာလက်ရွေးစင်နည်းပြချုပ်က ဂျပန်နှင့်ပွဲစဉ်အပြီးသတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောထားသည်။

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်ဟုဆိုသည်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊

 ပွဲကျင်းပမည့်ရက် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါပွဲစဉ်ကို sky netရုပ်သံလိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group