Published 27 April 2022
အာရပ်စော်ဘွားမျာပြည်ထောင်စု(ယူအေအီး)နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဉာဏ်ရည်တု(အေအိုင်)ဝန်ကြီးကိုခန့်အပ် လိုက်ပါတယ်။ စီးပွားရေး အကျိုးအမြတ်အတွက် သာမကဘဲ ဉာဏ်ရည်တုလုပ်ငန်းမှာ ဦးဆောင်နိုင်ငံဖြစ်လာအောင် လုပ်မယ်လို့ ဉာဏ်ရည်တုဝန်ကြီး အယ်အိုမာဘင်ဆူလ်တန်အယ်လ်အိုလာမာက ပြောပါတယ်။
သူက ဒူဘိုင်းမြို့တော်မှာပြုလုပ်တဲ့ အေအက်ဖ်ပီနှင့်အင်တာဗျူးမှာ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ ထုတ်လုပ်မှုတစ်ခုအဖြစ် အလေးပေးပြောဆိုခဲ့ပါတယ်။
Source AFP
#LocalNews
Published - 27 Aprb2022
ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်ကြောင့် ကာကွယ်ဆေးအကြိမ်ရည်အပြည့်မထိုးနှံရသေးသောမြန်မာသင်္ဘောသားများအနေဖြင့် ပြည်တွင်းပြန်လည်ဝင်ရောက်ရေးအခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published-27 April 2022
အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် စားသောက်ဆိုင်လုပ်ငန်းတွေအနေနဲ့ အချို့ဆိုင်တွေပြုတ်သွားတာ၊အချို့ဆိုင်ခွဲတွေကို ပိတ်လိုက်ရတာမျိုးတွေရှိတယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဌ ဦးနေလင်းကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 27 April 2022
တစ်ရက်လျှင် စက်သုံးဆီဖိုးသိန်းချီကုန်ကျနေသည့်အတွက် ပရဟိတအသင်းများအနေနဲ့ လူမှုကူညီပေးဖို့ အခက်အခဲများရှိလာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published -27 April 2022
၁။ စားသောက်ဆိုင်လုပ်ငန်းအချို့ ပိတ်လိုက်ရခြင်းမျိုးရှိနေ။
၂။ တစ်ရက်လျှင် စက်သုံးဆီဖိုး သိန်းချီကုန်ကျနေသည့်အတွက် ပရဟိတအသင်းများ လူမှုကူညီပေးဖို့ အခက်အခဲများရှိလာ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ နိုင်ဂျီးရီးယားလက်မှုပညာရှင်များက အုန်းခွံများဖြင့်လက်မှုပစ္စည်းများဖန်တီးပြီး ခင်းကျင်းပြသ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 27 April 2022
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်ဟာ မော်စကိုမြို့တော်မှာ ရှိတဲ့ ကရင်မလင် သမ္မတအိမ်တော်မှာ ဧပြီ ၂၆ ရက်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ ကုလထွေချုပ်ဟာ ရုရှားသမ္မတပူတင်၊ ယူကရိန်းးသမ္မတ ဇီလင်စကီးတို့နှင့် သီးခြားစီတွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
လက်ရှိစစ်ဆင်ရေးကဆက်သွားနေပေမယ့် သံတမန်လမ်းကြောင်းအရ သဘောတူညီချက်ရရှိနိုင်သေးတယ်လို့ သူယုံကြည်တယ်လို့ ပူတင်ကပြောပါတယ်။ သူတို့ ဟာဆက်လက်စေ့စပ်ညှိနှိုင်းနေပြီး ဆွေးနွေးမှုကို မပယ်ချဘူးလို့သူကပြောပါတယ်။
Source AFP
#WorldPolitics
Published 26 April 2022
ဖိလစ်ပိုင်အာဏာရှင်ဟောင်း'ဖာဒီနန်မားကိုစ်'ရဲ့သားဖြစ်သူဟာ မေလ ၉ ရက်နေ့သမ္မတရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုပါက လက်ရှိအာဏာရနေတဲ့'မားကိုစ်'မျိုးဆက်တွေဆက်လက်အာဏာတည်မြဲနေဦးမှာဖြစ်ပါတယ်။
#Yangon_Media_Group
Page 1068 of 1145