Published_ 10 August 2023
- ဝက်စ်ဟမ်းအသင်းသည် ဟန်ယူနောက်ခံလူ မက်ဂွိုင်းယားအား ပေါင်သန်း၃၀ဖြင့်လည်းကောင်း၊ဆောက်သမ်တန်မှအင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဝပ်ပရောက်စ်အား လည်းကောင်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး အေဂျက်ကွင်းလယ်လူ အယ်ဗာရက်ဇ်အားလည်းခေါ်ယူရန် သဘောတူညီခဲ့ပြီဖြစ်သည်။
- အာဆင်နယ်အသင်းသည် ဘရန့်ဖို့ဒ်ရိုးသမားဒေးဗစ်ရာယာအားပေါင်သန်း ၃၀ဖြင့်အပြီးသတ်ခေါ်ယူခဲ့ပြီး အသင်းမှ အရန်ဂိုးသမား မက်တာနာ အားနော့တင်ဟမ်ဖောရက်စ်သို့ ပေါင်၁၀သန်းဖြင့်ရောင်းချခဲ့သည်။
- မန်စီးတီးအသင်းသည် ၀က်စ်ဟမ်းမှ ဘရာဇီးလက်ရွေးစင် ကွင်းလယ်လူပါကေတာ အား ပေါင်း သန်း ၇၀ ဖြင့် ကမ်းလှမ်းခဲ့ပြီးကစားသမားကလည်းမန်စီးတီးသို့ပြောင်းရွှေ့ရန်လိုလားနေသည်ဟုသိရသည်။
-လက်စတာအသင်းသည် ချယ်လ်ဆီးမှ အီတလီလူငယ်ကွင်းလယ်လူ ကာဆာဒိုင်းအား အငှားစာချုပ်ဖြင့်ခေါ်ယူခဲ့သည်။
-မန်ယူအသင်းသည် ထွက်ခွာသွား ပေါနောက်ခံလူ မက်ဂွိုင်းယား၏နေရာတွင် အစားထိုးရန် ဘိုင်ယန်မြူးနစ်နောက်ခံလူပါဗက်၊ လေဗာကူဆင်နောက်ခံလူတက်ဆိုဘာနှင့် နိုက်စ်နောက်ခံလူတိုဒီဘိုတို့ကိုစောင့်ကြည့်လျက်ရှိသည်။
- အာဆင်နယ်တိုက်စစ်မှူး ဂျေဇူးနှင့်ယခုရာသီတွင် အသစ်ပြောင်းရွှေ့လာကြသည့် မန်ယူတိုက်စစ်မှူးဟွိုင်လန်း ချယ်လ်ဆီးတိုက်စစ်ကစားသမား အန်တွန်ကူတို့သည်ဒဏ်ရာပြဿနာများကြောင့် ရာသီအစ ပွဲစဉ်အချို့ကိုလွဲချော်ရတော့မည်ဖြစ်သည်။
- လီဗာပူးအသင်းက ခေါ်ယူရန်ကြိုးပမ်းနေသည့်ဆောက်သမ်တန်မှဘယ်လ်ဂျီယံ ကွင်းလယ်လူ လာဗီယာမှာ ပေါင်သန်း၅၀တန်ကြေးမရှိကြောင်းအသင်းနောက်ခံလူဟောင်းကာရေဂါကဝေဖန်ပြောကြားခဲ့သည်။
- ဘိုင်ယန်မြူးနစ် သည် ချယ်လ်ဆီး ဂိုးသမား ကီပါအား ခေါ်ယူရန် ကမ်းလှမ်းထားပြီး လက်ရှိ ဂိုးသမားကြီးနျူအာမှာ နောက်ထပ်၈ပတ်မှ ၁၀ပတ်အထိ ထပ်မံအနားယူရဦးမည်ဟု ဆိုသည်။
- ဆော်ဒီကလပ် အယ်ဟီလယ်သည် အက်သလက်တီကိုတိုက် စစ်မှူး ယာအိုဖိလစ်အား အငှားဖြင့် ခေါ်ယူရန်စိတ်ဝင်စားနေပြီး ကစားသမားက မူဘာစီလိုနာသို့ ပြောင်းရွှေ့လိုနေသည်။
-မန်စီးတီးအသင်းသည် အဓိကကစားသမားများဖြစ်သော ဘာနာဒိုဆေးလ်ဗားနှင့် ပေါ့တာတို့ကို စာချူပ်သစ်များ သက်တမ်းတိုးနိုင်မည်ဟုယုံကြည်နေသည်။
#World_Sport
#ဥရောပ #ဘောလုံးအပြောင်းအရွှေ့ #နောက်ဆုံးရသတင်းများ
#YMG #Yangon_Times
Published 10 August 2023
ကွန်ပျူတာချစ်ပ်များကဲ့သို့ အရေးကြီးနည်းပညာပိုင်းတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရှိ အမေရိကန် ရင်းနှီးမြှုပ်နှံမှုအသစ်တချို့ကို တားမြစ်ရန်နဲ့ အခြားနည်းပညာကဏ္ဍတွေမှာ အစိုးရထံ အသိပေးရန် လိုအပ်လာမယ့် အမိန့်ကို သမ္မတ'ဂျိုးဘိုင်ဒင်'က ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အချိန်ကြာမြင့်စွာ စောင့်မျှော်နေခဲ့တဲ့ အမိန့်ဟာ တရုတ်အဖွဲ့အစည်းများရှိ ကဏ္ဍ ၃ ရပ်ဖြစ်တဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ မိုက်ခရိုအီလက်ထရွန်နစ်၊ ကွမ်တန်အချက်အလက် နည်းပညာများ၊ ဉာဏ်ရည်တုစနစ်များတို့မှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ရန် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကို ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
ထိုအမိန့်ဟာ တရုတ်စစ်ရေး ခေတ်မီတိုးတက်လာစေရန် ထောက်ကူပြီး အမေရိကန် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ တရုတ်နည်းပညာများ ဖွံ့ဖြိုးလာအောင် အမေရိကန် အရင်းအနှီးရှင်များနဲ့ ကျွမ်းကျင်ပညာရှင်များ ကူညီနေခြင်းမှ ကာကွယ်ရန် ရည်ရွယ်တာဖြစ်ပါတယ်။
ထိုရည်ရွယ်ချက်ထဲမှာ ပုဂ္ဂလိက အစုရှယ်ယာများ၊ ဖက်စပ်မတည်ငွေများ၊ ဖက်စပ်လုပ်ငန်းများ၊ သန့်စင်သောဆောက်လုပ်မှု ရင်းနှီးမြှုပ်နှံမှုများကို ပစ်မှတ်နေတာ ဖြစ်ပါတယ်။
ဘိုင်ဒင်က ကွန်ဂရက်သို့ပေးတဲ့ စာတစ်စောင်မှာ စစ်တပ်၊ ထောက်လှမ်းရေး၊ ဆိုက်ဘာစွမ်းရည်များအတွက် အရေးကြီးတဲ့ နည်းပညာများနဲ့ ထုတ်ကုန်များကို တရုတ်လိုမျိုး ခြိမ်းခြောက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်အရေးပေါ် အခြေအနေတစ်ရပ် ကြေညာထားပါတယ်။
တရုတ်ဘက်ကတော့ ထိုအမိန့်နဲ့ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်းနဲ့ ထိုကဲ့သို့ ဆောင်ရွက်ချက်များကို လက်ခံသင့်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
အမိန့်ကြောင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်မှု၊ ဆုံးဖြတ်ချက်ချခြင်းများကို သက်ရောက်စေပြီး နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်မှုအမိန့်ကို ထိခိုက်စေကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အမေရိကန်အနေနဲ့ ဈေးကွက်စီးပွားရေးနဲ့ တရားမျှတသော ယှဉ်ပြိုင်မှုနိယာမကို လေးစားလိုက်နာကာ ကမ္ဘာ့စီးပွားရေး၊ ကုန်သွယ်ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ နှောင့်ယှက်ခြင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် အတားအဆီးများ ချမှတ်ခြင်းတို့မှ ရှောင်ကြဉ်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်က ယင်းတို့နိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များ ချမှတ်ခြင်းအပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်းနဲ့ အပြင်းအထန် မကျေနပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ကွန်ပျူတာချစ်ပ်တွေနဲ့ ပစ္စည်းကိရိယာများ ထုတ်လုပ်ရန်အတွက် ဆော့ဖ်ဝဲလ်များရေးဆွဲရန် တရုတ်ကုမ္ပဏီများအပေါ် ရင်းနှီးမြှုပ်နှံမှုကို အာရုံစိုက်ထားပါတယ်။
ထိုကဏ္ဍတွေမှာ အမေရိကန်၊ ဂျပန်၊ နယ်သာလန်တို့က လွှမ်းမိုးထားကာ တရုတ်အစိုးရက ပြည်တွင်းဖြစ် အခြားနည်းလမ်းများ ဆောက်လုပ်ရန် လုပ်ဆောင်နေပါတယ်။
ဘိုင်ဒင်ရဲ့အမိန့်ဟာ အချို့သော သဘောတူညီချက်များကို တားမြစ်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများရဲ့ အစီအစဉ်များကို အစိုးရထံ အသိပေးရန် လိုအပ်လာမှာ ဖြစ်ပါတယ်။
Source: Reuters
#World_News
#တရုတ်နိုင်ငံ #အမေရိကန်နည်းပညာ #ရင်းနှီးမြှုပ်နှံမှု # ဘိုင်ဒင်
#YMG #Yangon_Times
Published_ 10 August 2023
လူတွေက သူတို့ရဲ့ အနံ့အာရုံခံစားနိုင်မှုကို တန်ဖိုးမထားကြဘဲ လျစ်လျူရှုထားတတ်ကြပါတယ်။
သင့်လျော်တဲ့ရနံ့တွေက အိုမင်းလာတဲ့ ဦးနှောက်တွေကို နိုးကြားစေပြီး တက်ကြွလန်းဆန်းနေစေမှာ ဖြစ်ပါတယ်။
သင်းပျံ့တဲ့ရနံ့နဲ့ လေရောစပ်တဲ့အခါ ဦးနှောက်ထဲမှာ မှတ်ဉာဏ်ပိုင်းနဲ့ ဆုံးဖြတ်ချက်ချခြင်းနေရာများကြား ချိတ်ဆက်မှုကို မြှင့်တင်ပေးကာ မှတ်ဉာဏ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အထောက်အထားဖြင့် ဖော်ပြလိုက်ပါတယ်။
အသက် ၆၀ မှ ၈၅ နှစ်အတွင်းရှိ လူ ၄၃ ဦးကို စမ်းသပ်ခဲ့ရာ ညမအိပ်ခင် အိပ်ခန်းထဲမှာ မတူညီသောရနံ့များ ရောစပ်ပျံ့နှံ့စေတဲ့အခါ မှတ်ဉာဏ်ကျဆင်းမှုနဲ့ ဒီမန်ရှာကဲ့သို့ အခြေအနေတွေကို နှောင့်နှေးစေနိုင်တယ်လို့ ပြသနိုင်ခဲ့ပါတယ်။
စမ်းသပ်သူတိုင်းကို အတောင့်တစ်တောင့်စီတိုင်းမှာ မတူညီတဲ့ သဘာဝရနံ့ဆီတစ်မျိုးစီ ပါဝင်တဲ့ အနံ့ရောစပ်ထုတ်လွှင့်တဲ့စက်ဖြင့် အသုံးပြုစေခဲ့ပါတယ်။
တစ်ဖွဲ့ကို အနံ့အပြည့်ပါတဲ့ အတောင့်များဖြင့် စမ်းသပ်ပြီး သာမန်အဖွဲ့မှာတော့ အနံ့အနည်းငယ်သာ ပါဝင်ပါတယ်။
စမ်းသပ်ခံသူတွေက ညတိုင်းအိပ်ရာမဝင်ခင်မှာ စက်ထဲသို့ မတူညီတဲ့အနံ့တောင့်များ ထည့်သွင်းပြီး ၂ နာရီကြာအောင် ထွက်ရှိစေပါတယ်။
ဦးနှောက်က မီးခိုးရောင်သားနေရာဟာ မြင်ကွင်းများ အသံများကိုအာရုံခံပေးပါတယ်။
သာမန်စမ်းသပ်အဖွဲ့ထက် အနံ့ပြည့်ဝစွာဖြင့် စမ်းသပ်ခံရတဲ့အဖွဲ့က မှတ်ဉာဏ်စွမ်းဆောင်ရည်ပိုင်းမှာ ၂၂၆ ရာခိုင်နှုန်း မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။
ဇီဝကမ္မနည်းအရ လူတွေရဲ့ အနံ့ခံနိုင်စွမ်းက ဦးနှောက်က မသိနိုင်ခင်မှာပဲ ပျောက်ကွယ်သွားတတ်ပါတယ်။
အနံ့အာရုံဆုံးရှုံးခြင်းက ဦးနှောက်ဆဲလ်များ ယုတ်လျော့လာပြီး အနံ့အာရုံနဲ့ အာရုံကြောလုပ်ဆောင်ချက်များကြား ဆက်စပ်မှုကြီးကို ညွှန်ပြနေပါတယ်။
အနံ့ခံအာရုံဆုံးရှုံးခြင်းကြောင့် အာရုံကြောနဲ့ စိတ်ရောဂါပေါင်း ၇၀ နီးပါး ဖြစ်လာနိုင်တာကို ခန့်မှန်းနိုင်တယ်လို့ သိပ္ပံပညာရှင်များ အရင်ကတည်းက သိထားခဲ့ပါတယ်။
သာလာမတ်စ်ကို အရင်ဆုံးဖြတ်သန်းသွားတဲ့ အခြားအာရုံတွေလိုမဟုတ်ဘဲ အနံ့ခံအာရုံဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်ပတ်လမ်းများနဲ့ တိုက်ရိုက်ချိတ်ဆက်မှုရှိနေကြောင်း ဖော်ပြနေပါတယ်။
Source: India Today
#World_Health
#YMG #Yangon_Times
'မာရီယန်ဒူဘူအစ်'က မှန်ဘီလူးကိုအသုံးပြုကာ စက္ကူကိုသေသပ်တိကျစွာ ပိုင်းဖြတ်နေပြီး ဘဝနဲ့လူသားတိုရဲ့ စိတ်ခံစားမှုရုပ်ပုံများကို ထွင်းနေပါတယ်။
အသက် ၆၄ နှစ်ရှိ ဒီဇိုင်နာဟာ ဆွစ်ဇာလန်ရိုးရာ စက္ကူဖြတ်ခြင်းအနုပညာကို ပြန်လည်ဆန်းသစ်တီထွင်နေကာ ကဗျာနဲ့ ခေတ်မီမှုများစွာကို ပေါင်းထည့်နေတာ ဖြစ်ပါတယ်။
#World_Art
#Published_ 9 August 2023
#YMG #Yangon_Times
#Daily_News
Published_ 9 August 2023
၁။ သထုံ-ရန်ကုန်အဝေးပြေးလမ်းတွင် ရေကြီးနေသဖြင့် ယခုရက်ပိုင်းအတွင်း ဖြတ်သန်းမသွားသင့်ဟု သတိပေး
၂။ အာဆီယံနှင့်ပူးပေါင်းပြီး မြန်မာအမျိုးသားဥယျာဉ်များတွင် Smartနည်းပညာဖြင့် တောတွင်းကင်းလှည့်ခြင်းများ ဆောင်ရွက်နေ
၃။ ဆော်လမွန်ကျွန်းစုအသင်းကို မြန်မာအသင်း က ၆ဂိုး ၂ဂိုး ဖြင့် အနိုင်ရရှိ
၄။ ရိုးရာလက်ရာများအတိုင်း စက္ကူရုပ်ပုံများ ဖြတ်တောက်ဖန်တီးလျက်ရှိသည့် ဆွစ်ဇာလန်စက္ကူဖြတ်အနုပညာရှင် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 9 August 2023
အင်ဒိုနီးရှားမှာ အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုကြုံတွေ့နေပြီး ဆူနာဒီနေထိုင်တဲ့ရွာမှာ မိုးမရွာတာ ၄ လကြာမြင့်ခဲ့ပြီဖြစ်ကာ ဆေးရွက်ကြီးစိုက်ပျိုးသူအနေဖြင့် ရေရရှိရန်မှာ မြစ်ရေခြောက်သွေ့နေတဲ့ မြစ်ကြမ်းပြင်ကို တူးဖော်ဖို့သာ ရှိပါတယ်။
တစ်နာရီ နှစ်နာရီလောက်နေတဲ့အခါ ရေငန်နဲ့ ရွှံ့တွေက တူးဖော်ထားတဲ့အပေါက်မှာ ပြည့်တက်လာပါတယ်။
ဂျာဗာအလယ်ပိုင်း ကာရန်ဂန်ယာရွာရှိ ဆူနာဒီနဲ့ အခြားရွာသူရွာသားများဟာ သောက်သုံးရန်၊ ဆေးကြောရန်၊ တဖြည်းဖြည်းသေဆုံးလာတဲ့ ကောက်ပဲသီးနှံများကို ရေလောင်းရန် ရေကိုအိမ်သို့ သယ်ဆောင်သွားကြပါတယ်။
"ဒီရွာမှာ ဧပြီလကတည်းက မိုးခေါင်ရေရှားနေပြီး အခုအချိန်ထိ မိုးမရွာသေးပါဘူး။ ဒီဒေသက ရေတွင်းတွေ ခန်းခြောက်ကုန်ပြီး ဒေသခံတွေက မြစ်ကြမ်းပြင်ကနေသာ ရေကိုရယူကြရပါတယ်" လို့ ဆူနာဒီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒီက စိုက်ပျိုးပင်တွေအားလုံး ညှိုးနွမ်းကုန်ကြောင်း၊ ဆေးရွက်ကြီးတွေက အသက်ရှင်နိုင်ပေမယ့် ကောင်းစွာမကြီးထွားကြောင်း၊ ဒါကြောင့် မြစ်ကြမ်းပြင်ကရတဲ့ ရေနဲ့ ရေလောင်းနေရကြောင်း ပြောပြသွားပါတယ်။
ရေတွင်းများရှိ ရေများခန်းခြောက်သွားတဲ့ ဇွန်လကတည်းက မြစ်ကြမ်းပြင်မှ ရေတူးဖော်နေရပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ကြာရှည်စွာဖြစ်ပေါ်နေစေတဲ့ အယ်လ်နီညိုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ၃ ပုံ ၂ ပုံကျော်ကို သက်ရောက်နေပြီး ဂျာဗာ၊ ကာလီမန်တန်မြောက်ပိုင်း၊ ဆူမာတြာကမ်းရိုးတန်းဒေသတွေ ပါဝင်ကြောင်း အင်ဒိုနီးရှားမိုးလေဝသဌာန (BMKG)က ဆိုပါတယ်။
ထိုဒေသတွေမှာ အင်ဒိုနီးရှားရှိလူဦးရေ သန်း ၂၀၀ ကျော်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း BMKG မှ လက်ထောက်ခေါင်းဆောင် 'အာဒေဆယ်နာဆိုပါဟယ်လူဝါကန်'က ပြောပြခဲ့ပါတယ်။
အယ်လ်နီညိုက ပေကျင်းမှ ရောမမြို့အထိ စံချိန်တင်အပူလှိုင်းများ ဖြစ်ပေါ်စေပြီး သစ်တောမီးလောင်ကျွမ်းမှု အန္တရာယ်များစေကာ စိုက်ပျိုးသီးနှံများကို ထိခိုက်စေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ GDP မှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍက ၁၄ ရာခိုင်နှုန်းနီးပါး ပတ်သက်နေကာ အလုပ်သမားအင်အား ၃ ပုံ ၁ ပုံခန့်က လယ်ယာစိုက်ပျိုးရေးမှာ လုပ်ဆောင်ကြကြောင်း အစိုးရအချက်အလက်များအရ သိရပါတယ်။
Source: CNA
#World_News
#YMG #Yangon_Times
Published_ 9 August 2023
ဝန်ထမ်းတွေ ကွန်ပျူတာအသုံးပြုတဲ့အခါ ဘယ်အချိန်တွေမှာ အလုပ်အဖြစ်ဆုံးလဲ ဘယ်အချိန်တွေမှာ အလုပ်မဖြစ်ဆုံးလဲဆိုတာတွေကို တက္ကဆပ် A&M ပြည်သူ့ကျန်းမာရေးမှ လေ့လာခဲ့ပါတယ်။
ဒီအတွက် စာရိုက်နှုန်း၊ စာမှားရိုက်ခြင်း၊ မောက်စ်အသုံးပြုမှု စတာတွေကို လေ့လာခဲ့ပါတယ်။
စွမ်းအင်ကုမ္ပဏီကြီးတစ်ခုမှ ဝန်ထမ်း ၇၈၉ ဦးရဲ့ ကွန်ပျူတာအသုံးပြုခြင်းကို ၂ နှစ်တိုင် သုတေသီတွေ ဆန်းစစ်ခဲ့ကြပါတယ်။
ဒါ့အပြင် ရက်သတ္တပတ်အတွင်း နေ့အမျိုးမျိုးနဲ့ အချိန်အမျိုးမျိုးတို့မှာ ကွန်ပျူတာအသုံးပြုနှုန်းများကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
ထိုအခါ ဝန်ထမ်းများအလုပ်မဖြစ်ဆုံး အပျင်းရိဆုံးအချိန်ကတော့ သောကြာနေ့ နေ့လယ်အချိန်ဖြစ်နေပါတယ်။
အခြားရက်တွေမှာ ကွန်ပျူတာအသုံးပြုမှု များပေမယ့် သောကြာနေ့တွေမှာတော့ သိသိသာသာကျဆင်းသွားကြောင်း တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ'ထယ်ဟွန်ရို'က ပြောပြခဲ့ပါတယ်။
လူတွေက တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ စာရိုက်ခြင်း၊ မောက်စ်ရွေ့လျားခြင်း၊ အသုံးပြုခြင်း ပိုမိုပြုလုပ်တတ်ပေမယ့် သောကြာနေ့ဆိုရင် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
အမေရိကန်မှ ဝန်ထမ်းပေါင်း ၂ ထောင်ကျော်ကို ဖေဖော်ဝါရီလက စစ်တမ်းကောက်ယူရာမှာတော့ တနင်္လာနေ့ဟာ အလုပ်အဖြစ်ဆုံးနေ့ဖြစ်နေပါတယ်။
အမြန်နှုန်း၊ တိကျနှုန်းတို့ကို အလေးထားတဲ့ ဝန်ထမ်းတွေကတော့ နေ့တစ်နေ့ရဲ့ အစောပိုင်းမှာ ကောင်းစွာလုပ်ဆောင်နိုင်ပါတယ်။
နေ့လယ်အချိန်တွေမှာ တက်ကြွမှုနည်းပါးလာပြီး စာရိုက်ရာမှာ အမှားပိုများလာပါတယ်။
ထိုလေ့လာချက်က အလုပ်ရှင်တွေအနေနဲ့ သူတို့ရဲ့အလုပ်တွေကို ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်ရမလဲဆိုတာကို ချမှတ်နိုင်ဖို့ အကူအညီဖြစ်စေနိုင်မှာဖြစ်ပါတယ်။
အလုပ်တွေကို လိုက်လျောညီထွေဖြစ်အောင် စီမံနိုင်ခြင်းဖြင့် ကုမ္ပဏီတစ်ခုရဲ့ စွမ်းအင်သုံးစွဲမှု၊ အခန်းငှားရမ်းခတွေ သက်သာအောင် ပြုလုပ်နိုင်စွမ်းရှိကြောင်း တက္ကဆပ် A&M မှ လေ့လာမှတ်သားခဲ့ပါတယ်။
Source: NY Post
#World_Science
#YMG #Yangon_Times
Page 524 of 1009