၂၉ နိုဝင်ဘာ ၂၀၂၃
အမေရိကန် စစ်လေယာဉ် အော့စ်ပရေး လေယာဉ်သည် နိုဝင်ဘာ ၂၉ ရက် ဂျပန်နိုင်ငံ ယူကူရှီမားကျွန်းအနီး သမုဒ္ဒရာထဲ ပျက်ကျသွားပြီး လေယာဉ်ပေါ် လူ (၆) ဦးလိုက်ပါသွားပြီး အနည်းဆုံးတစ်ဦးသေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
ရေထဲက နှစ်ဦးကိုဆွဲထုတ်လိုက်တယ်ဆိုပေမယ့် အဲဒီလူတွေရဲ့အခြေအနေကိုမသိရပါဘူး။
စစ်လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ ၄၇ မိနစ်ခန့်မှာည ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ရဲ့ ဘက်ဖက်အင်ဂျင်ကနေ မီးတောက်လောင်ပြီး ပင်လယ်ထဲ ထိုးကျသွားတာတွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောတဲ့အကြောင်း အမ်ဘီစီက သတင်းပေးပို့ပါတယ်။
အဆိုပါ လေယာဉ်ပျက်ရဲ့ အစိတ်အပိုင်းအချို့ကို ယူကူရှီးမားကျွန်းမှ နှစ်မိုင်ခန့်အကွာရေပြင်တွင် ရှာတွေ့ရတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ကပြောပါတယ်။
လေယာဉ်ဟာ ရေဒါကနေ ပျောက်သွားခဲ့တာဟာ မွန်းလွဲ ၂နာရီ ၄၀ မိနစ်ခန့်ကဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူနိုကပြောပါတယ်။
ဩဂုတ်လတုန်းက အမေရိကန် အော့စ်ပရေးလေယာဉ်တစ်စီးဟာ ဩစတြေလျမြောက်ပိုင်းကမ်းခြေအနီးမှာ ပုံမှန်စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တပ်တွေကိုပို့ဆောင်ပေးနေစဉ်ပျက်ကျခဲ့ပြီး မရင်းတပ်သား (၃)ဦးသေဆုံးခဲ့ရပါတယ်။
၂၀၁၆ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဂျပန်တောင်ပိုင်း အိုကီနာဝါကျွန်းအနီးမှာ အဆိုပါအမျိုးအစား လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် အမေရိကန်တပ်က လေယာဉ်တွေ ပျံသန်းတာယာယီရပ်တန့်ခဲ့ပါတယ်။
ရဟတ်ယာဉ်လိုရော လေယာဉ်တစ်စီးလိုပါ ပျံသန်းနိုင်တဲ့ အဆိုပါလေယာဉ်ကို အမေရိကန်မရင်းတပ်၊ အမေရိကန်ရေတပ် နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်တွေက စီမံလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
အော့စ်ပရေးလေယာဉ်တွေ ဂျပန်မှာ နေရာချထားတာဟာ အငြင်းပွားစရာဖြစ်နေခဲ့ပါတယ်။ အဆိုပါ နှစ်မျိုးသုံးလေယာဉ်ဟာ စိတ်မချရဘူးလို့ ဝေဖန်ပြောဆိုနေခဲ့ကြပြီး အမေရိကန်နှင့်ဂျပန်စစ်တပ်နှစ်ခုစလုံးက အဲဒါကို ငြင်းဆိုထားပါတယ်။
Source Reuters
#Local_News
Published_ 18 January 2024
တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ 'ရတနာပုံတက္ကသိုလ်အသင်း' တံခွန်စိုက် ဒိုင်းဆုရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတို့က ပူးတွဲတတိယရရှိကြသည်။
တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံး နောက်ထိန်းကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်မင်းသန့်သူကိုလည်းကောင်း၊ အကောင်းဆုံးရိုက်ခုတ်ကစားသမား ဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်အောင်ကိုလည်းကောင်း၊ အကောင်းဆုံးပင့်ထောင် ကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်နိုင်းနိုင်းအောင်ကိုလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်မျိုးကျော် ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ်အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနားတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ် အသင်းတို့က ပူးတွဲတတိယရရှိခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအားကစားရုံတို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
#Local_News #ပိုက်ကျော်ခြင်းပြိုင်ပွဲ #'ရတနာပုံတက္ကသိုလ်အသင်း'တံခွန်စိုက်ဒိုင်းဆုရ #tthl #Yangon_Times
၁ ဩဂုတ် ၂၀၂၄
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားသို့ ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဟာ ဒီကနေ့မနက်ပိုင်း မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်မန်နက်နှင့်တွေ့ဆုံပါတယ်။ မွန်းလွဲပိုင်းမှာ ဟွန်မန်နက်၏ ဖခင်ဖြစ်တဲ့ ကမ္ဘောဒီးယား ဆီးနိတ် ဥက္ကဋ္ဌ ဟွန်ဆန်နှင့်လည်းဆက်လက်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံမှုအသေးစိတ်ကိုတော့ သတင်းမရရှိသေးပါဘူး။
ဝန်ကြီးဦးကိုကိုလှိုင်ဟာ ယမန်နေ့က ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။
@ymg/knl
၁၅ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ပြည်ပ မှ ဝင်ရောက်စွက်ဖက်နေခြင်းကို ပြင်းထန်စွာဆန့်ကျင်ပြီး အခြေခံဥပဒေ မူဘောင်အောက်တွင် ပြည်တွင်းနိုင်ငံရေးသင့်မြတ်မှုအတွက် မြန်မာ၏ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်က ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိဟာ ယမန်နေ့ ဩဂုတ် ၁၄ရက်က မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံစဉ်အတွင်း ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပြည်ပ မှ ဝင်ရောက်စွက်ဖက်မှုတွေနှင့် စိမ့်ဝင်မှုတွေကို ဆန့်ကျင်တယ်။ပြီးတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားတဲ့ မည်သည့် စကားလုံး မည်သည့် အလုပ်တွေကိုမဆိုလည်း ဆန့်ကျင်တယ်လို့ ဆက်ပြောပါတယ်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာလွတ်လပ်ရေး၊အချုပ်အခြာအာဏာ၏၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတွေ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနေတာတွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ဝမ်က ပြောပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်ကနေ ပြည်တွင်း နိုင်ငံရေးအရပြန်လည်သင့်မြတ်ရေး၊ ရွေးကောက်ပွဲကျင်းပရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေမှာ မြန်မာနိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုလည်း တရုတ်က ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုတယ်လို့ လည်းသူကဆက်ပြောပါတယ်။
တွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက ဘက်စုံ ရေရှည် ကိုယ်ကျိုးမငဲ့ ကူညီဆောင်ရွက်ပေးနေမှုတွေကို ကျေးဇူးတင်တယ်လို့ ဝမ်ယိကိုပြန်လည်ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပေါက်ဖော်ဖြစ်ပြီး အိမ်နီးချင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဟာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရေးအခြေခံပြီးအမြဲဆက်ဆံခဲ့ကြတယ်၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ ရှေရှည်အတူယှဉ်တွဲနေထိုင်ရေးဟာ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးကဆက်လက် ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
သူ့အနေနှင့် မြန်မာနိုင်ငံကို တရုတ်ကဆက်လက်ထောက်ခံအားပေးလိမ့်မယ်လို့ယုံကြည်ပြီး ပြင်ပဝင်ရောက်စွက်ဖက်မှုကို စောင့်ကြပ်ရာမှာနှင့် ပြည်တွင်းတည်ငြိမ်ရေးထိန်းသိမ်းရာမှာ မြန်မာကိုကူညီလိမ့်မယ်လို့လည်းယုံကြပါတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံတကာမျက်နှာစာမှာ လောကဓံကိုကြံကြံ့ခိုင်နိုင်ခဲ့ပြီး အချိန်နှင့်အမျှ ပိုပြီးခိုင်မာတောင့်တင်းလာပါတယ်လို့ ဝမ်ယိက ပြန်လည်ပြောကြားပါတယ်။
တရုတ်နိုင်ငံဟာ ယင်းရဲ့ အိမ်နီးချင်းသံတမန်ရေးရာမှာ တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေး ကို အရေးကြီး အနေအထားအဖြစ် အမြဲထားရှိတယ်လို့လည်းဝမ်ကပြောပါတယ်။
အေးအတူပူအမျှ တရုတ်-မြန်မာအသိုက်အဝန်းတည်ဆောက်ရာမှာ သိသာထင်ရှားတဲ့ရလာဒ်တွေပိုမိုရရှိစေဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနှင့်လက်တွဲဆောင်ရွက်လိုတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ဝမ်ယိဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာရောက်ရှိခဲ့ပြီးနောက် ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတက်ဖို့ထိုင်းနိုင်ငံကိုဆက်လက်သွားရောက်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရုတ်၊ လာအို၊မြန်မာနှင့်ထိုင်း နိင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့လည်းရှိနေပါတယ်။
Ref: Xinhua
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အနီးတစ်ဝိုက်ကျေးရွာတွေမှာရေကြီးနစ်မြုပ်ပြီး ပိတ်မိသူဒေသခံတွေကို ဆက်လက်ကယ်ထုတ်နေသလို ကရင်ပြည်နယ် ဘားအံမြို့တစ်ဝိုက်မှာလည်း သံလွင်မြစ်ရေမြင့်တက်တာကြောင့် ရေကြီးနစ်မြုပ်တာတွေရှိနေပြီလို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
#Local_News
Published 14 September 2024
#ပိတ်မိသူဒေသခံတွေကိုကယ်ထုတ် #သံလွင်မြစ်ရေဆက်တက်
#YMG/NN #Yangon_Times