#LocalNews
Published - 14 June 2022
မိုးရာသီကာလ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းများကြောင့် ငါးပုစွန်မွေးမြူရေးကန်များ ရေနစ်မြုပ်ဆုံးရှုံးမှုမရှိရအောင် မွေးမြူရေးကန်ပေါင်များ မြှင့်တင်ခြင်းအပါအဝင် ကြိုတင်ဆောင်ရွက်သင့်သောအချက်များကို ဆောင်ရွက်ထားရန် ငါးလုပ်ငန်းဦးစီးဌာနက သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
ငါးပုစွန်လုပ်ငန်းများဆုံးရှုံးမှု မဖြစ်ရအောင်ကြိုတင်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ထားကြရမည်ဖြစ်ပြီး အကယ်၍ ငါးပုစွန်မွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုများကြုံတွေ့ရပါက နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာနကို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်၊၊
ငါးပုစွန်မွေးမြူရေးကန်များ မဆုံးရှုံးအောင် ကန်ပေါင်များ ခိုင်ခံ့အောင်ဆောင်ရွက်ခြင်း၊ ငါးများမလွတ်အောင်ဇာပြာပိုက်ဖြင့် ကာရံထားခြင်း၊ ငါးကန်များကို ရေတိုက်စားမှုမရှိအောင် ကာရံထားခြင်း၊ လိုအပ်ပါက ငါးများရွေ့ပြောင်းနိုင်အောင် ငါးဖမ်းပိုက်၊ စက်လှေနှင့် စက်ပစ္စည်းများကြိုတင်ပြင်ဆင်ထားခြင်းများ ဆောင်ရွက်ထားကြရမည်ဖြစ်သည်၊၊
ငါးစာနှင့်လုပ်ငန်းသုံးပစ္စည်းများကို ရေလွတ်သောနေရာကို ကြိုတင်ရွေ့ပြောင်းထားခြင်း၊မွေးမြူရေးကန် ရေထွက်ရေလျှံပေါက်များ အစဥ်ဂရုစိုက်စစ်ဆေးရန်၊ မိုးဇလသတင်းများသတိထားနားထောင်ပြီး ငါးမွေးသူအချင်းချင်း သတင်းဖလှယ်ခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _ 14 June 2022
ဂျပန်နိုင်ငံရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်းကြီးကြပ်ရေးကော်မတီ(OTIT)မှ ဂျပန်နိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသား နည်းပညာ အလုပ်သင်သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပြဿနာအချို့အား တိုင်ပင်ဆွေးနွေးနိုင်သည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
တိုင်ပင်ဆွေးနွေးခြင်းကို ဖုန်းနှင့် ဖြစ်စေ Messenger မှဖြစ်စေ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပြီး အကြံဥာဏ်များလည်း ရယူနိုင်သည့်အပြင် မိခင်ဘာသာစကားဖြင့်လည်း တိုင်ပင်ဆွေးနွေးနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Message နှင့် File များပေးပို့သော တိုင်ပင်ဆွေးနွေးမှုများကို လက်ခံပေးသွားမည်မဟုတ်ဘဲ စကားသံဖြင့်သာ လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုင်ပင်ဆွေးနွေးရာတွင် ဖုန်းဖြင့်ဆက်သွယ်ပါက အင်္ဂါနေ့ နံနက် ၁၁ နာရီမှ ည ၇ နာရီအထိ ဖုန်းနံပါတ် ( ၀၁၂၀-၂၅၀-၃၀၂) သို့ဆက်သွယ်နိုင်ပြီး Messenger မှတစ်ဆင့် ဆက်သွယ်ပါက OTIT ၏ Facebook Page အား Friend request ပြုလုပ်၍ https://www.facebook.com/profile.php?id=100065466735376&sk=about_overview
သို့ဝင်ခြင်း(သို့)ပူးတွဲစာရွက်ပါ QR Code အား Scan ဖတ်ရမည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ပြီး၍ Friend request လက်ခံပြီးပါက messenger တွင် ဖုန်းခေါ်၍ တိုင်ပင်ဆွေးနွေးခြင်းရုံးခန်းမှ ဖြေကြားပါက ဂျပန်ဘာသာဖြင့် မိမိ၏ ဘာသာစကားအားပြော၍ တိုင်ပင်ဆွေးနွေး၍ အကြံဥာဏ်များရယူနိုင်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published_14 June 2022
တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ရွှံ့ကဏန်းနဲ့ ကျောက်ပုစွန်တွေမှာ White Spot Syndrome Virus တွေ့တဲ့အတွက် တရုတ်ကိုတင်ပို့တာ ရပ်ထားခဲ့ရာကနေ စစ်ဆေးပြီးသား ရွှံ့ကဏန်းနဲ့ ကျောက်ပုစွန်တွေကို ပြန်ပြီးတော့ တင်ပို့နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 June 2022
၂၀၂၃ ခုနှစ်၊ မေလမှာကျင်းပမယ့် ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဗိုဗီနမ် အားကစားနည်းကို ဇွန်(၁၇)ရက်မှစတင်ပြီး နေပြည်တော် Gold Camp မှာ စခန်းသွင်းလေ့ကျင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။
စခန်းသွင်းလေ့ကျင့်မှုကို ကစားသမား ၆၀ ကျော် လေ့ကျင့်ပေးသွားမှာဖြစ်ပြီး အဆိုပါအားကစားသမားများထဲမှ လက်ရွေးစင် ၁၅ ဦးနဲ့ ကျန်တဲ့ ၄၀ ကျော်ကတော့ ပြည်နယ်နှင့်တိုင်းဒေသကြီးသိုင်းပြိုင်ပွဲတွေမှ မျိုးဆက်သစ်အားကစားသမားများ၊ အားကာ/သိပ္ပံမှ မျိုးဆက်သစ်အားကစားသမားများကို ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။
မျိုးဆက်သစ်ကစားသမားများ အတွက်လေ့ကျင့်မှုကိုတော့ ဇွန် ၁၇ ရက်မှ စတင်ကာ ၃ ပတ်ကြာ လေ့ကျင့်ပေးသွားမှာဖြစ်ပြီး ထိုထဲကမှ အကောင်းဆုံးကစားသမားတွေကို ပြန်လည်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ဗိုဗီနမ်အားကစားနည်းအနေဖြင့် ၂၀၂၃ ခုနှစ်တွင် Pre SEA Games၊ Cambodia SEA Games နဲ့ World Vovinam Championship ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ဗိုဗီနမ်အားကစားနည်း အမျိုးအစားပေါင်း ၃၀ ထည့်သွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 14 June 2022
၂၀၂၂ ပညာသစ်နှစ် အဝေးသင်တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီးတွင် ၂၀၂၂ ပညာသင်နှစ်၊ အဝေးသင် သင်တန်းအတွက် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပထမနှစ် အဝေးသင် သင်တန်းတက်ရောက်မည့်သူများ၊ ဒုတိယနှစ်၊ တတိယနှစ်ကျောင်းအပ်ရန် ကျန်ရှိသူများနှင့် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပထမနှစ် အဝေးသင် သင်တန်းတက်ရောက်မည့်သူများသည် ဇွန် ၁၃ ရက်မှစ၍ ကျောင်အပ်နှံနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ် အဝေးသင် တက္ကသိုလ်နောက်ဆုံးနှစ် ဝိဇ္ဇာအထူးပြု တတိယအသုတ်ဖြစ်သည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေး ပညာ၊ စီးပွားစီမံ အနီးကပ်သင်တန်းများကို ဇွန် ၆ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
လက်ရှိတွင် နေ့သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီး တတ်ရောက်သည့်ကျောင်းသား ကျောင်းသူမှာ နည်းနေသေးကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 14 June 2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် ငွေကျပ်၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်စစ်ဆေးရေးဂိတ်အနီးတွင် ဘိုမြိုင် မောင်းနှင်ပြီး အောင်မင်းဇော် လိုက်ပါလာသည့် FUSO FIGHTER ၆ ဘီးကွန်တိန်နာဘောက် မော်တော်ယာဉ်အား သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၆ ဘီလီယံ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၀ ဒသမ ၇ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့အားဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_14 June 2022
ပြည်ပခရီးသွားနဲ့ ပြည်တွင်းခရီးသွားတွေ လာရောက်တာ အများဆုံးလို့ ပြောလို့ရတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းမှာရှိတဲ့ ချောင်းသာကမ်းခြေဟိုတယ်ဝန်ထမ်းတွေကို လစာမဲ့ နှစ်လနားဖို့စီစဉ်ထားတယ်လို့ ဟိုတယ်ဇုန်တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
Page 2097 of 2346