Published -23-7-2023

မန်စီးတီးအသင်းရဲ့ ညာနောက်ခံလူ ကိုင်လီဝေါ့ကာ ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ Skysports သတင်းဌာနရဲ့ သတင်းတစ်ရပ်အရ သိရှိရပါတယ်။အသင်း၂သင်းအကြားဆွေးနွေးမှုတွေပြုလုပ်လျက်ရှိပြီး ဒီသင်းဟာလာ မယ့် အပတ်မှာ ရာသီကြိုခြေစမ်းပွဲယှဉ်ပြိုင်ကြမှာပါ။ဘိုင်ယန်မြူးနစ်က ဝေါ့ကာကို ၂ နှစ် စာချုပ်နဲ့ကမ်းလှမ်းထားပြီးနောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့လည်းထည့် သွင်းချုပ် ဆိုမှာပါ။၂ဖက်အသင်းတာဝန်ရှိသူတွေ လာမယ့်အပတ်ဂျပန်နိုင်ငံမှာ မျက်နှာချင်းဆိုင် ဆက်လက် ဆွေးနွေးကြမယ်လို့ သိရပါတယ်။စီးတီးနဲ့ ဘိုင်ယန်တို့ဟာလာမယ့် ဇူလိုင်၂၆ရက်ကျရင် ဂျပန်မှာခြေစမ်းပွဲယှဉ်ပြိုင်ထားကြမှာပါ။ဝေါ့ကာနဲ့ မန်စီးတီးတို့ရဲ့ စာချုပ်ဟာ တစ်နှစ်သက်တမ်းကျန်သေးပြီး မန်စီးတီးက တစ်နှစ်ပဲ ထပ်မံ သက်တမ်းတိုးဖို့ ဆန္ဒရှိနေပါတယ်။

Ref:skysports.