Published_ 20 October 2023

UAE နိုင်ငံတွင် ကျင်းပနေသည့် ABU DHABI MASTERS 2023 ပြိုင်ပွဲ၌ မြန်မာ့ကြက်တောင်လက်ရွေးစင် အားကစားမယ်သက်ထားသူဇာသည် လူဇင်ဘတ်နိုင်ငံသူကို (၂)ပွဲဆက်အမှတ်ပြတ်ဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားကြောင်း ABU DHABI MASTERS 2023 Websiteမှသိရသည်။

အဆိုပါပြိုင်ပွဲသည်အောက်တိုဘာလ(၁၇)ရက်မှ(၂၂)ရက်အထိ UAE နိုင်ငံ၏မြို့တော်၊ အဘူဒါဘီမြို့တွင် ကျင်းပနေခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲ(၁၆)ဦးအဆင့်တွင် မြန်မာကြက်တောင်လက်ရွေးစင်အားကစားသမား သက်ထားသူဇာမှ လူဇင်ဘတ်နိုင်ငံသူ Kim SCHMIDT ကို (၂၁)မှတ်(၈)မှတ်၊(၂၁)မှတ်(၈)မှတ် ရလဒ်တို့ဖြင့်အနိုင်ရပြီး ကွာတားဖိုင်နယ်သို့တက်ရောက်လာခဲ့သည်။ သက်ထားသူဇာသည် United Arab Emirates အားကစားသမားနှင့် Luxembourg လူဇင်ဘတ်နိုင်ငံသူကိုအနိုင်ရရှိခဲ့ပြီးနောက် World Rank 46မှ45အဖြစ်တစ်ဆင့်တိုးသွားသည်။

သက်ထားသူဇာသည် ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယနိုင်ငံသူSHRIYANSHI VALISHETTY ယနေ့အောက်တိုဘာလ(၂၀) ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group