Published_ 05 October 2023

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် မကာအိုလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်(ပထမအဆင့်) အတွက် စုစည်းလေ့ကျင့်မှု များကို လာမည့် အောက်တိုဘာ (၇) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

နည်းပြချုပ် မိုက်ကယ်၏ ပဏာမလက်ရွေးစင်အသင်းလူစာရင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် နီပေါအသင်း နှင့် နိုင်ငံတကာ ခြေစမ်းပွဲ စဉ်မှ လူစာရင်းကို အခြေခံရွေးချယ်ထားပြီး အာရှအားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ သည့် ယူ-၂၄ အသင်းမှ လူငယ်ကစားသမားများနှင့် ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။

မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြသနေတဲ့ ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူ လည်း ပဏာမလက်ရွေးစင်လူစာရင်းတွင် ပါဝင်လာခဲ့ပါတယ်။

2026 FIFA World Cup qualification ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအို လက်ရွေးစင်အသင်းတို့သည် အောက်တိုဘာ ၁၂ ရက် (အိမ်ကွင်း) နှင့် အောက်တိုဘာ ၁၇ရက် (အဝေးကွင်း) တို့တွင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ygm_mnn
#local_sport
#YMG #Yangon_Media_Group