#World_Science
Published 23 December 2025
■ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ထဲမှာ ကာလအပိုင်းအခြားအလိုက် ဖြစ်စဉ်ပြောင်းလဲလာပြီး ဦးနှောက်အာရုံကြောကွန်ရက် ပြောင်းလဲကာ စဉ်းစားတွေးခေါ်ပုံတွေလည်း မတူတော့ပါဘူး။
■ ပျမ်းမျှအားဖြင့် အသက် ၉ နှစ်၊ ၃၂ နှစ်၊ ၆၆ နှစ်၊ ၈၃ နှစ်တို့မှာ ဦးနှောက်ဖွဲ့စည်းပုံ စရိုက်လက္ခဏာတွေ သိသိသာသာ ပြောင်းလဲသွားကြတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိလာပါတယ်။
■ အသက် ၉ နှစ်မှ ၃၂ နှစ်ကြားကာလက အာရုံကြောကွန်ရက်များ အလွန်အကျိုးရှိထိရောက်တဲ့ တစ်ခုတည်းသောကာလ ဖြစ်နေပါတယ်။
■ ၃၂ နှစ်နဲ့ ၆၆ နှစ်ကြား အရွယ်ရောက်ပြီးကာလမှာ ဦးနှောက်က ပြောင်းလဲမှုကြီးတွေ မရှိတော့ဘဲ တည်ငြိမ်သွားကြပါတယ်။
■ ၈၃ နှစ်နောက်ပိုင်းမှာတော့ ဦးနှောက်ကြား ချိတ်ဆက်မှုတွေ စတင်ယုတ်လျော့လာပါတယ်။
■ ဒါဟာ ဦးနှောက်ပြောင်းလဲမှုက အသက်အရွယ်အလိုက် အတက်အကျရှိနိုင်တယ်ဆိုတာကို နားလည်စေတဲ့ ပထမဆုံးလေ့လာချက်ဖြစ်ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ သုတေသီ အလက်ဆာမော်စလေက ပြောပါတယ်။
■ သုတေသီအဖွဲ့က မွေးကင်းစအရွယ်ကနေ အသက် ၉၀ ကြားရှိတဲ့ လူပေါင်း ၃,၈၀၀ ခန့်ကို ဦးနှောက်အတွင်း မော်လီကျူးရွေ့လျားမှုပုံရိပ်တွေကို ဓာတ်မှန်ရိုက်ခဲ့ကာ အာရုံကြောချိတ်ဆက်မှုတွေကို လေ့လာဖို့ ကြိုးစားခဲ့ပါတယ်။
■ ၉ နှစ်မှ ၃၂ နှစ်ကြားကာလဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အများဆုံးဖြစ်တတ်ကြတာကို တွေ့ခဲ့ကြပါတယ်။
■ တွေ့ရှိချက်တွေက စိတ်ဝင်စားစရာ ကောင်းတယ်ဆိုပေမယ့် ဒါတွေကို အတည်ပြုနိုင်ဖို့နဲ့ ဦးနှောက်ပြောင်းလဲတဲ့ အသက်အရွယ်တွေကို အတိအကျသတ်မှတ်နိုင်ဖို့ဆိုတာ နောက်ထက်သုတေသနတွေ လိုအပ်နေပါသေးတယ်။
Source: NBC News
ဆစ်ဒနီမှ ဘွန်ဒီကမ်းခြေ သေနတ်ပစ်ခတ်မှုဟာ ဩစတြေးလျရဲ့ ထောက်လှမ်းရေးစနစ် ပြဿနာတွေရှိနေတာကို ပြသနေပြီး ပြန်လည်သုံးသပ်စစ်ဆေးဖို လိုလာပြီဆိုတာကို ဝန်ကြီးချုပ် သိုနီအယ်ဘေးနိစ်က ဝန်ခံလိုက်ပါတယ်။
#World_News
#ဩစတြေးလျ #ဘွန်ဒီကမ်းခြေ
Published 22 December 2025
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 22 December 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က သံအမတ်နဲ့ အခြားသော အကြီးတန်းသံရုံးရာထူးများမှ နှစ်ရှည်သံတမန် ၃၀ နီးပါးခန့်ကို တာဝန်မှပြန်လည်ခေါ်ယူလိုက်ပါတယ်။
■ အမေရိကန်သံတမန်ရေး ရပ်တည်မှုကို အမေရိကန်ဦးစားပေးစနစ် အပြည့်အဝထောက်ခံတယ်လို့ ယူဆရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြန်လည်ပုံသွင်းသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
■ အနည်းဆုံး ၂၉ နိုင်ငံလောက်မှ သံတမန်ရေးရာအကြီးအကဲတွေကို ဇန်နဝါရီမှာ တာဝန်ပြီးဆုံးမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အသိပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိနှစ်ဦးက ဆိုပါတယ်။
■ သူတို့အားလုံးဟာ ဂျိုးဘိုင်ဒင်အစိုးရလက်အောက်မှာ ရာထူးတာဝန်တွေ ရရှိခဲ့တာဖြစ်ပြီး ထရမ့်အစိုးရအစောပိုင်းလတွေမှာ ကျန်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ ဖယ်ရှားခံရသူတွေဟာ နိုင်ငံခြားရေးရာအလုပ်တွေကို ဆုံးရှုံးတာမျိုးမဟုတ်ဘဲ ဝါရှင်တန်သို့ပြန်လာကာ ယင်းတို့ဆန္ဒရှိတဲ့ အခြားသောတာဝန်တွေ ရယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
■ သံအမတ်ဆိုတာဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေးကိုယ်စားလှယ်ဖြစ်ပြီး အမေရိကားသာဦးစားပေး အစီအစဉ်အတွက် သမ္မတကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ်တွေကို ခန့်အပ်နိုင်တယ်လို့ ဆိုပါတယ်။
■ ထိုနိုင်ငံတွေထဲမှာ အာဖရိကတိုက်မှ အများဆုံးပါဝင်ပြီး ကမ်မရွန်၊ အိုင်ဗရီကို့စ်၊ မာဒါဂတ်စ်ကာ၊ နိုင်ဂျီးရီးယား၊ ရဝမ်ဒါ၊ ဆိုမာလီယာတို့လို နိုင်ငံတွေပါဝင်ပါတယ်။
■ ဒုတိယအများဆုံးက အာရှတိုက်ဖြစ်ကာ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့လို နိုင်ငံတွေအပါအဝင် ၆ နိုင်ငံပါဝင်ပါတယ်။
■ ဥရောပမှ အာမေးနီးယား၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ဆလိုဗေးကီးယားနဲ့ အရှေ့အလယ်ပိုင်းမှ အယ်ဂျီးရီးယား၊ အီဂျစ်၊ အာရှအလယ်ပိုင်းမှ နီပေါ၊ သီရိလင်္ကာ၊ အနောက်ဘက်ခြမ်းမှ ဂွာတီမာလာနဲ့ ဆူရီနမ်တို့ ပါဝင်ပါတယ်။
■ အချို့သောလွှတ်တော်အမတ်တွေနဲ့ အမေရိကန်သံတမန်သမဂ္ဂတွေကတော့ ဒီလိုပြန်လည်ခေါ်ယူတဲ့အပေါ် စိုးရိမ်ပူပန်မိကြောင်း ဖော်ပြလာပါတယ်။
Source: AP News
#World_Health
Published 22 December 2025
■ ခွေးမွေးသူတွေဟာ မျက်နှာကို လျှာနဲ့ယက်ခံရတာကို ချစ်ခင်ကြည်နူးတဲ့ အမူအရာအဖြစ် ကျေနပ်နေကြပေမယ့် မလိုလားအပ်တဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်တယ်လို့ ပန်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်က လေ့လာထားပါတယ်။
■ ဒီအမူအကျင့်ကြောင့် လူသားတွေမှာ ပဋိဇီဝဆေးယဉ်ပါးဘက်တီးရီးယားတွေ ထိတွေ့နိုင်တယ်လို့ ဖော်ပြထားပါတယ်။
■ ခွေးတွေက ကျန်းမာရေးကောင်းတဲ့ပုံစံ ဖြစ်နေတာတောင် ဆယ်မွန်နဲလားလိုမျိုး ပဋိဇီဝဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားတွေ သယ်ဆောင်ထားနိုင်ပြီး လူသားတွေမှာ အစာအိမ်အူလမ်းကြောင်းလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
■ ၂၀၁၇ မှ ၂၀၂၃ အတွင်း ခွေး ၈၇ ကောင်ကို လေ့လာခဲ့ကာ လူသားတွေမှာ ရောဂါဖြစ်စေတဲ့ ဆယ်မွန်နဲလားမျိုးနွယ် ၈၂ မျိုး တွေ့ရှိခဲ့ပါတယ်။
■ ၃၉ ရာခိုင်နှုန်းသောခွေးတွေမှာ shdA လို့ခေါ်တဲ့ မျိုးဗီဇပစ္စည်း သယ်ဆောင်ထားကာ အူတွေထဲမှာ ဆယ်မွန်နဲလား ရှိနေစေပါတယ်။
■ လူတွေရဲ့မျက်နှာကို လျှာနဲ့ယက်ခြင်းဖြင့် လူသားတွေဆီ ထိုဘက်တီးရီးယားတွေ ကူးစက်နိုင်ပါတယ်။
■ ဆေးယဉ်ပါးဘက်တီးရီးယားတွေက ကုသရခက်ခဲစေနိုင်ကာ တစ်ကမ္ဘာလုံးမှာ စိုးရိမ်စရာဖြစ်နေပါတယ်။
■ လက်ဆေးခြင်း၊ မျက်နှာကို လျှာအယက်မခံခြင်း၊ ပုံမှန်တိရိစ္ဆာန်ဆေးစစ်ခြင်း၊ ခွေးတွေနေထိုင်ရာနေရာကို သန့်ရှင်းခြင်းတို့ဖြင့် ကူးစက်မှုအန္တရာယ် လျော့နည်းစေနိုင်ပါတယ်။
■ လူသားတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကြား ချစ်ခင်မှုနဲ့ ကျန်းမာရေးဘေးကင်းမှုတို့ မျှတမှုရှိစေရန် ကြိုတင်ကာကွယ်နေထိုင်သွားဖို့ ဒီလေ့လာချက်ကနေ အသိပေးထားတာ ဖြစ်ပါတယ်။
Source: Daily Galaxy
#World_Science
Published 22 December 2025
■ အချို့သောမှတ်ဉာဏ်တွေကို တိတိကျကျ အမှတ်ရနေတာမျိုးရှိနိုင်ပေမယ့် ဦးနှောက်က အရာအားလုံးကို အစွဲအမြဲ သိမ်းဆည်းထားတာတော့ မဟုတ်ပါဘူး။
■ အချို့မှတ်ဉာဏ်တွေက ရက်ပိုင်းအတွင်း ပျောက်ကွယ်တတ်ပြီး အချို့ကတော့ နှစ်တွေကြာတဲ့တိုင်အောင် မှတ်မိနေတာဟာ ဘာကြောင့်ပါလဲ။
■ နယူးယော့ခ် ရော့ခ်ဖယ်လာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကြွက်တွေနဲ့ လက်တွေ့ပုံစံသရုပ်ဖော်ခဲ့ပါတယ်။
■ သူတို့ကို အကြိမ်ကြိမ်မြင်တွေ့စေတဲ့ အရာတွေ ပြသတဲ့အခါ ကြာရှည်ခိုင်မြဲစွာ မှတ်သားစေတဲ့ မှတ်ဉာဏ်တွေ ဖြစ်ပေါ်ပြီး ခဏပဲပြသတာတွေကိုတော့ အလျင်အမြန် မေ့လျော့သွားကြပါတယ်။
■ ဒါဟာ ဦးနှောက်ထဲက အချို့သောမော်လီကျူးတွေက ဘယ်လိုမှတ်ဉာဏ်တွေကို မှတ်မိစေမလဲ ဘယ်ဟာတွေကို မေ့လျော့စေမလဲ ဆိုတာတွေကို ထိန်းညှိပေးတာဖြစ်တယ်လို့ Nature ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။
■ မှတ်ဉာဏ်ရေရှည်မှတ်မိတာဟာ ဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲတဲ့ ဖြစ်စဉ်ဖြစ်ပြီး ဦးနှောက်နေရာတွေက မှတ်ဉာဏ်တွေကို ရေရှည်တည်မြဲအောင် စီစဉ်ပေးတာ ဖြစ်ပါတယ်။
■ အဓိကအရေးပါတဲ့ မော်လီကျူးတွေက CAMTA1 ၊ TCF4 နဲ့ ASH1L တို့ဖြစ်ပါတယ်။
■ CAMTA1 က မှတ်ဉာဏ်အသစ်တွေကို ရက်အနည်းငယ်အတွင်း သိမ်းထားပေးကာ အလျင်အမြန် ပျောက်ကွယ်သွားပါတယ်။
■ ဒီနောက် TCF4 ပါဝင်လာပြီး ဦးနှောက်အတွင်း ချိတ်ဆက်အားကောင်းစေကာ မှတ်ဉာဏ်တည်တံလာစေပါတယ်။
■ နောက်ဆုံးမှာ ASH1L က ရေရှည်မှတ်မိအောင် ပြုလုပ်ပေးပါတယ်။
■ ဒီလေ့လာချက်တွေကနေ အယ်ဇိုင်းမားရောဂါ သုတေသနကို အထောက်အကူဖြစ်နိုင်ပြီး မှတ်ဉာဏ်လွှဲပြောင်းတည်တံ့စေမယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။
Source: India Today
#World_Health
Published 21 December 2025
■ လူအများစုဟာ တစ်ညကို အိပ်ချိန် ၆ နာရီအောက်သာ အိပ်စက်ကြရပြီး အလုပ်ဖိအား၊ ဖုန်းကွန်ပျူတာစွဲလမ်းခြင်းတို့ကို အကြောင်းပြနေကြပေမယ့် ခန္ဓာကိုယ်ကတော့ ကြီးကြီးမားမား ပေးဆပ်နေရတယ်လို့ ကျွမ်းကျင်သူတွေ ပြောနေကြပါတယ်။
■ ရေရှည်အိပ်ရေးပျက်တဲ့အခါ ဦးနှောက်၊ နှလုံး၊ ဇီဝကမ္မဖြစ်စဉ်နဲ့ ရေရှည်ကျန်းမာရေးတို့ကို ဘာတွေဖြစ်စေလဲဆိုတာ မဏိပေါဆေးရုံမှ ဒေါက်တာ ဂါဂျီဆင်းထာကာက ပြောပြပါတယ်။
■ အိပ်စက်နေတဲ့အခါ ဦးနှောက်ပြန်လည်အားဖြည့်ခြင်း၊ ဟော်မုန်းတွေ ထိန်းညှိခြင်း၊ တစ်ရှူးများပြုပြင်ခြင်း၊ ကိုယ်ခံအားစနစ်မြှင့်တင်ခြင်းတို့ ပြုလုပ်စေတာကြောင့် အိပ်ရေးပျက်တဲ့အခါ အကုန်လုံးနှောင့်နှေးကုန်တယ်လို့ ရှင်းပြပါတယ်။
■ ပထမဆုံးထိခိုက်တာက ဦးနှောက်ဖြစ်ပြီး အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေ ကျဆင်းလာကာ အာရုံထွေပြားခြင်း၊ မေ့လျော့ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှောင့်နှေးခြင်းတို့ ခံစားရတတ်ပါတယ်။
■ ဒါ့အပြင် စိတ်ခံစားချက် ထိန်းညှိနိုင်စွမ်း နှောင့်ယှက်ခံရကာ စိတ်ဆတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ရုတ်တရက် စိတ်အပြောင်းအလဲ ဖြစ်ခြင်းတို့ ဖြစ်စေနိုင်ပါသေးတယ်။
■ ဟော်မုန်းတွေ မညီမမျှဖြစ်ကုန်ပြီး ဆာလောင်စိတ်ဖြစ်စေတဲ့ ဟော်မုန်းတွေ လွတ်ထွက်ကုန်ကာ ပိုမိုဗိုက်ဆာလာပြီး ကယ်လိုရီနဲ့ အချိုများတဲ့အစာတွေ စားမိကာ အဝလွန်စေနိုင်ပါတယ်။
■ ဖိစီးမှုဟော်မုန်းတွေ များလာသဖြင့် ကြာရှည်လာတဲ့အခါ သွေးဖိအားတက်စေကာ နှလုံးရောဂါအန္တရာယ် ရှိနိုင်ပါတယ်။
■ ကိုယ်ခံအားလျော့နည်းစေပြီး ရောဂါဘယတွေကနေ ပြန်လည်သက်သာမှုနှုန်း နှေးစေပါတယ်။
■ သွေးတွင်းသကြားဓာတ် မထိန်းချုပ်နိုင်တော့ဘဲ ဆီးချိုနဲ့ ဇီဝဖြစ်စဉ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
■ ဒါကြောင့် အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားကာ ဖုန်းကွန်ပျူတာကြည့်ချိန် ကန့်သတ်ခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်းတို့ပြုလုပ်ဖို့ ကျွမ်းကျင်သူတွေ အကြံပြုထားပါတယ်။
Source: India Today
#World_Health
Published 21 December 2025
■ ကြက်သွန်ဖြူရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ ကိုယ်ခံအားကောင်းစေခြင်း၊ အစာကြေစေခြင်း စသဖြင့် အမျိုးမျိုးပါဝင်ပါတယ်။
■ နံနက်ခင်းမှာ ကြက်သွန်ဖြူအစိမ်းလိုက်စားခြင်းဖြင့် ကိုလက်စထရောကျဆင်းစေနိုင်တယ်လို့ ယူဆထားကြပါတယ်။
■ သူ့ရဲ့ သတ္တိကြွဒြပ်ပေါင်းတွေက သွေးဖိအားများခြင်းကို သဘာဝအတိုင်း ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယူဆချက်လည်းရှိပါတယ်။
■ ဒီအကြောင်းကို သိပ္ပံနည်းအရ လေ့လာမယ်ဆိုရင် ကြက်သွန်ဖြူကို ချေခြင်း၊ လှီးခြင်း၊ ဝါးခြင်းတို့ ပြုလုပ်တဲ့အခါ အယ်လီဆင်ဒြပ်ပေါင်း ထွက်လာပြီး သွေးလမ်းကြောင်းထဲ ရောက်စေပါတယ်။
■ သွေးကြောထဲမှာ နိုက်ထရစ်အောက်ဆိုဒ်တွေ ထွက်လာအောင် လှုံ့ဆော်ပေးပြီး သွေးကြောတွေကို ကျယ်စေပါတယ်။
■ ထိုအခါ သွေးကြောထဲက ဖိအားတွေလျော့ကျသွားပြီး သွေးပေါင်ချိန်ကို တိုက်ရိုက်ကျဆင်းစေပါတယ်။
■ လေ့လာချက်အများအပြားထဲမှာ သွေးတိုးလူနာတွေကို ကြက်သွန်ဖြူဖြည့်စွက်ဆေး ပေးခဲ့ရာ ပျမ်းမျှအားဖြင့် အပေါ်သွေး ၈.၃ မီလီမီတာမာကျူရီ၊ အောက်သွေး ၅.၅ မီလီမီတာမာကျူရီ ကျဆင်းစေတာ တွေ့ခဲ့ပါတယ်။
■ အစာမရှိတဲ့အချိန် ကြက်သွန်ဖြူအစိမ်းလိုက်စားပေးပါက အယ်လီဆင်စုပ်ယူမှုကို မြှင့်တင်ပေးပြီး သွေးတိုးထိန်းချုပ်ရာမှာ ထိရောက်မှုမြင့်မားစေနိုင်ပါတယ်။
■ တစ်နေ့ကို ထုချေထားတဲ့ ကြက်သွန်ဖြူအစိမ်းလိုက်ကို တစ်မွှာနှစ်မွှာခန့် စားသုံးဖို့အကြံပြုထားပြီး များသွားရင်တော့ အက်ဆစ်ဓာတ်များခြင်း၊ အစာခြေမကောင်းခြင်းတို့ ဖြစ်တတ်ပါတယ်။
■ ကြက်သွန်ဖြူကို ကျန်းမာရေးအတွက် အထောက်အပံ့ပေးတဲ့ နည်းလမ်းအဖြစ် မှီဝဲသင့်ပါတယ်။
Source: The Guardian.
Page 43 of 1128