#Local_Sport
Published_ 3 August 2023

လက်ရှိမန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ကို ပြီးခဲ့တဲ့နွေရာသီမှာမခန့်အပ် မီအသင်းမှ ထွက်ခွာဖို့စဉ်းစားခဲ့တယ်လို့ တိုက်စစ်မှူး မားကပ်ရပ်ရှ်ဖို့ဒ်ကဖွင့်ဟပြောကြားခဲ့ပါတယ်။

 

ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ကစားသမားဘဝသက်တမ်းတစ်လျှောက် ဂိုးသွင်းအနည်း ဆုံးရာသီကိုတန်ဟက်ခ်မရောက်မီ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။တန်ဟက်ခ်ကိုင်တွယ်တဲ့ ပထမရာသီမှာတော့ သူရဲ့ကစားသမားဘဝတစ်လျှောက် လက်ရှိအချိန်ထိ ခြေစွမ်းအကောင်းဆုံးရာသီတစ်ခုဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံမှာဂိုး၃၀အထိ အံ့အားသင့်ဖွယ် သွင်းယူနိုင်ခဲ့ပါတယ်။လက်ရှိအချိန်မှာ ရပ်ရှ်ဖို့ဒ်ဟာအသင်းနဲ့ကာလရှည်စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး မန်ယူအသင်းရဲ့ လစာအမြင့်ဆုံးကစားသမား ဖြစ်လာခဲ့ပြီးအသင်းရဲ့ အဓိကကစားသမားအဖြစ်လဲ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပါတယ်။

 

ဒါပေမဲ့တန်ဟက်ခ်မရောက်ခင်မှာ အသင်းက ထွက်ခွာဖို့အထိ စဉ်းစားခဲ့ကြောင်းရက်ရှ်ဖို့ဒ်က အခုလို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

"အရာရာဟာ အကြောင်းတရားတစ်ခုကြောင့် ဖြစ်ပေါ်ခဲ့တာပါ။"နည်းပြကြီးဟာ အသင်းကို အချိန်ကိုက်ရောက်ရှိလာခဲ့တာဖြစ်ပြီး အလုပ်ဖြစ်ခဲ့ပါတယ် ။သူရောက်ရှိလာတာဟာ ကျွန်‌ ‌‌ေတာ့်ရဲ့စွမ်းဆောင်ရည်ကို လွှမ်းမိုးမှုရှိခဲ့ပြီး အခုလိုခြေစွမ်းကောင်းတွေရရှိပိုင်ဆိုင်ခဲ့တာပါ။ အခုကျွန်တော် ဂိုးတွေသွင်းယူရတာ၊ဂိုးဖန်တီးမှုပြုလုပ်ရတာနဲ့ တိုက်စစ် ဧရိယာထဲမှာ တစ်ဖက်အသင်းကို ခြိမ်းခြောက်ဖို့ကြိုးစားရတာတွေကို ပျော်ရွှင်နေပါတယ် "ရပ်ရှ်ဖို့ဒ်ကပြောကြားခဲ့ပါတယ်။

 

#Local_Sport #နည်းပြတန်ဟက်ခ်ကိုမခန့်အပ်မီအသင်းမှထွက်ခွာရန်စဉ်းစားခဲ့
#Yangon_Times