Published 31 July 2023

တောင်ပံတိုက်စစ်ကစားသမားမာရက်ဇ် ကိုဆုံးရှုံးခဲ့ရပြီးနောက်‌ေဆာ်ဒီလိဂ်ရဲ့ငွေကြေးသုံးစွဲမှုကဈေးကွက်ကိုပြောင်းလဲစေခဲ့ကြောင်းပရီးမီးယားလိဂ်ကိုသတိပေးပြောကြားခဲ့သည်။။မာရက်ဇ်ကိုယခု အပြောင်းအရွှေ့ကာလ၌ရောင်းချရန်မမျှော်လင့်ခဲ့သဖြင့်မန်စီးတီးသည် မာရက်ဇ်၏နေရာကိုတိုက်ရိုက်အစားထိုးနိုင်သည့်ကစားသမားကိုအားဖြည့်မည်မဟုတ်သော်လည်းကွဲပြားခြားနားသည့်တိုက်စစ်မှုးတစ်ဦးအားခေါ်ယူရန်မျှော်လင့်ထားကြောင်းဂွာဒိီယိုလာကပြောကြားခဲ့သည်။ အငှားချထားသည့်ကစားသမားများကိုလည်းကြည့်ရှုရမည်ဖြစ်ပြီးတစုံတစ်ရာဖြစ်နိုင်ချေများကိုစောင့်ကြည့်ရမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

 

ဆော်ဒီလိဂ်ကစျေးကွက်ကိုပြောင်းလဲစေခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်အသင်းကြီးများပင်လျှင်၎င်းတို့၏အဓိက ကစားသမားများကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း ဂွာဒီယိုလာက သတိပေးပြောဆိုခဲ့သည်။အနာဂတ်တွင်ယခုကဲ့သို့ပို့မိုဖြစ်လာနိုင်ကြောင်း၊ မာရက်ဇ်သည် အလွန်ကောင်းမွန်သော ကမ်းလှမ်းမှုရရှိ၍ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ဂွာဒီယိုလာကပြောကြားခဲ့သည်။

 

မန်စီးတီးအသင်းသည်အသင်းခေါင်းဆောင်ဂွန်ဒိုဂန်အား ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးနောက် ညာနောက်ခံလူ ဝေါ့ကာမှာလည်း ဘိုင်ယန်မြူးနစ် အသင်းကခေါ်ယူရန် ကြိုးပမ်းနေသဖြင့် ကစားသမားကောင်းများ ဆုံးရှုံးရမည့်အခြေအနေနှင့်ရင်ဆိုင်နေရသည်။

 

Ref: 90min
#Yangon_Times