#World_Health
Published 23 July 2023
အက်စ်ပရက်ဆိုကော်ဖီမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက အယ်လ်ဇိုင်းမားရောဂါ ဆိုးရွားလာခြင်းကို ကာကွယ်ပေးနိုင်မယ်လို့ လေ့လာချက်အသစ် တွေ့ရှိထားပါတယ်။
ကော်ဖီသောက်သုံးခြင်းဖြင့် ပါကင်ဆန်နဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကို ကာကွယ်ပေးနိုင်တယ်လို့ စာတမ်းပြုစုထားပါတယ်။
အီတလီနိုင်ငံ ဗာရိုနာတက္ကသိုလ်မှ သုတေသီတွေက အက်စ်ပရက်ဆိုမှ ဒြပ်ပေါင်းတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဆိုးရွားမလာအောင် ပြုလုပ်နိုင်သလားဆိုတာကို စမ်းသပ်ခဲ့ကြပါတယ်။
'တောင်'လို့ခေါ်တဲ့ပရိုတိန်းက ဦးနှောက်ထဲက တည်ဆောက်ပုံတွေ တည်ငြိမ်အောင် ကူညီပေးကာ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ ဦးနှောက်နေရာတွေမှာ အမျှင်တွေအဖြစ် စုပြုံလာပါတယ်။
ဒါပေမဲ့ အာရုံကြောဆဲလ်တွေကြား ဆက်သွယ်မှုကို နှောင့်ယှက်တဲ့အခါ အယ်လ်ဇိုင်းမားလက္ခဏာတွေဖြစ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးမှု၊ ဆုံးဖြတ်ချက်မလုပ်နိုင်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။
အစာမျိုမချနိုင်တာမျိုး၊ အဆုတ်ထဲသို့ အရည်တွေ အစာတွေ ရောက်တာမျိုးတို့မှာ အယ်လ်ဇိုင်းမားကြောင့် အသက်ဆုံးရှုံးနိုင်ပါတယ်။
စမ်းသပ်မှုပြုလုပ်ရာမှာ အက်စ်ပရက်ဆို ဒြပ်ပေါင်းပမာဏများလာတာနဲ့အမျှ တောင်ပရိုတိန်းအမျှင်များ တိုတောင်းလာကာ အစုလိုက်မဖြစ်တော့ဘဲ အယ်လ်ဇိုင်းမားရောဂါကို နှောင့်နှေးရပ်တန့်သွားစေနိုင်ပါတယ်။
နောက်ထပ်သုတေသန လိုအပ်နေပြီး ယခုလေ့လာချက်အသစ်ကြောင့် အယ်လ်ဇိုင်းမားလို အာရုံကြောရောဂါများကို ကာကွယ်နိုင်မယ့် အခြားဒြပ်ပေါင်းများလည်း တွေ့ရှိစေနိုင်ဖွယ်ရှိနေပါတယ်။
ဒီလေ့လာချက်ကို စိုက်ပျိုးမွေးမြူရေးနှင့်အစားအစာဓာတုဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
donanemab ဆေးအသစ်က စမ်းသပ်မှုအောင်မြင်ထားကာ ယခုဆောင်းဦးရာသီမှာ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးမှ ခွင့်ပြုဖို့ မျှော်မှန်းထားပါတယ်။
ဒီဆေးက ဒီမန်ရှာရောဂါဆိုးရွားလာခြင်းကို ၄၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ဖွယ်ရှိပါတယ်။
#World_Health #အက်စ်ပရက်ဆိုကော်ဖီသည်အယ်လ်ဇိုင်းမားရောဂါဆိုးရွားမလာစေရန်ကာကွယ်ပေး
Source: NY Post
တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ကမ္ဘာ့အကြီးမားဆုံးနဲ့ ပေအမြင့်ဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အားရရှိစေရန် စွမ်းအင်ဖြည့်စွက်မှုက အဓိကသော့ချက်ဖြစ်ပါတယ်။
Published 22 July 2023
#Asia_Development #တရုတ်နိုင်ငံစီချွမ်တွင်ရေအားလျှပ်စစ်စတင်လည်ပတ်
#Daily_News
Published_ 22 July 2023
၁။ သဘင်အိမ်ယာနှင့်သဘင်ရွာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး စတင်ဆောင်ရွက်နေ
၂။ U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲအတွက် ပဏာမကစား သမား (၄၀) ဦး ရွေးချယ်ခံရ
၃။ EVကား(၄၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ၊ ဇူလိုင်လအတွင်း(၁၇၇)စီးရောက်ရှိထားပြီဖြစ်
၄။ ကမ္ဘာ့အကြီးဆုံးနှင့်အမြင့်ဆုံး ရေအားလျှပ်စစ်-ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီး တရုတ်နိုင်ငံစီချွမ်တွင် စတင်လည်ပတ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 22 July 2023
အမေရိကန်သမ္မတ 'ဂျိုးဘိုင်ဒင်'က CIA ညွှန်ကြားရေးမှူး 'ဝီလျံဘန်းစ်'ကို အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပေးရန် သောကြာနေ့က ကမ်းလှမ်းလိုက်ပါတယ်။
ဒါဟာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အနီးကပ်ဆုံး အကြံပေးတစ်ဦးကို ရာထူးတိုးမြှင့်ပေးရန် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
သူ့ရဲ့ဦးဆောင်မှုအောက်မှာ CIA ဟာ နိုင်ငံတော် ထိပ်တန်းလုံခြုံရေးစိန်ခေါ်မှုတွေကို ရှင်းရှင်းလင်းလင်းနဲ့ ရေရှည်ချဉ်းကပ်ဆောင်ရွက်နေကြောင်း ဘိုင်ဒင်က မိန့်ကြားလိုက်ကာ ယူကရိန်းကို ရုရှားကျူးကျော်ခြင်းနဲ့ အမေရိကန်နဲ့ တရုတ်ပြိုင်ဆိုင်မှုတို့မှာ ဘန်းစ်ရဲ့ချဉ်းကပ်ပုံတွေကို ဖော်ညွှန်းချင်တာဖြစ်ပါတယ်။
ဝါရှင်တန်ပို့စ်က အစောပိုင်းကတည်းက ဒီအစီအစဉ်ကို ဖော်ပြခဲ့ပြီး ဒါဟာ ကြီးမားတဲ့သင်္ကေတဖြစ်ကာ ဘန်းစ်ကို အာဏာအသစ်တွေ ပေးအပ်သွားမှာ မဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။
အခုလိုခန့်အပ်ခြင်းဟာ ဘန်းစ်ရဲ့ အတွေ့အကြုံအပေါ် ဘိုင်ဒင်ရဲ့ ယုံကြည်မှုကို ဖော်ပြနေကြောင်း အမေရိကန်၏ ဂျာမန်မာရှယ်ရန်ပုံငွေမှ အင်ဒို-ပစိဖိတ်ပရိုဂရမ်အကြီးအကဲ 'ဘွန်နီဂလေဆာ'က ပြောကြားလိုက်ပါတယ်။
၂၀၂၁ မှာ CIA ကို စတင်ဦးဆောင်ခဲ့တဲ့ ဘန်းစ်ဟာ နိုင်ငံတော်လုံခြုံရေး ဆုံးဖြတ်ချက် ချမှတ်ရာမှာ သိသာထင်ရှားစွာ ပါဝင်ကူညီနိုင်ခဲ့ပြီး အထူးသဖြင့် ရုရှားနဲ့တရုတ်ကိစ္စတို့မှာ ပါဝင်ကူညီထားတယ်လို့ ဂလေဆာက ဆိုပါတယ်။
CIA ညွှန်ကြားရေးမှူးအနေနဲ့ အစိုးရအဖွဲ့ဝင် ဖြစ်လာတဲ့အထဲမှာ ဘန်းစ်က ပထမဆုံးတော့ မဟုတ်ပါဘူး။
သမ္မတဟောင်း 'ဘီလ်ကလင်တန်'က CIA ညွှန်ကြားရေးမှူးတွေဖြစ်တဲ့ 'ဂျွန်ဒက်ချ်'နဲ့ 'ဂျော့ဂျ်တဲနက်'တို့ကို အစိုးရအဖွဲ့ထဲ ခန့်အပ်ခဲ့သလို 'ရော်နယ်ရီဂန်'ကလည်း 'ဝီလျံကေဆီ'ကို ခန့်အပ်ခဲ့ဖူးပါတယ်။
ဒါဟာ CIA မှာ ဘန်းစ်ရဲ့ အခန်းကဏ္ဍ အလွန်သက်ရောက်မှုရှိတယ်ဆိုတဲ့ သက်သေပဲဖြစ်တယ်လို့ ဂျော့ဂျ်တောင်းတက္ကသိုလ် လုံခြုံရေးလေ့လာမှုပရိုဂရမ် ညွှန်ကြားရေးမှူး 'ဒန်နီယယ်ဘိုင်မန်း'က ပြောကြားခဲ့ပါတယ်။
"ဘန်းစ်ဟာ ဘိုင်ဒင်ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်သလို ထောက်လှမ်းရေးခေါင်းဆောင် တစ်ဦးဖြစ်တဲ့အပြင် ယူကရိန်း၊ အရှေ့အလယ်ပိုင်း၊ အခြားနိုင်ငံတွေအတွက်လည်း သံတမန်တစ်ဦးဖြစ်ပါတယ်။ ဘိုင်ဒင်က ဘန်းစ်ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတို့ကို အသုံးချချင်နေတာပါ" လို့ ပြောကြားသွားပါတယ်။
သမ္မတတွေက သူတို့ရဲ့အစိုးရအဖွဲ့မှာ ကိုယ်စားပြုတဲ့ အေဂျင်စီများကို ကွဲပြားအောင်ပြုလုပ်လေ့ရှိကြောင်း အိမ်ဖြူတော်က ဆိုပါတယ်။
ဥပမာအားဖြင့် သမ္မတ'ဘာရက်အိုဘားမား'က အသေးစားစီးပွားရေး စီမံခန့်ခွဲမှုအကြီးအကဲကို အစိုးရအဖွဲ့ထဲ ခန့်အပ်ခဲ့သလို ကလင်တန်က ဖက်ဒရယ်အရေးပေါ် စီမံရေးအေဂျင်စီအကြီးအကဲ 'ဂျိမ်းစ်ဝစ်'ကို အစိုးရအဖွဲ့ထဲ ခန့်အပ်ခဲ့ကြပါတယ်။
Source: Reuters #World_News #ဝီလျံဘန်းစ်အား အစိုးရဝန်ကြီးအဖွဲ့ဝင်အဖြစ်ရာထူးတိုးမြှင့်ကမ်းလှမ်း
#YMG #Yangon_Times
#World_Health
Published 22 July 2023
စနေတနင်္ဂနွေနေ့တွေမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာလည်း ကြားရက်တွေမှာ လေ့ကျင့်ခန်းလုပ်သကဲ့သို့ပင် နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေနည်းစေကြောင်း တွေ့ရှိထားပါတယ်။
သာမန်ကနေ အပြင်းအထန် လေ့ကျင့်ခန်းပြုလုပ်တဲ့ ကြာချိန်ကသာ အရေးအကြီးဆုံးဖြစ်တယ်လို့ မာဆာချူဆက်အထွေထွေဆေးရုံမှ 'ရှန်ခါရှစ်ဒ်'က ပြောကြားခဲ့ပါတယ်။
လူပေါင်း ၁ သိန်းကျော်ကို တစ်ပတ်အတွင်း လှုပ်ရှားမှုများအား ခြေရာခံစောင့်ကြည့်ကာ အချက်အလက်များကို သုတေသီများ ဆန်းစစ်ခဲ့ကြပါတယ်။
စနေတနင်္ဂနွေနေ့တွေမှာ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်သွားခြင်းက နှလုံးရောဂါ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းအန္တရာယ်များနဲ့ ပတ်သက်နေတာကို တွေ့ရှိခဲ့တယ်လို့ ဒေါက်တာက ဆိုပါတယ်။
နှလုံးရောဂါဖြစ်နိုင်ချေကို လေ့လာရာမှာ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်သူတွေက ၃၆ ရာခိုင်နှုန်းနဲ့ စနေတနင်္ဂနွေ လေ့ကျင့်ခန်းပြုလုပ်သူတွေက ၃၈ ရာခိုင်နှုန်းအသီးသီး လျော့နည်းသွားတာကို တွေ့ရှိခဲ့ကြပါတယ်။
တစ်ရက်မှ နှစ်ရက်အတွင်း အာရုံစူးစိုက်ပြီး ကိုယ်လက်လှုပ်ရှားတာဟာ ပုံမှန်လုပ်ဆောင်မှုထက် နှလုံးသွေးကြောဆိုင်ရာ ရလဒ်များ ဖြစ်နိုင်ချေနည်းပါးတာနဲ့ ဆက်စပ်နေတယ်လို့ Jama ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါလှုပ်ရှားမှုများက အခြားရောဂါများအတွက်လည်း အလားတူရလဒ် ရနိုင်လားဆိုတာကို လေ့လာဖို့စီစဉ်နေပါတယ်။
ဒီရလဒ်များက ပိုမိုလက်တွေ့ကျပြီး ထိရောက်မှုရှိစေမှာဖြစ်ကာ အနာဂတ်မှာ ကိုယ်လက်လှုပ်ရှားမှုများကို လေ့လာဖို့ လှုံ့ဆော်ပေးနိုင်မှာဖြစ်ပါတယ်။
#World_Health #လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်နှလုံးကျန်းမာရေးကောင်းမွန်စေနိုင်
Source: WION
၂၂ ဇူလိုင် ၂၀၂၃
ဖွေထိုင်းပါတီဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့တွင် ရှေ့သို့ပါတီ MFP ဆက်လက်ပါဝင်နေသမျှ အဆိုပါညွန့်ပေါင်းနှင့် ပူးပေါင်း လိမ့်မည်မဟုတ်ကြောင်း နိုင်ငံရေးပါတီ(၄)ခုက ကြေညာလိုက်ပါတယ်။
အဆိုပါနိုင်ငံရေးပါတီ(၄)ခုမှာ Bhumjaithai ၊ United Thai Nation ၊ the Palang Pracharath Party (PPRP) နှင့် Chartthaipattana တို့ဖြစ်ကပြီး ဖွေထိုင်းဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့နှင့်ပတ်သက်လို့ သူတို့ရပ်တည်ချက်ကို ရှင်းရှင်း လင်းလင်းကြေညာခဲ့ကြတာဖြစ်ပါတယ်။
ဘမ်ဂျိုင်ထိုင်း Bhumjaithai ပါတီခေါင်းဆောင် အန်နုတင်ချန်ပီယာကူလ်က သူ့ပါတီဟာ the lese majeste law ပါ ပုဒ်မ၁၁၂ ကိုပြင်ဆင်မယ့်ကိစ္စ ခိုင်မာစွာကန့်ကွက်ပြီး အဲဒါကိုပြင်ဖို့ စည်းရုံးတဲ့ နိုင်ငံရေးပါတီတစ်ခုနှင့် တွဲအလုပ်မလုပ်နိုင် ဘူးလို့ ပြောလိုက်ပါတယ်။
အဲဒီပါတီကို ညွန့်ပေါင်းထဲပါဖို့ ဖွေထိုင်းက လောလောဆယ်အထိချဉ်းကပ်တာမရှိသေးလို့ ဖွေထိုင်းရဲ့ အစီအစဉ်ကို မသိရ သေးပါဘူး။ ဒါပေမယ့် အဲဒီမဟာမိတ်ထဲ MFP ရှေ့သို့ပါတီပါနေသမျှ သူတို့ တကယ့်ကို ဝင်ပါမှာမဟုတ်ဘူးလို့ သူက ဖြည့်စွက်ပြောလိုက်ပါသေးတယ်။
“ MFP ဟာ ဥပဒေကို ပြင်ဖို့ကြိုးစားနေတဲ့ တစ်ခုတည်းသောပါတီဖြစ်ပြီး နောက်ဆုတ်မယ့်ပုံလည်းမပေါ်ဘူး။ ပါတီရဲ့ အင်အား၊ တိုးတက်သောလှုပ်ရှးမှုနှင့် သူတို့ကိုထောက်ခံသူတွေဟာ ကန့်ကွက်နေတဲ့ကြားထဲက တစ်ပြားသာမှ လျှော့ကြ မှာမဟုတ်ဘူး” လို့သူကပြောပါတယ်။
ယူနိုက်တက်ထိုင်နေးရှင်း UTN ပါတီခေါင်းဆောင် ပီရာပန် သာလီရာသာဗီဘဂါကလည်း ညွန့်ပေါင်းမှာ ရှေ့သို့ပါတီရှိနေ တုန်းပိုဲရင် သူတို့အနေနှင့် ညွန့်ပေါင်းထဲ ဝင်မှာမဟုတ်သလို ဝန်ကြီးချုပ်လောင်းကို ထောက်ခံမယ်ပေးမှာမဟုတ်ဘူးလို့ သူ့ရဲ့ဖေ့စ်ဘုတ်ခ်ကနေ ရေးသားလိုက်ပါတယ်။
သူတို့ပါတီအနေနှင့် နိုင်ငံမှာ အစိုးရတစ်ရပ်ရှိဖို့လိုတာ သိထားပေမယ့် နိုင်ငံရဲ့ မဏ္ဍိုင်သုံးခုအအပေါ် အလေးထားတယ်။ ပါတီအနေနှင့် ရှေ့သို့ပါတီခေါင်းဆောင်ပီတကို မထောက်ခံရတာဟာ အဲဒီပါတီအနေနှင့် သူတို့နှင့် တူညီတဲ့ သဘောထား ရပ်တည်ချက်မရှိလို့ဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားပါတယ်။
“ နောက်တစ်ကြိမ်ဝန်ကြီးချုပ်ရွေးတဲ့အခါ ရှေ့သို့ပါတီက ညွန့်ပေါင်းထဲဆက်ရှိနေဦးမယ်ဆိုရင် ပါတီအနေနှင့် အဲဒီ ဝန်ကြီးချုပ်လောင်းကိုမဲပေးမှာမဟုတ်ဘူး။ ရှေ့သို့ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှဒတွေအခြေခံပြီးပြောရရင် သူတို့ဟာ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းနှင့် အတွေးအခေါ်ပြောင်းနိုင်မယ်လို့ မယုံကြည်ဘူး” လို့ သူကရေးသားထားပါတယ်။
ပီပီအာပီ PPRP ပါတီရဲ့ကိုယ်စားအဖြစ် ယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ် ကမ်ဖန်ဖက်ဖိုင်းလစ်က သူတို့ဟာ lese majeste law ပြင်ဆင်ဖို့ကြိုးစားတာမှန်သမျှကိုဆန့်ကျင်ကြောင်းနှင့် ရှေ့သို့ပါတီဆက်ရှိနေမယ့် ညွန့်ပေါင်း မှာပါဝင်လိမ့်မယ်မဟုတ်ဘူးလို့ ပြောကြားပါတယ်။
ချတ်ထိုင်းပါတာနာChartthaipattana ပါတီ ခေါင်းဆောင် ဗာရာဝတ်သီပါအာချာကလည်း ဖွေထိုင်းဟာ lese majeste law ဥပဒေကို ထောက်ခံတဲ့ ပါတီနှင့် တွဲအလုပ်မလုပ်ဘူးဆိုရင်တော့ ဖွေထိုင်းကတင်မယ့် ဝန်ကြီးချုပ်လောင်းကို မဲပေး ဖို့ ဆန္ဒရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Source Bangkok Post
#ThailandPolitics
#MFP
#World_Health
Published 22 July 2023
ဝမ်းဗိုက်မအီမသာဖြစ်ခြင်းဟာ အဖြစ်များတဲ့ အစာချေပြဿနာတစ်ခုဖြစ်ပြီး လူသန်းပေါင်းများစွာကို သက်ရောက်နေပါတယ်။
အများစုကတော့ အစားအစာကြောင့် ဖြစ်တတ်ကြပြီး အာဟာရဆိုင်ရာ ကုသနည်းများ လတ်တလော နာမည်ကြီးလာပါတယ်။
ထိုဝေဒနာခံစားရပါက ဝမ်းဗိုက်နာခြင်း၊ အူလမ်းကြောင်း ပုံမှန်အလုပ်မလုပ်နိုင်ခြင်းတို့ကြောင့် နေ့စဉ်လုပ်ဆောင်မှုဘဝတွေမှာ ထိခိုက်လာပါတယ်။
အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်ဖောခြင်းတို့ အလှည့်ကျဖြစ်နေတတ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းအရင်းတွေက ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ပေါင်းစပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။
ဒီဝေဒနာအတွက် သက်သာစေမယ့် အစားအသောက်နည်းလမ်းကတော့ FODMAP လို့အတိုကောက်ခေါ်တဲ့ အချဉ်ဖောက်နိုင်တဲ့ အော်လီဂိုဆက်ခရိုက်၊ ဒိုင်ဆက်ခရိုက်၊ မိုနိုဆက်ခရိုက်၊ ပိုလီအောလ်တို့ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ အစားအစာထဲက ထိုဓာတ်ပစ္စည်း သကြားတွေကို လျှော့ချဖို့ပဲဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့် အဆင့်တွေကတော့.. ပထမဆုံးအဆင့်မှာက သကြားဓာတ်ပါဝင်တဲ့ အစားအစာအားလုံးကို ရှောင်ရှားရပါမယ်။
ဒီလိုမျိုးလျှော့လိုက်တဲ့အခါ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ သက်သာစေသလားဆိုတာကို ကြည့်သွားရပါမယ်။
တိုးတက်မှုရှိတယ်ဆိုရင် ဒီနည်းလမ်းက မိမိနဲ့သင့်လျော်တယ်လို့ ဆိုရမှာပါ။
ဒုတိယအဆင့်ကတော့ ၆ ပတ်ပြီဂနောက် သိသိသာသာတိုးတက်လာတယ်ဆိုရင် ပထမအဆင့်မှာ ရှောင်ရှားခဲ့တဲ့ သကြားဓာတ်အစားအစာတွေကို ဖြည်းဖြည်းချင်း ပြန်စားသုံးကြည့်ရမှာပါ။
ဒါကတော့ ဘယ်အစားအစာတွေက ဘယ်လောက်ပမာဏစားရင် ရောဂါလက္ခဏာဖြစ်လဲဆိုတာကို ရှာဖွေ့ဖို့ဖြစ်ပါတယ်။
တတိယအဆင့်ကတော့ မိမိနဲ့တည့်တဲ့ အစားအစာတွေကိုသာ ကျင့်ကြံစားသုံးသွားဖို့ပဲဖြစ်ပါတယ်။
FODMAP နည်းလမ်းက ဗိုက်မအီမသာဖြစ်ခြင်း လက္ခဏာတွေ ပိုမိုဆိုးရွားစေတဲ့ အရာတွေကို သိရှိလာစေနိုင်ပြီး စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။
အချို့လူတွေကတော့ ပထမအဆင့်မှာပင် မတက်နိုင်ဘဲ ရောဂါလက္ခဏာဖြစ်မှာကို စိုးရိမ်ပြီး အစားရှောင်ကြပါတယ်။
FODMAP နည်းလမ်းဖြင့် အဆင်မပြေရင် အခြားနည်းလမ်းများ အစားထိုးအသုံးပြုဖို့ ကြိုးစားသင့်ပါတယ်။
#World_Health #ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကိုသက်သာစေမည့်နည်းလမ်း
Source: The Jerusalem Posth
Page 507 of 978