#Local_Sport
Published_ 19 August 2023

- ဒင်းဟန်ဒါဆင် သည်အပြောင်းအရွှေ့ပိတ်သိမ်းချိန်မတိုင်မီ မန်ယူအသင်းမှထွက်ခွာဖွယ် မရှိတော့ပဲ ဒုတိယဦးစားပေးဂိုးသမားအဖြစ် ဆက်လက်ကစားဖွယ် ရှိနေသည်ဟု သိရသည်။

 

- ကစားသမားအသစ် ထပ်မံခေါ်ယူခြင်းထက်လက်ရှိအသင်းကိုပိုမိုအသားကျစေရန် ပိုမိုလိုလားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချယ်ဆီးနည်းပြ ပိုချက်တီနိုက ပြောကြားခဲ့သည်။

 

- နောက်ခံကူမာကွင်ဟို့စ်အားအသင်း ခေါင်းဆောင်အဖြစ် ဆက်လက်ခန့်အပ်ထားရန် ပီအက်စ်ဂျီအသင်းသားများကမဲပေးခဲ့သည်ဟုသိရသည်။

 

- အသစ်ရောက်ရှိလာဘေရးသမား ကီပါမှာ လေ့ကျင့်ရေးတွင် စွမ်းဆောင်ရည်ကောင်းမွန်နေသော်လည်း အယ်လ်မာရီယာနင့်ပွဲတွင်လူနင်ကို သာပွဲတွက်စေမည်ဟု ရီးရဲယ်မက်ဒရစ် နည်းပြအန်ဆယ်လော့တီက ဆိုသည်။

 

- အာဆင်နယ်အသင်းသည် ဘာစီလိုနားနှင့် ဆွေးနွေးနေသော နောက်ခံလူကန်ဆယ်လိုအားခေါ်ယူရန် စတင်ကြိုးပမ်းနေကြောင်း သိရသည်။

 

- နောက်ခံလူပါဗက် အားခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် အင်တာမီလန်တို့ဆွေးနွေးမှုများစတင်နေပြီဟုသိရသည်။

 

- ဂျူဗင်တပ်အသင်းမှအီတလီဝါရင့်နောက်ခံလူ ဘိုနုချီသည် ဂျာမန် ဘွန်ဒက်လီဂါမှယူနီယံဘာလင်အသင်းသို့ ပြောင်းရွှေရန်နီးစပ်နေပြီဟုသိရသည်။

 

- အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂရိဇ်မန်းက ၎င်း၏ကစားသမားဘဝကို အမေရိကန်မေဂျာလိဂ်၌ အဆုံးသတ်လိုသည်ဟု ဖွင့်ဟခဲ့သည်။

 

-နာပိုလီအသင်းသည် အသင်းကြီးများ စိတ်ဝင်စားနေသောဆယ်လ်တာဗီဂိုကွင်းလယ်လူ ဂါဘရီဗီဂါအား အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။

 

-စပါးအသင်းအနေဖြင့် ကွင်းတွင်းကွင်းပြင်၂ခုစလုံးတွင်စည်းလုံးမှုရှိရမည်ဟု နည်းပြပိုစတီကိုဂလူက သတိပေးခဲ့သည်။

 

#Local_Sport #နောက်ဆုံးရကမ္ဘာ့ဘောလုံး #ထူးခြားသတင်းများ
#Yangon_Times