#World_Science
Published 31 December 2025
■ ရှေးခေတ်က လူသားတွေဟာ မီးအသုံးပြုချင်တဲ့အခါ သစ်ပင်ကို မိုးကြိုးပစ်တဲ့ သဘာဝဖြစ်စဉ်မျိုးကနေသာ အသုံးပြုခဲ့တယ်လို့ ရှေးဟောင်းသုတေသီများ ယူဆထားပါတယ်။
■ ဒါပေမဲ့ သူတို့ဘာသာတော့ မီးကိုစတင်မပြုလုပ်နိုင်ခဲ့ပါဘူး။
■ ထိုအချိန်မှာပဲ တုတ်နှစ်ချောင်း ပွတ်တိုက်ခြင်း၊ သင့်လျော်တဲ့ကျောက်တုံးတွေကို မှန်ကန်တဲ့ အနေအထားဖြင့် ပွတ်တိုက်ခြင်းဖြင့် မီးဖန်တီးနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
■ မီးစတင်ပြုလုပ်ခဲ့တဲ့ အစောဆုံးသက်သေအထောက်အထား နှစ်ပေါင်း ၄ သိန်းသက်တမ်းရှိတဲ့ နေရာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဗြိတိသျှပြတိုက်မှ ရှေးဟောင်းသုတေသီ နစ်အက်ရှ်တန်က ပြောပါတယ်။
■ ထိုနေရာမှာ မီးပြုလုပ်ဖို့အတွက် သံဆာလ်ဖိုက်ဒြပ်ပေါင်း အစအနတွေနဲ့ မီးခတ်ကျောက်ပုဆိန်တွေကို တွေ့ရှိခဲ့ကြပါတယ်။
■ ရှေးခေတ်လူသားတွေက ရှားပါးတဲ့ သံဆာလ်ဖိုက်တွေကို ထိုနေရာသို့ သယ်ဆောင်ခဲ့ဟန် ရှိပါတယ်။
■ မီးကြွင်းမီးကျန်တွေ ရှိနေသေးတဲ့ သံဆာလ်ဖိုက်တွေကို တူးဖော်တွေ့ရှိခဲ့ပြီး အရင်က ဒါမျိုးတစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ ဆိုင်မွန်ဖရေဆာတက္ကသိုလ်မှ ရှေးဟောင်းသုတေသီ ဒန်နစ်ဆန်းဂိတ်က ပြောပါတယ်။
■ မီးပြုလုပ်ခြင်းက လူသားသမိုင်းမှာ အရေးအပါဆုံး တွေ့ရှိမှုတွေထဲက တစ်ခုအဖြစ် သဘောတူကြပြီး ရှေးခေတ်လူသားတွေအနေနဲ့ သားရဲရန်မှ ကာကွယ်ခြင်း၊ အစားအစာ ပြုလုပ်ခြင်း၊ ချမ်းအေးလွန်းတဲ့ ရာသီဥတုမှာ နေထိုင်နိုင်ခြင်းတို့ ရရှိစေပါတယ်။
■ ဒီနေရာကို အစောပိုင်း နီယန်ဒါသယ်တွေ အသုံးပြုခဲ့တယ်လို့ ယူဆထားပေမယ့် အခြားသော ရှေးခေတ်လူသားတွေလည်း မီးပြုလုပ်နိုင်စွမ်း ရှိခဲ့တယ်လို့ ထင်နေကြပါတယ်။
■ ဒီတွေ့ရှိချက်အရ မီးပြုလုပ်ခြင်းက လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး ရှုပ်ထွေးတဲ့ဖြစ်စဉ်အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
Source: NPR
#World_Health
Published 31 December 2025
■ လူတွေက အားအင်လိုအပ်တဲ့အခါ ခွန်အားဖြည့်အချိုရည်တွေ သောက်သုံးကြပြီး မျိုးဆက်သစ်လူငယ်တွေရဲ့ ၆၄ ရာခိုင်နှုန်းလောက် သောက်သုံးကြပါတယ်။
■ ဒီလိုအချိုရည်တွေက နှလုံးပြဿနာများ၊ စိုးရိမ်စိတ်၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွားနဲ့ခံတွင်းပြဿနာများ ဖြစ်လာစေကြောင်း ဆရာဝန်တွေ သတိပေးထားတာ ကြာပါပြီ။
■ လူက ဘယ်လောက်ပဲငယ်ငယ် ဘယ်လိုပဲကျန်းမာရေးကောင်းကောင်း ခွန်အားဖြည့်အချိုရည်တွေက ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တဲ့ သက်သေတွေ အများအပြား ရှိထားပါတယ်။
■ ယူကေမှ ကျန်းမာရေးကောင်းမွန်တဲ့ အသက် ၅၀ ဝန်းကျင် လူတစ်ဦးဟာ အလွန်သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းခံစားရတာကြောင့် ကုသမှုခံယူခဲ့ရပါတယ်။
■ သူဟာ တစ်နေ့ကို အားဖြည့်အချိုရည် ၈ ဗူးသောက်တဲ့အကျင့် ရှိပါတယ်။
■ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းမှာ ထုံကြဉ်အားနည်းခြင်း ခံစားရပြီးနောက် သူဟာ ဦးနှောက်သွေးခဲလေဖြတ်ခြင်းမျိုး ခံစားရတာဖြစ်ပါတယ်။
■ အာရုံခံစားခြင်းနဲ့ လှုပ်ရှားမှုတို့ ပါဝင်ပတ်သက်နေတဲ့ ဦးနှောက်အစိတ်အပိုင်းမှာ သွေးကြောပိတ်ဆို့တာ ဖြစ်ပါတယ်။
■ လမ်းလျှောက်ရ မျိုချရ စကားပြောရ ခက်ခဲတဲ့ လက္ခဏာတွေလည်း ဖြစ်လာပြီး သွေးပေါင်ချိန်က ၂၅၄/ ၁၅၀ ရှိပါတယ်။
■ တစ်နေ့ကို အားဖြည့်အချိုရည် ၈ ဗူး သောက်နေခြင်းက ကဖင်းဓာတ် ၁,၃၀၀ မီလီဂရမ်နီးပါး သောက်မိနေတာ ဖြစ်ပါတယ်။
■ အချိုရည်တွေ ဖြတ်ပြီးနောက် နှစ်တွေကြာတာတောင် ဒီအကျိုးဆက်တွေ ခံစားနေရတာ ဖြစ်ပါတယ်။
■ ကဖင်းဓာတ်ကြောင့်ပင် မဟုတ်ဘဲ သကြားဓာတ်၊ ဂွာရာနာတို့လို လှုံ့ဆော်ပစ္စည်းတွေက နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတို့ကို မြင့်တက်စေတယ်လို့ သုတေသီတွေ ဖော်ပြထားပါတယ်။
■ ဒီလိုအချိုရည်တွေကို ပိုမိုတင်းကြပ်စွာ ကွပ်ကဲစစ်ဆေးပြီး ရောင်းချကြဖို့ တိုက်တွန်းနေကြပါတယ်။
Source: New York Post
#World_News
Published 30 December 2025
■ အီရန်အနေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ နျူကလီးယားလက်နက် အစီအစဉ်တွေ ပြန်လည်ဆောက်လုပ်ဖို့ စတင်လာပါက နောက်ထပ်တိုက်ခိုက်မှုကြီး ပြုလုပ်သွားဖို့ အမေရိကန် ထောက်ပံ့သွားမှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောပါတယ်။
■ ဒါ့အပြင် ဟားမတ်စ်အနေနဲ့ လက်နက်မချပါက နောက်ဆက်တွဲအကျိုးဆက်တွေ ပြင်းထန်လိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။
■ ဇွန်လက အမေရိကန်တိုက်ခိုက်မှုကြီး ပြုလုပ်ပြီးနောက် အီရန်ဟာ လက်နက်အစီအစဉ်တွေ ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းနေတာ ဖြစ်နိုင်တယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်နဲ့ ဖလော်ရီဒါအိမ်မှာ တွေ့ဆုံစဉ် ထရမ့်ကပြောခဲ့ပါတယ်။
■ တိုက်ခိုက်တဲ့နေရာမှာမဟုတ်ဘဲ အခြားနေရာတွေမှာ ဆောက်လုပ်တာဖြစ်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
■ ဇွန်လက အစ္စရေးလ်နဲ့ ၁၂ ရက်တာ တိုက်ခိုက်ခဲ့တဲ့ အီရန်က ယခုလအတွင်း ဒုတိယအကြိမ် ဒုံးကျည်လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ ပြောထားပါတယ်။
■ အီရန်နဲ့ နျူကလီးယားသဘောတူညီချက် ရယူထားတဲ့ ထရမ့်က ဂါဇာငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ခိုင်ခံ့မှုမရှိဘဲ အီရန်နဲ့ ဟက်ဇ်ဘိုလာတို့ အစ္စရေးလ်အပေါ် ကျူးလွန်လာနိုင်တာကို ထရမ့်က စိုးရိမ်နေပါတယ်။
■ ထရမ့်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟူတို့က ဂါဇာငြိမ်းချမ်းရေးထိန်းသိမ်းမှုမှာ တူရကီရဲ့ အရေးပါပုံကို ဆွေးနွေးခဲ့ကြပါတယ်။
■ အစ္စရေးလ်ထိန်းချုပ်ထားတဲ့ အနောက်ပိုင်းဘဏ်အပေါ်မှာ ယင်းတို့နှစ်ဦး သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အတိအကျတော့ မဖော်ပြထားပါဘူး။
Source: Reuters
#World_Health
Published 30 December 2025
■ ပဲပိစပ်ဆီမှာ အဆီပါဝင်မှု၊ ရောင်ရမ်းစေနိုင်ခြင်းနဲ့ အပူပေးတဲ့အခါ သက်ရောက်နိုင်စွမ်းတို့ကြောင့် လက်ရှိမှာ စောင့်ကြည့်စစ်ဆေးနေကြပါတယ်။
■ ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ပဲပိစပ်ဆီက အသုံးများလာပါတယ်။
■ အိုမီဂါ-၆ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်-အီး၊ ပြည့်ဝဆီအနည်းဆုံး ပါဝင်တယ်လို့ သိထားကြပေမယ့် တကယ်တမ်းမှာ အဆီပါဝင်မှုအချိုးအစား၊ ဓာတ်တိုးတည်မြဲနိုင်စွမ်း၊ ဇီဝဖြစ်စဉ်များအပေါ် ဓာတုဓာတ်ပြုမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာပါတယ်။
■ ဆီစစ်ထုတ်တဲ့နေရာမှာ အပူချိန်မြင့်မားစွာ အသုံးပြုရတဲ့အတွက် ခန္ဓာကိုယ်ထဲ ဓာတ်တိုးမှုတွေ ဖြစ်စေပြီး ရောင်ရမ်းမှုတွေဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထုတ်လုပ်ပေးပါတယ်။
■ အိုမီဂါ-၆ ဖက်တီးအက်ဆစ်နဲ့ အိုမီဂါ-၃ အချိုး ၄:၁ ခန့်က ကျန်းမာရေးအတွက် သင့်လျော်ပေမယ့် ပဲပိစပ်ဆီမှာတော့ ၂၀:၁ လောက်ဖြစ်နေကာ ရောင်ရမ်းစေတဲ့ဒြပ်ပေါင်းတွေ များလာစေပြီး ကိုယ်အလေးချိန်တက်ခြင်း၊ အဆစ်ရောင်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်း၊ ထရိုင်ဂလစ်ဆရိုက်များခြင်းတို့ ဖြစ်လာစေပါတယ်။
■ အိန္ဒိယမှာဆိုရင် မုန့်တွေ၊ ကိတ်မုန့်ပေါင်မုန့်တွေ၊ ဆီကြော်မုန့်တွေ စသဖြင့် ပဲပိစပ်ဆီအသုံးပြုတဲ့အတွက် အိုမီဂါ-၆ တွေ စားမိနေပါတယ်။
■ ဒါ့အပြင် အူလမ်းကြောင်း ဘက်တီးရီးယားတွေ မညီမမျှဖြစ်စေကာ အူနံရံဖြတ်သန်းနိုင်စွမ်းနဲ့ ဟော်မုန်းတို့ နှောင့်ယှက်စေပြီး သိုင်းရွိုက်ပြဿနာများလည်း ဖြစ်လာနိုင်ပါတယ်။
■ ပဲပိစပ်ဆီမှာ ဗိုက်တာမင်-အီး ပါဝင်ပေမယ့် သန့်စင်ထုတ်လုပ်ခြင်းနဲ့ ချက်ပြုတ်ခြင်းတို့ ပြုလုပ်စဉ် ဓာတ်တိုးဆန့်ကျင်အာနိသင်များ အတော်လေး လျော့ကျသွားပါတယ်။
■ ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ဆီပြောင်းလဲအသုံးပြုသင့်ပြီး အာဟာရဓာတ် ပိုကြွယ်ဝတာမျိုးကို အကြံပြုပါတယ်။
Source: Indian Express.
#World_Health
Published 30 December 2025
■ အချို့လူတွေဟာ မီးဖိုချောင်ဘေစင်၊ ရုံးခန်း၊ အလုပ်လုပ်နေစဉ်တို့မှာ မတ်တပ်ရပ်ရင်း အစားစားတတ်ကြပါတယ်။
■ တစ်ခါတလေ ဒီလိုစားတာက ပြဿနာမရှိပေမယ့် အမြဲတမ်းဒီလိုဖြစ်နေရင်တော့ အစာခြေခြင်း၊ စားချင်စိတ်၊ အစာခြေဖျက်ပုံတို့ကို သက်ရောက်လာနိုင်တယ်လို့ KIMS ဆေးရုံမှ အာဟာရပညာရှင်မှူး ဒေါက်တာ အမ်ရင်းရှိတ်ခ်က ပြောပါတယ်။
■ ဒါဟာ အလျင်လိုခြင်း၊ ဖိစီးခြင်း၊ ပုံမှန်စားချိန် မစားခြင်းတို့ကနေ အစပြုတာဖြစ်ပြီး ရက်သတ္တပတ် လပိုင်းကျော်လာရင် စားပုံစားနည်း၊ စားချင်စိတ်ထိန်းချုပ်မှုနဲ့ အစာခြေကျန်းမာရေးတို့ ပုံစံပြောင်းလဲလာတယ်လို့ ဆိုပါတယ်။
■ အစာခြေခြင်းက ခန္ဓာကိုယ်ထိုင်ပြီး ငြိမ်သက်တဲ့အချိန်မှာ အကောင်းဆုံးလုပ်ဆောင်ပေမယ့် မတ်တပ်ရပ်နေရင် အစာအိမ်ထဲ လျင်မြန်စွာလှုပ်ရှားစေကာ ဗိုက်ပြည့်ပြီလို့ မခံစားရဘဲ ပိုစားမိစေပါတယ်။
■ နောက်တစ်ချက်က မတ်တပ်ရပ်နေစဉ်မှာ ပါးစပ်ထဲ များများစားမိစေသဖြင့် အစာအိမ် အလုပ်လုပ်ရခက်ခဲစေကာ မအီမသာဖြစ်စေနိုင်ပါတယ်။
■ ဆာလောင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ အလုပ်မလုပ်တော့ဘဲ ဗိုက်ပြည့်မှန်းမသိတော့ဘဲ ပိုမိုစားမိစေပါတယ်။
■ အစာအိမ်အက်ဆစ်များသူတွေမှာဆိုရင် အစာက အူတွေထဲသို့ သေချာမရောက်သေးဘဲ အက်ဆစ်လျှံတက်ခြင်းမျိုး ဖြစ်နိုင်ပါတယ်။
■ သက်တောင့်သက်သာ သတိကပ်ပြီး မစားနိုင်ခြင်း၊ အာဟာရဓာတ် စုပ်ယူမှုအားနည်းခြင်း စတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
■ ဒါကြောင့် အစားစားတဲ့အခါ သက်တောင့်သက်သာဖြစ်တဲ့ ပုံစံထိုင်ပြီး စားခြင်းဖြင့် အစာခြေအင်ဇိုင်းတွေ ပုံမှန်အလုပ်လုပ်စေကာ အစားစားရင်း ဖုန်း၊ ကွန်ပျူတာ၊ တီဗီကြည့်တာမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။
Source: Indian Express.
တရုတ်ပြည်ရဲ့ လျှပ်စစ်သံလိုက် ပင့်တင်ကိရိယာတပ်ဆင်ထားတဲ့ ပထမဆုံးလေယာဉ်တင်သင်္ဘော ဖူကျန်ဟာ ပထမဆုံး ပင်လယ်ရေကြောင်း လေ့ကျင့်မှုပြုလုပ်ခဲ့ရာမှာ စွမ်းဆောင်ရည်တွေ အတည်ပြုလုပ်ဆောင်နိုင်ခဲ့ပါတယ်။
#Asia_Military
Published 29 December 2025
#လေယာဉ်တင်သင်္ဘော #တရုတ်ပြည်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 29 December 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီနဲ့ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တစ်ရပ် ရရှိဖို့ အလွန့်အလွန် နီးစပ်လာနေပြီလို့ တနင်္ဂနွေနေ့က ပြောခဲ့ပြီး အငြင်းပွားဖွယ် ဒွန်ဘက်စ်ဒေသရဲ့ ကံကြမ္မာက ဒီပြဿနာကို ဖြေရှင်းရာမှာ အဓိကသော့ချက်ဖြစ်ကြောင်းကိုလည်း သိရှိထားပါတယ်။
■ ခေါင်းဆောင်နှစ်ဦးက ဖလော်ရီဒါရှိ ထရမ့်ရဲ့ Mar-a-Lago အပန်းဖြေအိမ်ရာမှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ ငြိမ်းချမ်းရေးဆွေးနွေးမှုများနဲ့ ဒွန်ဘက်စ်ဒေသပိုင်းခြားရေးတို့မှာ တိုးတက်မှု ရှိနေပြီလို့ ရှင်းလင်းပွဲမှာ ပြောသွားကြပါတယ်။
■ စစ်ပွဲအောင်မြင်စွာ အဆုံးသတ်ရေးအတွက် ညှိနှိုင်းမှုတွေဟာ ရက်သတ္တပတ်များအတွင်း ရှင်းလင်းသွားမှာဖြစ်ပြီး နယ်မြေကိစ္စပြဿနာတွေလည်း ပြေလည်သွားမယ်လို့ ထရမ့်က ပြောပါတယ်။
■ အမေရိကန်ရဲ့ ထောက်ပံ့မှုနဲ့အတူ ဥရောပနိုင်ငံတွေလည်း အရေးပါတဲ့ကဏ္ဍက ပါဝင်ပေးဖို့ ထရမ့်က မျှော်လင့်ထားပါတယ်။
■ ရုရှားအလိုရှိတဲ့အတိုင်း ဒွန်ဘက်စ်ကနေ ယူကရိန်းတပ်များ လုံးဝဆုတ်ခွာပေးရမယ့် အမေရိကန်ရဲ့ အကြံပြုချက်ကို ပျော့ပျောင်းပေးဖို့ ဇယ်လန်စကီက မျှော်လင့်နေပါတယ်။
■ ဒွန်ဘက်စ်ရဲ့အနာဂတ်က မသေချာပေမယ့် ဆွေးနွေးမှုတွေက လမ်းကြောင်းမှန်ပေါ်ရှိနေတယ်လို့ နှစ်ဦးစလုံးပြောခဲ့ပါတယ်။
■ ထိခိုက်ပျက်စီးထားတဲ့ ယူကရိန်းအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြန်လည်ဆောက်လုပ်ရေးမှာ ကူညီပြီး ဈေးသက်သာတဲ့ စွမ်းအင်တွေ ထောက်ပံ့ကူညီပေးဖို့ ကတိပြုထားပါတယ်။
■ ဒါပေမဲ့ ဥရောပနဲ့ ယူကရိန်းတို့ အဆိုပြုတဲ့ အပစ်အခတ်ရပ်စဲရေးကိုတော့ ရုရှားက ဆန့်ကျင်နေပြီး စစ်ပွဲကြာရှည်မှာကို စိုးရိမ်နေပါတယ်။
■ ဥရောပခေါင်းဆောင်တွေက လုံခြုံရေးအာမခံချက် အရေးကြီးပုံနဲ့ စစ်ပွဲအလျင်အမြန် အဆုံးသတ်ရေးတို့ကို အလေးပေးပြောနေကြပါတယ်။
Source: Reuters
Page 39 of 1128