Published_ 21 August 2023

အကောင်းဆုံးကြိုးစားခဲ့သော်လည်းပရိတ်သတ်လိုချင်သည့် ရလဒ်မရခဲ့ခြင်းကြောင့် တောင်းပန်ကြောင်း ထွန်းထွန်းမင်း က ယနေ့တွင် သူ၏ပရိတ်သတ်အား  ပြောကြားသည်။

"ပြိုင်ပွဲအကောင်းဆုံးကြိုးစားတာရဲ့ရလဒ်မှာအနိုင်မရခဲ့တဲ့အတွက် SORRY ပါ။ပရိတ်တတ်တွေလိုချင်တဲ့ရ လဒ်ကိုအနိုင်မကစားပေးနိုင်တဲ့အတွက် Sorry ပါ"ဟု  သူ၏လူမှုကွန်ရက် ကတစ်ဆင့် တောင်းပန်စကားဆို ထားခြင်းဖြစ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို ယမန်နေ့ ဩဂုတ်လ (၂၀)ရက်က ရန်ကုန်မြို့ ၊ သိမ်ဖြူအားကစားရုံတွင် ပြုလုပ်ခဲ့ကြပြီး၊ စုစုပေါင်း စိန်ခေါ်ယှဉ်ပြိုင်သူ တွဲဆိုင်း (၆)ဆိုင်း ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်း (၆) ဆိုင်း ကစားကြရာ တွဲဆိုင်းလေးဆိုင်း သရေကျခဲ့ပြီး၊ တွဲဆိုင်း (၂) ဆိုင်းကသာ အနိုင်အရှုံးပေါ်ထွက်ခဲ့သည်။

စိန်ခေါ်ပွဲတွင် ပထမတွဲဆိုင်းဖြစ်သည့် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ငါးချီအပြည့်ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသော်လည်း  ပူးတွဲသရေ ရရှိခဲ့ပြီး၊ ဒုတိယတွဲဆိုင်းဖြစ်သည့် ထွန်းမင်းအောင်နှင့် ဂျပန်နိုင်ငံသား တိုခဲရှီတို့ ပွဲစဉ်တွင်လည်း ပူးတွဲသရေ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တတိယတွဲဆိုင်းဖြစ်သည့် ကျော်စွာဝင်းနှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ အာဝသန်တို့၏ ပွဲစဉ်၊ ဟံသာဝတီ နှင့် စီတိုး တို့၏ပွဲစဉ်သည်လည်း အနိုင်မရှုံးမပေါ်ဘဲ ပူတွဲသရေရရှိခဲ့သည်။

တိုင်းကျော် နှင့် ဝူသော်ဒိုး ပွဲစဉ်တွင် တိုင်းကျော်က အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊စိန်လုံးချောနှင့် မိုးထက်အောင်တို့ ပွဲစဉ်တွင်လည်း မိုးထက်အောင်က အလဲထိုးဖြင့်အနိုင်ရရှိခြင်းဖြစ်သည်။
Yangon_Times/my
#Local_News
#YMG #Yngon_Times