Published_ 3 October 2023

တရုတ်နိုင်ငံ၊ဟန်ကျိုးမှာကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ ဂျပန်ပိုက်ကျော်ခြင်းအသင်းကို ရမှတ်(၂၁-၁၅)ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက်သွားကြောင်း အားကစားရေးရာနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်။

ဆီမီးဖိုင်နယ်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ပထမပွဲစဉ်တွင် မြန်မာကအနိုင်ရရှိခဲ့သလို ဒုတိယပွဲစဉ်မှာ ဂျပန်က အနိုင်ရရှိခဲ့ပြီး အနိုင်အရှုံးအဆုံးအဖြတ်ပေးနိုင်မယ့် တတိယပွဲစဉ်တွင်မြန်မာမှ(၂၁)မှတ် ဂျပန်မှ(၁၅)မှတ်နဲ့ မြန်မာအမျိုးသားပိုက်ကျော်အသင်းမှ ဆီမီးဖိုင်နယ်ကိုအနိုင်ရပြီး ဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ဖိုင်နယ်ဗိုလ်လုပွဲတွင် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည့် ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားအသင်း တို့မှအနိုင်ရရှိသောအသင်းဖြင့်ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာ ( လေးယောက်တွဲ ) အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အုပ်စုအတွင်း၌ လာအိုအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားတစ်သင်းကိုသာရှုူံးနိမ့်ခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group