#Local_Sport
Published_ 18 August 2023

ဂျပန်လက်ရွေးစင် ကွင်းလယ်လူ ဝါတာရူအန်ဒိုသည်လီဗာပူးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီး မကြာမီ ဆေးစစ်မှုခံယူသွားမည်ဖြစ်သည်ဟု သိရသည်။၎င်းအား ယူရို ၁၉ သန်းဝန်းကျင်ဖြင့်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီးဆေးစစ်မှု အောင်မြင်ပါက ဘုန်းမောက်နှင့် သြဂုတ် ၁၉ ရက်တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်လူစာရင်းတွင်ပါဝင်လာနိုင်မည်ဖြစ်သည်။

 

ကိုင်စီဒိုနှင့်လာဗီယာတို့ကို ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းကခေါ်ယူသွားခဲ့ပြီးနောက် အသက် ၃၀နှစ် ရှိ ဂျပန်လက်ရွေးစင် ကွင်းလယ်လူအန်ဒိုကိုယခုကဲ့သို့ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။လီဗာပူးအသင်းသည်နောက်ထပ် ဒုတိယမြောက် ကွင်းလယ်လူတစ်ဦးကို ထပ်မံခေါ်ယူရန် စောင့်ကြည့်နေပြီး ဖီအိုရင်တီးနားမှ မော်ရိုကို လက်ရွေးစင် ကွင်းလယ်လူ အမ်မရာဘက်ကိုခေါ်ယူရန် စောင့်ကြည့်လျက်ရှိသည်။

 

အမ်မရာဘက်သည် မူလက မန်ယူအသင်းနှင့် သဘောတူညီမှု ရရှိထားသော်လည်း မန်ယူဘက်မှ ခေါ်ယူရန်နှောင့်နှေးနေမှုများ ကြောင့်စိတ်ပျက်နေသည်ဟုသိရသည်။ကာလရှည် ပစ်မှတ်ထားနေသော ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂရာဗန်ဗတ်နှင့်ပဲလေ့စ်ကွင်းလယ်လူဒိုကိုရီတို့ကိုလည်း လီဗာပူးကဆက်လက်စောင့်ကြည့်လျက်ရှိသည်။

 

#Local_Sport #လူအန်ဒိုလီဗာပူး
This is Anfield