#World_Health
Published 13 October 2025
■ ဒူးတွေက အရေးအကြီးဆုံးအဆစ်တွေထဲမှာ ပါဝင်ပြီး ယခုအချိန်မှာ ဂရုစိုက်ပေးရင် နောင်အချိန်မှာ အကျိုးရှိလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေ ပြောနေကြပါတယ်။
■ အသက် ၃၀ လောက်ဆိုရင်ပင် ရာသီဥတုအပြောင်းအလဲ၊ မနက်အိပ်ရာထချိန် တောင့်တင်းတဲ့အခါ ဒူးကိုက်တတ်တာကို ခံစားမိမှာပါ။
■ လှုပ်ရှားမှုများလွန်းလို့ ဒူးနာတယ်ဆိုတာ မှန်သလို ကိုယ်အလေးချိန်များခြင်း၊ ကိုယ်ခံအားရောဂါများ၊ မျိုးဗီဇတို့ကြောင့်လည်း ဒူးပြဿနာ ဖြစ်နိုင်ပါတယ်။
■ လူကြီးတွေမှာ ခါးကိုက်ခါးနာဝေဒနာပြီးရင် ဒူးနာခြင်းက အဖြစ်အများဆုံးဖြစ်ပြီး နေ့စဉ်ဘဝနေထိုင်မှုကို သက်ရောက်စေပါတယ်။
■ ဒူးက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အခရာအကျဆုံးအဆစ်တွေထဲက တစ်ခုဖြစ်ပြီး ခြေလှမ်းလှမ်းလိုက်တိုင်းမှာ ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးကို ထမ်းထားရတယ်လို့ မိုင်ယိုဆေးရုံမှ အရိုးအထူးကု အန်နီကာချာဘရာက ပြောပါတယ်။
■ ဒူးကိုဖုံးထားတဲ့ ကြွက်သားတွေ ကောင်းကောင်းအလုပ်မလုပ်တော့တဲ့အခါ ဒူးအပေါ်ပိုပြီး ဖိအားပိုစေသဖြင့် ဒူးနာရတာ ဖြစ်ပါတယ်။
■ အဆိုပါ ကြွက်သားတွေကို သန်စွမ်းအောင် လေ့ကျင့်ပေးပါက ဒူးအရွတ်တွေ ချို့ယွင်းလာခြင်းမှ ကင်းဝေးစေပြီး ဒူးရောဂါတွေမှ ကာကွယ်ပေးပါတယ်။
■ လှေကားထစ်ပေါ် တက်လိုက်ဆင်းလိုက် ပြုလုပ်ခြင်း၊ ထိုင်ထလုပ်ခြင်း၊ ခြေတစ်ဖက်ဆန့်ထားခြင်း၊ ခြေသလုံးမြှောက်ခြင်း၊ ဘာကိုမှအားမပြုဘဲ ထိုင်ခုံမှထခြင်း စတဲ့လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါတယ်။
■ ဒူးလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပြီး အရွတ်သန်မာစေခြင်း၊ ကြွက်သားနဲ့ အရိုးသိပ်သည်းမှုဆုံးရှုံးခြင်းတို့ကို လျှော့ချပေးခြင်းတို့ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
■ ဒူးလေ့ကျင့်ခန်းလုပ်ရာမှာလည်း နည်းလမ်းမှန်မှန် ပြုလုပ်ပေးပါမှ ထိခိုက်ဒဏ်ရာရခြင်း မဖြစ်မှာပါ။
Source: BBC.
#World_Health
Published 12 October 2025
■ မိုက်ခရိုပလတ်စတစ်အမှုန်တွေကို လူသားတွေ စားမိသောက်မိရှူရှိုက်မိနေပြီး လူတွေရဲ့ အညစ်အကြေး၊ အချင်း၊ မျိုးပွားအင်္ဂါနဲ့ ဦးနှောက်တို့ထဲမှာ တွေ့နေရပါတယ်။
■ အခုဆိုရင် ဒီအမှုန်တွေကို အရိုးတွေထဲမှာလည်း တွေ့ရှိထားပါတယ်။
အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်တွေဟာ အရိုးကျန်းမာရေးကို နည်းလမ်းမျိုးစုံနဲ့ ထိခိုက်စေတယ်လို့ လေ့လာချက် ၆၂ ခုမှာ တွေ့ရှိထားပါတယ်။
■ မိုက်ခရိုပလတ်စတစ်တွေက အရိုးတစ်ရှူးတွေအထိ ရောက်ရှိနိုင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို နှောင့်ယှက်စေနိုင်တယ်လို့ ဘရာဇီးလ် ကမ်ပီနက်စ်ပြည်နယ်တက္ကသိုလ်မှ သိပ္ပံပညာရှင် ရိုဒရီဂိုဗျူနိုဒီအိုလီဗီရာက ပြောပါတယ်။
■ တိရိစ္ဆာန်လေ့လာချက်တွေထဲမှာ ပလတ်စတစ်မှုန်တွေက အရိုးဖွံ့ဖြိုးမှုကို လျော့ကျစေနိုင်တယ်လို့ တွေ့ထားပါတယ်။
■ အော်စတီယိုကလက်စ်ဆိုတဲ့ ဆဲလ်တွေက အရိုးဖွံ့ဖြိုးမှုနဲ့ ပြုပြင်ခြင်းကို အားပေးတာဖြစ်ပြီး ပလတ်စတစ်မှုန်တွေ နှောင့်ယှက်တာ ခံရတဲ့အခါ အရိုးဖွဲ့စည်းမှုများ အားနည်းသွားစေပြီး အရိုးများ ထိလွယ်အက်လွယ်လာပါတယ်။
■ ပလတ်စတစ်မှုန်တွေက ဆဲလ်လှုပ်ရှားနိုင်စွမ်းကို ချို့ယွင်းစေကာ ဆဲလ်အိုမင်းခြင်းကို မြန်ဆန်စေပြီး ဆဲလ်ကွဲခြင်းကိုလည်း ပြောင်းလဲစေတယ်လို့ ရှင်းပြပါတယ်။
■ ဒီဆိုးကျိုးတွေက တိရိစ္ဆာန်တွေရဲ့ အရိုးငြမ်းဖွံ့ဖြိုးမှုကို နှောင့်ယှက်စေတာ တွေ့ရပါတယ်။
■ လူသားတွေရဲ့အရိုးမှာ ဘယ်လိုဖြစ်မလဲ မသေချာပေမယ့် ပလတ်စတစ်မှုန်တွေက အရိုးကြွပ်ဆတ်ခြင်း၊ ကွဲအက်လွယ်ခြင်းတို့ ဖြစ်လာနိုင်စေမယ်လို့ သုတေသီများ ယူဆနေကြပါတယ်။
Source: Science Alert.
#World_Science
Published 12 October 2025
■ အချို့မှတ်ဉာဏ်တွေက ထူးထူးဆန်းဆန်း ထင်ရှားမှတ်မိပြီး အချို့ဟာတွေက ဝေဝါးနေတတ်ပါတယ်။
■ ဘော့စတွန်တက္ကသိုလ်မှာ ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ ဒီအကြောင်းကို ရှင်းပြထားပြီး ဦးနှောက်က စိတ်ခံစားချက် သိသာထင်ရှားမှုနဲ့ နောက်ကွယ်က ဖြစ်စဉ်ပေါ်မူတည်ပြီး အချို့သော အဖြစ်အပျက်တွေကို ဦးစားပေးကြောင်း တွေ့ရှိခဲ့ပါတယ်။
■ စမ်းသပ်ပါဝင်သူ ၆၅၀ ခန့်ကို စမ်းသပ်မှု ၁၀ ခုပြုလုပ်ခဲ့ရာမှာ ဦးနှောက်က စိတ်ခံစားမှု ထင်ရှားတဲ့ အဖြစ်အပျက်တွေရဲ့ မှတ်ဉာဏ်တွေကို ရွေးချယ်အားကောင်းစေပြီး ဒါကို မှတ်ဉာဏ်မြှင့်တင်ခြင်းလို့ ခေါ်ပါတယ်။
■ ဦးနှောက်က မှတ်ဉာဏ်အပိုင်းအစတွေကို ခိုင်မြဲစေပြီး အနာဂတ်မှာ ပြန်လည်အသုံးချအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။
■ စိတ်ခံစားမှုအဖြစ်အပျက်တွေက ဦးနှောက်လှုပ်ရှားပုံကို ပြောင်းလဲစေပြီး မှတ်ဉာဏ်အပိုင်းအစတွေကို ခိုင်မြဲစေပါတယ်။
■ စိတ်ခံစားမှုအဖြစ်အပျက် ဖြစ်ပြီးနောက် ပေါ်လာတဲ့ မှတ်ဉာဏ်တွေက အဖြစ်အပျက် ဘယ်လောက်ထင်ရှားလဲပေါ် မူတည်ပြီး အားကောင်းသွားစေပါတယ်။
■ ဒီတွေ့ရှိချက်ကို အနာဂတ်မှာ အသုံးချသွားနိုင်မယ်လို့ သုတေသနအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
■ စိတ်ခံစားမှုအကြောင်းအရာတွေက မှတ်ဉာဏ်ချို့ယွင်းလာသူတွေမှာ မှတ်ဉာဏ်ကွယ်ပျောက်လာခြင်းကို ကယ်တင်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်နေပါတယ်။
■ အချို့မှတ်ဉာဏ်တွေ ထင်ရှားပြီး အချို့က ပျောက်ကွယ်ရတဲ့ အကြောင်းအရင်းကို အဖြေရှာနေကြပြီး မှတ်ဉာဏ်က ကျပန်းရွေးမှတ်မိတာမျိုးမဟုတ်ဘဲ စနစ်တကျ ရွေးချယ်တာမျိုး ဖြစ်တယ်လို့ သုတေသနမှာ ယူဆထားပါတယ်။
■ ဒီဖြစ်စဉ်တွေကနေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကဏ္ဍတို့မှာ အသုံးချသွားနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။
Source: Times of India.
တရုတ်ကော်ဖီဆိုင်လုပ်ငန်း Luckin က ပြည်တွင်းဈေးကွက်လွှမ်းမိုးပြီးနောက် အမေရိကန်မှာ လုပ်ငန်းတိုးချဲ့ရန် ကြိုးပမ်းနေတာကြောင့် ဂျာဗားအတွက် ထိုးနှက်ချက်ဖြစ်နေပါတယ်။
#World_Business
Published 11 October 2025
#တရုတ်ပြည်တွင်း #ကော်ဖီ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 11 October 2025
■ အိန္ဒိယမှ အမျိုးသားပြတိုက် ညွှန်ကြားရေးမှူးချုပ် ဂါမိဆင်းချော်လာနဲ့ အိန္ဒိယသံဃာတော်မြတ် ၁၁ ပါးပါဝင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှား
■ ကယ်မီကီယာသို့ ပင့်ဆောင်တော့မယ့် ဂေါတမဗုဒ္ဓဓာတ်တော်မွေတော်များကို ရှိခိုးကန်တော့ခဲ့ကြပါတယ်။
■ ဂေါတမဗုဒ္ဓဓာတ်တော်မွေတော်များကို မြို့တော်အယ်လစ္စတာမှာ အောက်တိုဘာ ၁၁ ရက်နေ့ ၁၈ ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။
■ ယဉ်ကျေးမှုဝန်ကြီးဌာနက နိုင်ငံတကာ ဗုဒ္ဓကွန်ဖက်ဒရေးရှင်း၊ အမျိုးသားပြတိုက်၊ အင်ဒီရာဂန္ဒီအနုပညာအမျိုးသားဌာနတို့နဲ့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။
■ ဓာတ်တော်မွေတော်တွေကို ကိုအယ်လစ္စတာရှိ စကြာမုနိဗုဒ္ဓရွှေဗိမာန်ကျောင်းတော်မှာ တည်ထားကိုးကွယ်မှာ ဖြစ်ပါတယ်။
■ အိန္ဒိယသံဃာတော်မြတ် ၁၁ ပါးအဖွဲ့က ဒေသခံကိုးကွယ်သူများအတွက် တရားရေတိုက်ကျွေးသွားမှာ ဖြစ်သလို ဘာသာတရားတာဝန်များလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
■ ဓာတ်တော်မွေတော်တွေကို ကယ်မီကီယာမှ ဗုဒ္ဓသာသနာအဖွဲ့ဝင် အကြီးအကဲတွေ လက်ခံသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တည်ထားကိုးကွယ်မယ့် နေရာက ထင်ရှားတဲ့ တိဗက်ဗုဒ္ဓကျောင်းတော်ကြီးဖြစ်ပြီး ၁၉၉၆ က စတင်ဖွင့်လှစ်ထားပါတယ်။
■ သာသနာ့ကိုယ်စားလှယ်အဖွဲ့က ဒီရက်သတ္တပတ်အတွင်း အခြားကိစ္စရပ်များလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Source: ANI
#World_Health
Published 11 October 2025
▪️ သစ်သီးတွေထဲမှာ လူကြိုက်များတဲ့ ပန်းသီးက အရသာရှိသလို ဝါးရလွယ်ကူတဲ့အပြင် အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။
▪️ ပန်းသီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း လူတွေသိပ်မသိတာ ရှိပါတယ်။
▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပိုလီဖီနော၊ ဖလေဗိုနော၊ အန်သိုဆိုင်ယာနင်တို့က ဓာတ်တိုးထိခိုက်ခြင်းကို တိုက်ခိုက်ပေးသလို နှလုံးရောဂါ၊ ကင်ဆာ၊ ရောင်ရမ်းခြင်းတို့ကို လျှော့ချပေးပါတယ်။
▪️ အပင်အခြေပြုအမျှင်ဓာတ် (ပပ်တင်) သကြားနဲ့ ကိုလက်စထရောမျှတစေကာ အစာခြေစနစ်ကောင်းစေပါတယ်။
▪️ အမျှင်ဓာတ်နဲ့ ပိုလီဖီနော ပေါင်းစပ်ခြင်းကြောင့် သကြားဓာတ်ပမာဏ ညီညွတ်စေပြီး နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်စေပါတယ်။
▪️ ဗိုက်တာမင်နဲ့ သတ္တုဓာတ်များ အဓိကအားဖြင့် ဗိုက်တာမင်-စီ၊ ဘီ-ဗိုက်တာမင်များ၊ မဂ္ဂနီဆီယံတို့ ပါဝင်ပါတယ်။
▪️ ခံတွင်းကျန်းမာရေး ပန်းသီးတစ်ကိုက်စားလျှင်ပင် ခံတွင်းရှင်းစေပြီး ဘက်တီးရီးယားများမှ ကာကွယ်ပေးပါတယ်။
▪️ ပန်းသီး အနီရောင်၊ အစိမ်းရောင် ဘယ်လိုမဆို အာဟာရဓာတ် မကွာခြားဘဲ အချိုအချဉ်အရသာလည်း မကွာခြားလှပါဘူး။
▪️ ပန်းသီးစားတဲ့အခါ အခွံပါစားသုံးသင့်ပြီး ထမင်းစားပြီးကြားချိန်တွေမှာ စားသုံးနိုင်ပါတယ်။
Source: The Jerusalem Post.
#World_Health
Published 11 October 2025
▪️ တိုင်လီနော(Tylenol)ဆေးမှာ ပါဝင်တဲ့ အက်ဆီတာမီနိုဖန်ဟာ ကိုယ်ဝန်ဆောင်တွေမှာ မွေးလာတဲ့ကလေး အော်တစ်ဇင်ဖြစ်ခြင်းနဲ့ ဆက်စပ်နေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ရှောင်ရှားသင့်တယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အဆိုကို ကမ္ဘာတဝှမ်းမှ ကျန်းမာရေးအရာရှိများ ငြင်းဆန်နေကြပါတယ်။
▪️ ရရှိထားတဲ့ သက်သေအထောက်အထားတွေထဲမှာ ကိုယ်ဝန်ဆောင်ချိန်အတွင်း ပါရာစီတမောအသုံးပြုခြင်းနဲ့ အော်တစ်ဇင်ဖြစ်ခြင်းတို့ကြား ဆက်စပ်မှုမရှိဘူးလို့ တွေ့ရှိရကြောင်း ဥရောပဆေးဝါးအေဂျင်စီက ထုတ်ပြန်ထားပါတယ်။
▪️ အက်စီတာမီနိုဖန်က ပါရာစီတမောလို့လည်း အကျယ်တဝင့် ခေါ်ဝေါ်ကြပါတယ်။
▪️ ကိုယ်ဝန်ဆောင်တွေမှာလည်း ပါရာစီတမောဟာ ကိုက်ခဲခြင်း ဖျားနာခြင်းတို့ကို လိုအပ်သလို အသုံးပြုကုသသင့်တယ်လို့ ဥရောပဆေးဝါးကွပ်ကဲရေးက လမ်းညွှန်ဖော်ပြထားပါတယ်။
▪️ ဒေါ်နယ်ထရမ့်က ကိုယ်ဝန်ဆောင်တွေ အကိုက်အခဲပျောက်ဆေး အသုံးပြုခြင်းက နောက်ပိုင်းမှာ အော်တစ်ဇင်ဖြစ်ခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သုတေသနယူဆချက်ကို ထောက်ပြထားပါတယ်။
▪️ WHO မှ ပြောရေးဆိုခွင့်ရှိသူ တာရစ်ဂျာဆာရဲဗစ်က ဒီအဆိုကို လက်မခံဘဲ လေ့လာချက်အများအပြား ပြုလုပ်ပြီးနောက် ထိုကဲ့သို့ဆက်စပ်မှုမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။
▪️ နောက်ထပ်ပြီးတော့ ကာကွယ်ဆေးတွေဟာလည်း အော်တစ်ဇင်ဖြစ်နိုင်တယ်လို့ ထရမ့်အဆိုပြုထားတဲ့အပေါ် ကျန်းမာရေးအာဏာပိုင်များ အပြင်းအထန် ငြင်းဆိုထားကြပါတယ်။
▪️ ယူကေ၊ ဩစတြေးလျ၊ စပိန်နဲ့ အခြားနိုင်ငံများမှ ကျန်းမာရေးအရာရှိများက ထရမ့်ရဲ့ထုတ်ပြန်ချက်တွေကို ဝေဖန်လိုက်ကာ ဆေးသိပ္ပံအပေါ် ယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။
Source: NPR.
Page 98 of 1145