#WorldBusiness
Published 18 June 2022
အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းတက်ပြီးနောက် စင်ကာပူနိုင်ငံက လူသုံးကုန်ပစ္စည်းဈေးနှုန်းများတည်ငြိမ်အောင် ကြိုးစားလျက်ရှိပြီး စင်ကာပူငွေကြေးတန်ဖိုးလျော့နည်းလာခြင်းကြောင့် သွင်းကုန်များ ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
Published 18 June 2022
ဆော်ဒီအာရေဗျရဲ့ သမိုင်းဝင်နေရာဖြစ်တဲ့ ဒီရီယာဒ်ဒိစတြိတ်နှင့် ယင်းရဲ့ ၁၈ရာစု ဆာလ်ဝါနန်းတော်ကြီးကို ပြန်လည်ပြုပြင်ပြီး ယခုနှစ် နှောင်းပိုင်းမှာ အများပြည်သူကို ဖွင့်လှစ်ပြသတော့မှာ ဖြစ်ပါတယ်။
အဲဒီနေရာဟာ ဆော်ဒီအာရေဗျရဲ့ အယ်လ်ဆော့ဒ် တော်ဝင်မိသားစုဟာ အာရေဗျကျွန်းဆွယ်ကို သိမ်းပိုက်ဖို့ အစီအစဉ်စတင် ရေးဆွဲခဲ့တဲ့ နေရာလို့ သိကြပါတယ်။
ဒီရီယာဒ်ဟာ ဆော်ဒီတော်ဝင်မိသားစုရဲ့ ဇာတိဖြစ်ပြီး ၁၇၄၄ ခုနှစ်ကနေ ၁၈၁၈ ခုနှစ်အထိ ပထမဆော်ဒီမင်းဆက်တွေ လက်အောက်က ဒီရီယာဒ်စော်ဘွားနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။
အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြို့တော်ရီယာဒ်ရဲ့ အနောက်မြောက်ဖက်မှာရှိတဲ့ အဲဒီသမိုင်းဝင်နေရာကို ပြန်လည်မွမ်းမံပြီး အများပြည်သူပြသဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
Source: AFP
#Health_Matters
Published - 18 June 2022
-One Health က ကျန်းမာရေးစရိတ်တွေကို ဘယ်လောက်လျှော့ချပေးနိုင်မလဲ။ဘယ်သူတွေပါဝင်ရမှာလဲ??
#Yangon_Media_Group
Published 18 June 2022
ကြာသပတေးနေ့ကအယ်လာဘားမားမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရဲကပြောပါတယ်။
အယ်လာဘားမားက ဗက်စတာဗီယာဟေးလ် မြို့က စိန့် စတီဖန် အီပစ်ကော့ပယ် ဘုရားကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ သံသယရှိသူကိုတော့ ဖမ်းဆီးထားတယ်လို့ မြို့ရဲတပ်ဖွဲ့က ဖေ့စ်ဘုတ်ခ်မှာ သတင်းတင်ထားပါတယ်။
Source AFP
#Health_Matters
Published - 18 June 2022
-One Health ဟာ ဂေဟစနစ်ကို ဘယ်လိုအထောက်အကူပြုပါသလဲ??
#Yangon_Media_Group
#Health_Matters
Published - 18 June 2022
-One Health ဆိုတာ ဘာကိုဆိုလိုသလဲ။ဘာကိုရည်မှန်းပါသလဲ??
#Yangon_Media_Group
#LocalNews
Published - 18 June 2022
ပြည်တွင်းမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေရဲ့ဝန်ဆောင်မှုလုပ်ငန်းဟာ ပုံမှန်လည်ပတ်နေပြီလို ဗဟိုဘဏ်ကနေ သိရပါတယ်။
#Yangon_Media_Group
Page 933 of 1059