Published_ 4 September 2023

2024 AFC U23 Asian Cup ခြေစစ်ပွဲ အုပ်စု(ခ)အဖွငိ့ပွဲစဉ်ကို ကာဂျစ္စတန်နှင့်မြန်မာအသင်းတို့ ယခုလ စက်တင်ဘာ (၆)ရက်တွင်  ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ထံ က သိရသည်။

အဆိုပါ ခြေစစ်ပွဲစဉ်ကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာ့လက်ရွေးစင် ယူ ၂၃ ဘောလုံးအသင်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံ Changwon မြို့သို့ ယမ‌န်နေ့စက်တင်ဘာ (၃)ရက် နံနက်ပိုင်းက ရောက်ရှိနေပြီဖြစ်သည်။

 

မြန်မာ ယူ၂၃ အသင်းအနေဖြင့် ခြေစစ်ပွဲ အုပ်စု(ခ)ပွဲစဉ်တွင် အိမ်ရှင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန် အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

 

ယင်းသို့ ယှဉ်ပြိုင်ရာတွင် စက်တင်ဘာ ၆ ရက် အုပ်စု ပွဲစဉ်အဖွင့်၌ ကာဂျစ္စတန် အသင်းဖြင့်လည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် ကာတာအသင်းဖြင့် လည်းကောင်း၊ စက်တင်ဘာ ၁၂ ရက်တွင် အိမ်ရှင်‌ တောင်ကိုရီးယား အသင်းတို့ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times