#Local_News
Published _ 13 December 2022
ကိုဗစ်ကာလအပြီး အိမ်ခြံမြေဈေးကွက်မှာ ရန်ကုန်မြို့တွင်းမြို့နယ်တွေထက် ဒဂုံ(၄)မြို့နယ်နဲ့ မြေကွက်လုံးချင်းတွေက အရောင်းအဝယ်ပိုဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း(MRPDA) ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 December 2022
အသက်(၇၅)နှစ်အထက် သက်ကြီးဂီတပညာရှင်ကြီး(၃၀၀)နီးပါးခန့်ကို အခုဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ပူဇော်ကန်တော့သွားဖို့ရှိတယ်လို့မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 13 December 2022
၁။ သက်ကြီးဂီတပညာရှင်ကြီး(၃၀၀)နီးပါးကို ပူဇော်ကန်တော့သွားရန်ရှိ
၂။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း Down Town မြို့နယ်များထက် ဒဂုံမြို့နယ်များ၌ အရောင်းအဝယ်ပိုဖြစ်နေ
၃။ ပြည်ပဝယ်လိုအားများနေသည့်အတွက် ကြက်သွန်နီဈေးနှုန်း ယခင်နှစ်ထက် ဈေးပိုမြင့်တက်လာ
၄။ ကင်ညာနိုင်ငံ မာဆိုင်းလူမျိုးတို့၏ ရိုးရာခြင်္သေ့အမဲလိုက်ပွဲအစား အားကစားပြိုင်ပွဲများဖြင့် အစားထိုးကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local _News
Published _ 13 December 2022
လက်ရှိမှာတော့ အောင်ပန်းကထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေနဲ့ ပဲလိပ်ပြာတွေဟာ ဝယ်လိုအားနည်းပြီး ရောင်းလိုအားများလာတာကြောင့် ဈေးတွေထိုးကျသွားခဲ့တယ်လို့ အောင်ပန်းကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_12 December 2022
မြန်မာဘက်ကနေ တရုတ်နိုင်ငံဘက်ကို တင်ပို့တဲ့ပို့ကုန်တန်ဖိုးဟာ မြင့်တက်လာပြီး တရုတ်ဘက်ကနေ မြန်မာဘက်ကိုတင်သွင်းတဲ့ သွင်းကုန်တန်ဖိုးလျော့ကျနေတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Asia_Island
Published 12 December 2022
ဘက်ခ်ယောင်ကျွန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အနောက်စွန်ဆုံးနေရာမှာရှိပြီး သံဆူးကြိုးချထားတဲ့ကမ်းခြေနေရာတိုင်းကနေ မြောက်ကိုရီးယားဘက်ကို မြင်တွေ့နိုင်ပါတယ်။
#Yangon_Media_Group
Published 12 Dec 2022
တရုတ်ပြည်တွင်းထုတ် C919 လေယာဉ်ဟာ နိုင်ငံတကာ ဂျက်လေယာဉ်ကြီးဈေးကွက်မှာ ဘိုအင်းနှင့်အဲယားဘတ်စ် ကုမ္ပဏီနှစ်ခုပဲ ကြီးစိုးထားတာကို အဆုံးသတ်စေလိမ့်မယ်လို့ မျှော်လင့်ပြီး ဖောက်သည်တွေအတွက် ရွေးချယ်စရာ ပိုများလာစေလိမ့်မယ်လို့ အဆိုပါလေယာဉ်ရဲ့ ဒီဇိုင်းအင်ဂျင်နီယာချုပ် ဝူကွမ်ဟွေ့က ပြောလိုက်ပါတယ်။
ပထမဆုံး C919 လေယာဉ်ကို ပထမဆုံးဖောက်သည်ဖြစ်တဲ့ တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်းကို သောကြာနေ့က ပေးပို့ ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ မြို့ပြလေကြောင်းသယ်ယူပို့ဆောင်ရေးဈေးကွက်မှာ ပထမဆုံး ပြည်တွင်းထုတ် ဂျက်လေယာဉ်ကြီးစတင်ရရှိလိုက်တာပဲဖြစ်ပါတယ်။
အဲဒီလေယာဉ်ဟာ ခရီးသည်မပါဘဲ နာရီ၁၀၀ စမ်းသပ်ပျံသန်းမှုတွေပြုလုပ်မှာပါ။အဲသလိုပျံသန်းတဲ့အခါ ရှန်ဟိုင်း၊ပေကျင်း နှင့် ကွမ်ကျိုးတို့မှာ ရပ်နားပါလိမ့်မယ်။
၂၀၂၃ခုနှစ် နွေဦးမှာတော့ လေယာဉ်ကို ခရီးစဉ်တွေစတင်ပျံသန်းဖို့ မျှော်မှန်းထားကြပါတယ်။
“ ၂၀၁၇ခုနှစ်မှာ C919 ကိုပထမဆုံးပျံသန်းခဲ့တာကနေ လေကြောင်းပျံသန်းခွင့်လက်မှတ် ၂၀၂၂မှာရခဲ့တဲ့အထိ ကျွန်တော်တို့ ငါးနှစ်တာကာလပတ်လုံး စမ်းသပ်မှုတွေ အများကြီးလုပ်ခဲ့ပြီးပါပြီ။ အဲဒီအထဲမှာ မြေပြင်နှင့်ဝေဟင်စမ်းသပ် မှဒတွေကနေ လေယာဉ်အန္တရာယ်ကင်းရှင်းမှု အသေအချာဖြစ်စေဖို့အထိပါဝင်ပါတယ်” လို့ တရုတ်ဗဟိုရုပ်သံနှင့် တနင်္ဂနွေနေ့က အင်တာဗျူးမှာ ဝူက ပြောခဲ့ပါတယ်။
တရုတ်လေကြောင်းလိုင်းတွေဟာ C919 ကို နိုင်ငံတကာခရီးစဉ်တွေမှာ ပျံသန်းနိုင်မယ်လို့ သူကမှတ်ချက်ပေးပါတယ်။ ဒါပေမယ့် အကယ်၍ နိုင်ငံခြားလေကြောင်းကုမ္ပဏီတွေက C919 ကို ဝယ်ယူပျံသန်းချင်ရင် သူတို့ရဲ့မိခင်နိုင်ငံတွေဆီက လေယာဉ်ပျံသန်းခွင့်လက်မှတ်အရင်ရယူဖို့လိုမယ်လို့လည်းသူကပြောပါတယ်။
အခြားနိုင်ငံတွေဆီက ပျံသန်းခွင့်လက်မှတ်ကို ခပ်မြန်မြန်ရနိုင်သမျှရယူသွားမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖောက်သည်တွေ အတွက် ရွေးချယ်စရာပိုများလာမှာဖြစ်တယ်လို့ ဝူကပြောပါတယ်။
“လေယာဉ်ပျံကြီးတွေရဲ့ဈေးကွက်ဟာ အလွန်ကြီးတယ်။ပြီးတော့ အလွန်လျင်မြန်စွာဖွံ့ဖြိုးနေတယ်။ တရုတ်လေယာဉ် တွေ အဲဒီဈေးကွက်ထဲရောက်ရှိလာပြီး လာမယ့် အနှစ်(၂၀)အတွင်း အရေအတွက်နှစ်ဆတိုးလာလိမ့်မယ်။ အဲသလို ဖွံဖြိုးမှုနှုန်းနှင့် ဈေးကွက်ဟာ တတိယနှင့် စတုတ္ထမြောက် လေယာဉ်ကြီးထုတ်လုပ်သူတွေအတွက် လုံလောက်တဲ့ နေရာ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ ဒီဈေးကွက်မှာ အားလုံးအောင်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာနိုင်မယ်လို့ယုံကြည် တယ်” လို့လည်း သူကပြောပါတယ်။
C919 ဟာ အားသာချက်တွေအများကြီးရှိပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးခရီးသည်တင်လေယာဉ်တွေထဲက တစ်စီး ဖြစ်တယ်လို့ ဝူကပြောပါတယ်။
“ C919ဟာ ဒီဇိုင်းအသစ်တွေ အများကြီးသုံးထားတယ်။ တည်ဆောက်ပုံ၊အသုံပြုတဲ့ပစ္စည်းနှင့်အင်ဂျင်အရ ပြောရရင် ခေတ်အမီဆုံးလေယာဉ်တွေထဲမှာ ပါဝင်နေတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်အပေါ် ကျွန်တော်တို့ ယုံကြည်မှုအပြည့်အဝ ရှိတယ်။ C919 ကိုကမ္ဘာ့နိုင်ငံတွေကို ရောင်းနိုင်ပြီးတစ်နေ့နေ့မှာ လေယာဉ်ဟာ ကမ္ဘာအနှံ့ပျံသန်းနေတဲ့လေယာဉ်ဖြစ်လာ မယ်လို့မျှော်လင့်ယုံကြည်ထားတယ်” လို့လည်း သူကပြောပါတယ်။
ခေတ်အမီဆုံးလေယာဉ်တွေထဲက တစ်ခုဖြစ်တဲ့ C919 ဟာ ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ အခြား ကုမ္ပဏီတွေက အသားကျပြီး လေယာဉ်တွေနှင့် ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။
လွယ်ကူလှတဲ့အလုပ်မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။ အတော်အပင်ပန်းခံကြိုးစားခဲ့ရပြီး ယခုထက်ထိ ပြဿနာကြီးကြီးကျယ်ကျယ်မကြုံခဲ့ရဘူးလို့ တရုတ်နိုင်ငံပိုင်ရုပ်သံကို ဝူကပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
#C919_Jet
#China_Made_Jet_Liner
#China_Aviation
Page 932 of 1251