Published_ 17 October 2023

မြန်မာ-မကာအိုဒုတိယပွဲစဉ်ကို ယနေ့ညနေ အောက်တိုဘာ (၁၇) ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ကန်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ၏ ဒုတိယအကျော့ပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် တရုတ်(မကာအို)အသင်းတို့၏ယှဉ်ပြိုင်မှုကို ရုပ်သံလိုင်းမှလည်းတိုက်ရိုက်ကြည့်နိုင်မည် ဖြစ်သည်ဟုဆိုသည်။

အဆိုပါပွဲစဉ် ယှဉ်ပြိုင်ကစားကြပုံများကို ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှ စတင်၍ MRTV-HD၊ MRTV Sports Channel၊ MRTV Farmers’ Channel၊ MRTV Parliament Channel တို့တွင် တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည် ဖြစ်သည်။ ထိုပြင် မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တိုမှလည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာလက်ရွေးစင်အသင်းသည် မကာအိုအသင်းကို ပထမပွဲစဉ်အိမ်ကွင်းတွင် (၅)ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းအနေဖြင့် တရုတ် (မကာအို) တွင်ရှိသည့် အက်စ်တာဒီယို ကမ်ပို ဒက်စ်ပေါ်တီပိုအားကစားကွင်း၌ အဝေးကွင်း၌ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အဝေးကွင်းတွင်လည်းအနိုင်ရရှိသွားအောင်ကြိုးပမ်းသွားမည်ဟု မြန်မာနည်းပြချုပ်နှင့်မြန်မာလက်ရွေးအားကစားသမားတို့ကကတိပြုပြောကြားထားကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times