Published_ 24 August 2023

U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင်  အုပ်စု ဒုတိယပွဲစဥ်အဖြင့် ဂျပန်ကလပ်အသင်း(JEF United Chiba )နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သုံးဂိုး တစ်ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်ဟု ပွဲစဉ်အပြီးရလာဒ်ကို MFF က ထုတ်ပြန်သည်။

မြန်မာလူငယ်အသင်းအနေဖြင့် အဆိုပါအုပ်စုဒုတိယပွဲစဥ်ကို ယနေ့ နံနက် မြန်မာ စံတော်ချိန် (၁၀) နာရီအချိန်တွင် ကစားခဲ့ကြခြင်းဖြစ်သည်။

အုပ်စုပွဲစဉ်အရ တစ်ရက်တည်းတွင် နှစ်ပွဲဆက်တိုက်ကစားခဲ့ရသည့် မြန်မာလူငယ်ဘောလုံးအသင်းအနေဖြင့် ရှုံးနိမ့်ခဲ့သော်လည်း စုဖွဲ့မှုကောင်းကောင်းဖြင့်  ကြိုးစားကစားနိုင်ခဲ့ကြသည်ကိုတွေ့မြင်ရသည်။

မြန်မာအသင်းအနေဖြင့် ယနေ့ နံနက်ပိုင်းကလည်း အုပ်စု အဖွင့်ပွဲစဉ်ကို ဘာစီလိုနာ ယူ ၁၂ အသင်းနှင့် ကစားခဲ့ရာ  လေးဂိုး ဂိုးမရှိဖြင့် ရှုံးနှိမ့်ထားသေးသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ လူငယ်‌ဘော လုံးအသင်း၏ အုပ်စု နောက်ဆုံးပွဲစဥ်ကို Daiwa House Dream အသင်းနှင့် ဩဂုတ် (၂၅)ရက် (မနက်ဖြန်) မြန်မာစံတော်ချိန် နံနက် (၇) နာရီ (၄၅)မိနစ် အချိန်တွင် ယှဥ်ပြိုင် ကစားသွားရဦးမည် ဖြစ်သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times