#Local_News
Published _27 September 2022
ရုရှားစက်သုံးဆီကို အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက်ဦးစားပေးရောင်းချပေးမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 September 2022
ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေကို ဆေးရုံကြီး(၉)ရုံနဲ့မြို့နယ်ဆေးရုံတွေမှာ လက်ခံကုသပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမင်း ကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 27 September 2022
၁။ ကိုဗစ်လူနာများကို ဆေးရုံကြီး(၉)ရုံနှင့် မြို့နယ်ဆေးရုံများတွင် လက်ခံကုသပေးနေ
၂။ ရုရှားစက်သုံးဆီကို အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဦးစားပေးရောင်းချမည်
၃။ ယခုလအတွင်း ပြည်ပသို့ပြောင်းတန်ချိန် ခြောက်သောင်းတင်ပို့နိုင်ခဲ့
၄။ ထိုင်ဝမ်မှ သင်းခွေချပ်များ လမ်းဘေးခွေးကိုက်သည့် အန္တရာယ်နှင့်ကြုံတွေ့နေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 27 September 2022
လာမယ့် ပွင့်လင်းရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ ပြန်လည်ဦးမော့လာနိုင်ဖို့တွေ ပြင်ဆင်နေလျှက်ရှိနေပါတယ်။
#Yangon_Media_Group
#Local_News
Published_ 26 September 2022
လာမယ့်သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ပန်းတပွင့်တောင် သာသနာ့နယ်မြေ၌ ဆီမီး(၉၀၀၀)ထွန်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#World_Innovation
Published 26 September 2022
တောင်အာဖရိကမြို့နယ်တစ်ခုမှ ကျောင်းသားများဟာ သူတို့ရဲ့မိဘတွေ နေ့စဉ်လှုပ်ရှားသွားလာရေးအတွက် ရထားအသုံးပြုရာမှာ အခက်အခဲတွေရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။
#Yangon_Media_Group
Published 26 Sept 2022
ကံပန်းရောင် Fortune Pink လို့ အမည်ပေးထားတဲ့ အင်မတန်မှာရှားပါးလှတဲ့ ကျောက်မျက်ကြီးတစ်လုံးကို နိဝင်ဘာလကျရင် ဂျနီဗာမြို့မှာ လေလံတင်ရောင်းချပါတော့မယ်။ အဲဒီ ရှားပါး ပန်းရောင်စိန်ပွင့်ကြီးကို ဒေါ်လာ ၃၅ သန်းအထိ ရရှိလိမ့်မယ်လို့ လေလံတင်သူတွေက မျှော်လင့်ထားကြတယ်လို့ ပြောပါတယ်။
၁၈ ကာရက်ရှိတဲ့ အရောင်စိုနေတဲ့ အဲဒီကျောက်မျက်ရတနာကြီးဟာ လေလံတင်ရောင်းချသမျှ ပန်းရောင်စိန်တွေထဲမှာ အရည်အသွေးအရရော အရွယ်အစားအရပါ အကောင်းဆုံးနှင့် အကြီးဆုံးဖြစ်ပါတယ်လို့ ခရစ်စတီး လေလံအိမ်က ပြောပါတယ်၊
နိုဝင်ဘာ ၈ရက်မှာ ဈေးပြိုင်စနစ်နှင့်လေလံတင်မယ့် စိန်ကြီးကို ဒေါ်လာ ၂၅သန်းကနေ ၃၅ သန်းအထိ ရရှိလိမ့်မယ်လို့ ခရစ်စတီးလေံလံအိမ်က မျှော်လင့်ထားပါတယ်။
တောက်ပြောင်နေတဲ့ ပန်းရောင် မျက်ရည်စက်ပုံစံ စိန်ကြီးဟာ အလေးချိန်အတိအကျပြောရရင် ၁၈.၁၈ ကာရက်ရှိပါတယ်။
ဒီနံပါတ်ဟာ အာရှအတွက် ကံကောင်းတဲ့ နံပါတ်ဖြစ်တယ်။ ဒီစိန်ပွင့်ကြီးကို ကမ္ဘာအနှံ့ကစုဆောင်းသူတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ခရစ်စတီးရဲ့ အကြီးတန်း လက်ဝတ်ရတနာ ကျွမ်းကျင်သူ အိန်ဂျယ်လာ ဘာဒန်က ပြောပါတယ်။ နံပါတ်က မင်္ဂလာရှိတဲ့ ၁၈.၁၈ကာရက်ဖြစ်လို့ ဒီအလေးချိန်ဟာ ပိုင်ရှင်အသစ်အတွက် ကံကောင်းခြင်တွေကို ယူဆောင်လာပေးလိမ့်မယ်လို့လည်း သူမကပြောပါတယ်။
“သိပ်လှတဲ့ကျောက်တစ်ပွင့်ပဲ။ ဒီအရွယ်အစားနှင့် စိုတောက်နေတဲ့ ပန်းရောင်ရှိတဲ့ ပန်းရောင်စိန်တစ်ပွင့်ဆိုတော အတော်ရှားရှားပါးပါး ရှာတွေ့တာမျိုးပါ” လို့လည်း သူကပြောပါတယ်။
ဒီကျောက်ရဲ့ အရောင်ပြည့်ဝမှုဟာ သဘာဝအတိုင်း အတော်ရှာတွေ့ဖို့ခက်ပါတယ်။ ဒီလို အရွယ်အစား ဒီလို အရောင်မျိုးနှင့် ဒီလို အရည်အသွေးသန့်မှုနှင့်ဆိုတာ ရှားပါး ကျောက်ပဲဖြစ်တယ်” လို့ သူမကပြောပါတယ်။
၂၀၁၈ခုနှစ်တုန်းက ခရစ်စတီးဟာ Winston Pink Legacy ဆိုတဲ့ အလေးချိန် ၁၈.၉၆ ရှိ စိန်ပွင့်ကြီးကို ဒေါ်လာ သန်း၅၀ကျော်နှင့် ရောင်းခဲ့ပါတယ်။အဲဒီတုန်းက ဒီလိုကျောက်အမျိုးအစားတွေထဲမှာ တစ်ကာရက်မှာ ဈေးအများဆုံးရခဲ့တာပါ။ မနှစ်တုန်းက ၃၇.၃ ကာရက်ရှိတဲ့ Raj Pink ရာ့ချ်ပင့် စိန်ပွင့်ကြီးကို ဆောက်သဘီလေလံကုမ္ပဏီက လေလံတင်ရောင်းချခဲ့ပေမယ့် ရောင်းမထွက်ခဲ့ပါဘူး။ အဲဒီတုန်းက အဲဒီစိန်ကြီးကို ဒေါ်လာ သန်း၃၀အထိရလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြတာဖြစ်ပါတယ်။
Source AFP
#The_Fortune_Pink
#Rare_pink_diamond
#Christie's_auction
Page 1172 of 1404