#Local_Sport
Published_ 4 August 2023


အာဆင်နယ်အသင်း၏ အဓိကတိုက်စစ်မှူးဂါဘရီယယ်ဂျေဇူးသည် ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရမည်ဖြစ်သော‌ကြောင့် ရာသီအစပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင့် နည်းပြ အာတီတာကအတည်ပြုပြောကြားခဲ့သည်။

 

ဂျေဇူးသည်ပြီးခဲ့သည့်ရာသီကလည်း ပွဲကမ္ဘာ့ဖလားတွင်ရခဲ့သည့် ဒူးဒဏ်ရာ‌ေကြာင့် ပွဲစဉ်၁၅ပွဲလွဲချော်ခဲ့ပြီး ယခုနောက်ဆုံးကစားခဲ့သည့် မိုနာကိုနှင့်ခြေစမ်းပွဲကိုလည်းပါဝင်မကစားနိုင်ခဲ့ပေ။

 

"သူ့ရဲ့ဒူးဒဏ်ရာအ‌ခြေအနေကပြဿနာအနည်းငယ်ရှိနေပါတယ်။ မပြင်းထန်ပေမယ့် ရက်သတ္တပတ်အနည်းငယ်အနားယူရပါလိမ့်မယ်။ သူဟာအကောင်းဆုံးပုံစံရနေလို့ ကျွန်တော်တို့အတွက်ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ။ အထူးသဖြင့်ဘာစီလိုနာနဲ့ပွဲမှာကစားခဲ့တဲ့ခြေစွမ်းကအတော်ကောင်းခဲ့ပါတယ်။ သူအမြန်‌ဆုံးပြန်ကစားနိုင်ဖို့မျှော်လငိ့ပါတယ်"ဟုနည်းပြအာတီတာက‌‌ ပြောကြားခဲ့သည်။

 

မိုနာကိုနှင့်ပွဲစဉ်တွင် ဂျေဇူးနေရာ၌အန်ကက်တီယားဝင်ရောက်ကစားခဲ့ပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ သို့သော် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် အမေရိကန်လက်ရွေးစင် ဘာလိုဂန်မှာ အရန်စာရင်းတွင် ပင်ပါဝင်လာခြင်းမရှိပေ။ဘာလိုဂန်သည်ပြီးခဲ့သည့်ရာသီက ပြင်သစ်လီဂူး-၁ ကလပ် ရိမ်းစ်အသင်းတွင်အငှားသွားရောက်ကစားခဲ့ပြီး ၂၁ ဂိုး "သွင်းယူနိုင်ခဲ့သော်လည်း အာဆင်နယ်မှ ထွက်ခွာရန်များနေပြီး နည်းပြအာတီတာ၏ စိတ်ကြိုက်ကစားသမား မဖြစ်ခဲ့ပေ။

 

၎င်းအားအင်တာမီလန်က ခေါ်ယူရန် ကြိုးပမ်းနေသည်ဟုသတင်းများ ထွက်ပေါ်နေပြီး အခြားအာဆင်နယ်ကစားသမားများဖြစ်ကြသော လိုကွန်ဂါ၊ ထရပ်စတီးနှင့် မာကွင်ဟို့စ်တို့သည်လည်း အသင်းမှထွက်ခွာရန်ပြင်ဆင်နေကြသည်။ အခြားသတင်းတစ်ရပ်တွင် အာဆင်နယ်အသင်းသည်ဒိုင်နမိုဇာဂရက် အသင်းမှခရိုအေးရှား နောက်ခံလူ အသက်၂၃နှစ်ရှိ ဂျိုဆစ်ဆူတာလို ကိုခေါ်ယူရန် စောင့်ကြည့်နေကြောင်းသိရသည်။

#Local_Sport #အာဆင်နယ်တိုက်စစ်မှူး ဂျေဇူး ဒူးဒဏ်ရာခွဲစိတ်ကုသ
Ref : 90min