#Daily_News
Published_ 15 February 2024
၁။ ရှေ့လတွင်ပုံမှန် နွေရာသီထက်ပိုပူပြီးရေရှားပါးခြင်းနှင့်အပူကြောင့် ရောဂါဖြစ်ပွားနိုင်
၂။ မွန်ဒေသထွက် မရမ်းသီးများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်ပြီးပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေ
၃။ မြင်းလေလံတင်ရောင်းချပွဲ ကို စိတ်ဝင်စားမှုများသော်လည်း သယ်ယူစရိတ်များကြောင့် နယ်ဝေးမှ မြင်းပိုင်ရှင်များ လာရောက်ရောင်းချရန် စာရင်းပေးမှုနည်းနေ
၄။ တရုတ် လာအို နိုင်ငံတကာခရီးစဥ်ရထားလမ်းဝန်ဆောင်မှုဖြင့် ခရီးသည်လျင်မြန်စွာနယ်စပ်ဖြတ်ကျော်သွားလာနိုင်ပြီ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ပြည်ပနိုင်ငံများကို တရားဝင်အလုပ်သွားရောက် လုပ်ကိုင်နိုင်မယ့် အလုပ်ခေါ်စာတင်ပြ မှုများကို ဖေဖေါ်ဝါရီ ၁၄ ရက် မှာ အလုပ်သမားဝန်ကြီးဌာနရဲ့ တရားဝင်လူမှုကွန်ယက် ဖြစ်တဲ့ Safe migration မှ Demand Letter အလုပ်ခေါ်စာ အသစ်များတင်ပြခြင်းကိုခေတ္တဆိုင်းငံ မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပေမယ့် ဖေဖေါ်ဝါရီ ၁၅ ရက် မှာတော့ အလုပ်ခေါ်စာအသစ်များ ဝန်ကြီးဌာနကို ပုံမှန်အတိုင်း ပြန်လည်တင်ပြနိုင်ပြီလို့ ထပ်မံ ကြေညာခဲ့ပါတယ်။
Yangon Times/LW
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြင်းလေလံပွဲကျင်းပရေးကော်မတီကို လေလံပွဲမှာ ရောင်းချဖို စာရင်းပေးရ မှာ ရန်ကုန်တိုင်း အတွင်းရှိမြို့နယ်တွေ က အများဆုံးဖြစ်ပြီး နယ်ဝေးသမားတွေ အနေနဲ့ မြင်းမရောင်းရပါက ကုန်ကျမယ့် သယ်ယူစရိတ်ကို တွက်ဆနေရတဲ့ အတွက် စာရင်းပေးမှု အားနည်းတယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မွန်ဒေသထွက် မရမ်းသီးများရန်ကုန်ဈေးကွက်သို့ဝင်ရောက်ပြီးပေါ်ဦးပေါ်ဖျားဈေးကောင်းရနေ
' သီရိမဂ်လာဈေးကို အရင်လက ထားဝယ်ကမရမ်းသီး စဝင်တယ်၊ အခုမော်လမြိုင်နဲ့ တောင်စွန်းက စဝင်နေတယ်၊ ဈေးကတစ်ပိသာ ၁၈,၀၀၀ ပါ၊ အရင်လက အသီးမလှသေးဘူး၊ အခုလှလာပြီ'
Yangon Times/NN
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရှေ့လပုံမှန် နွေရာသီထက်ပိုပူပြီး ရေရှားပါး ပြတ်လတ်နိုင်
"အယ်နီညိုသက်ရောက်လို ပိုပူမယ့် အခုနှစ်နွေရာသီမှာတော့ရေရှားပါးပြတ်လတ်မှုပြဿနာပိုကြုံနိုင်လို နေအိမ်တွေနဲ့ ရေပေးဝေရေးဌာနတွေမှာ ရေသိုလှောင်တာ၊ ရေစုဆောင်းတာစတဲ့ ကြိုတင်ပြင်ဆင်မှု တွေဆောင်ရွက်ထားသင့်တယ်"
Yangon Times/tthl
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၁၄ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍ အမျိုးမျိုးထွက်ပေါ်နေသည့် ကောလာဟလ သတင်း များနှင့် ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ ၁၄ရက်တွင် ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။
အဆိုပါတုန့်ပြန်ပြောကြားချက်အပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
@ymg/knl
Page 661 of 1377