Published_ 09 October 2023

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်(ပထမအဆင့်)အဖြစ် မြန်မာ-မကာအိုဘောလုံးပွဲစဉ်ကို အောက်တိုဘာ(၁၂)ရက်တွင် အိမ်ကွင်းယှဉ်ပြိုင်မှုအဖြစ်ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်း၌စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သုဝဏ္ဏဘောလုံး ကွင်း၌ကြည့်ရူနိုင်သလို ရုပ်သံလိုင်းမှလည်း တိုက်ရိုက်လွှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှသိရသည်။

မြန်မာ-မကာအိုပွဲစဉ်အတွက် လက်မှတ်များကို ကြိုတင်ဝယ်ယူနိုင်ကြောင်းနှင့် အထူးတန်းကျပ်၅၀၀၀၊ရိုးရိုးတန်း ၂၀၀၀ကျပ်နှင့်ဝယ်ယူနိုင်ပြီးအောက်တိုဘာလ၉ရက်မှ၁၂ရက်အတွင်း အွန်လိုင်းAYAPayနဲ့လည်းကြိုတင် ဝယ်ယူနိုင် သည်ဟုဆိုသည်။

မြန်မာအသင်းတွင် နည်းပြချုပ် မိုက်ကယ်၏ ပဏာမလက်ရွေးစင်အသင်းလူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၄ အသင်းမှ လူငယ်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည်ဟုဆိုသည်။

မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြသနေသည့် ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူလည်း ပဏာမလက်ရွေးစင်လူစာရင်းတွင် ပါဝင်လာခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းအနေဖြင့်အောက်တိုဘာလ(၁၂)ရက်တွင်အိမ်ကွင်း၌ ကန်ပြီးနောက် အောက်တိုဘာ (၁၇)ရက်တွင်မကာအိုဖြင့်နောက်တစ်ကြိမ်အဝေးကွင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီးSkyNetရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group