ဆဌသင်္ဂါယနာ သာသနားသမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)အခမ်းအနားကို ဩဂုတ်၁၉ရက်မှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 19 August 2024
#ဝါခေါင်လပြည့်အခမ်းအနား #ငြိမ်းချမ်းရေးဂျိုးငှက်
#YMG/NN #Yangon_Times
ရေနစ်မြှုပ်တဲ့ ကွမ်းခြံတွေကို အစာကျွေးတာရပ်နားပြီး အရိပ်ထပ်ခြင်းအပါအဝင် အမြစ်သစ်တွေထွက်ရှိအောင် ပြုပြင်ထိန်းသိမ်းတာတွေ ပြုလုပ်ဖို့လိုအပ်တယ်လို့ ကွမ်းခြံလုပ်ငန်းနည်းပညာဖြန့်ဝေသူတွေဆီက သိရပါတယ်။
#Local_News
Published 19 August 2024
#ကွမ်းခြံ #အစာကျွေးခြင်းရပ်
#YMG/NN #Yangon_Times
စားသုံးဆီဖူလုံအောင် နေကြာကို ၂၀၂၇-၂၀၂၈ ခုနှစ်မှာ မိုးနဲ့ဆောင်း စုစုပေါင်းစိုက်ဧက ၃ ဒသမ ၀၇ သန်း လျာထားစိုက်ပျိုးသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 19 August 2024
#နေကြာကိုတိုးချဲ့စိုက်ပျိုး #စားသုံးဆီဖူလုံအောင်
#YMG/tthl #Yangon_Times
၁၉ ဩဂုတ် ၂၀၂၄
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရေယာဉ်နှင့် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတို့ ယနေ့ ဩဂုတ် ၁၉ ရက် မနက် ၃ နာရီ ၂၃ မိနစ်က တရုတ်ရေပိုင်နက်ထဲမှာ တိုက်မိတယ်လို့ တရုတ်အစိုးရ စီစီတီဗွီက သတင်းထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ဟာ တရုတ်နိုင်ငံပိုင် နန်ရှာကျွန်းစုတွေရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ ရှန်ပင်းကျောင် ကျောက်တန်း နှင့်ကပ်လျက် ရေပြင် ထဲ ကျူးကျော်ဝင်ရောက်ရင်း တိုက်မိကြတာဖြစ်တယ်လို့သတင်းကဆိုပါတယ်။
ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ရေယာဉ် ၄၄၁၀ ဟာ ရုတ်တရက်လှည့်လိုက်ပြီး တရုတ်ကမ်းခြေစော့် ယာဉ် ၂၁၅၅၁ ကို တိုက်လိုက်တာတွေ့ရပါတယ်။
အဲဒီရေယာဉ်ဟာ တရုတ်ကမ်းခြေစောင့်တပ်က အကြိမ်ကြိမ်သတိပေးချက်ကို မလိုက်နာဘဲ တရုတ်ရေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ကာ တမင်ပင် တရုတ်သင်္ဘောကို ဝင်တိုက်တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Source CCTV
မိုးရေချိန်များတဲ့ဒေသ(၉)ခုရှိခဲ့ပြီး ရန်ကုန်အပါ အဝင်ဒေသ(၉)ခုမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 18 August 2024
#ရန်ကုန်အပါအဝင်ဒေသ(၉)ခု #မိုးတိမ်တောင်များဖြစ်ထွန်း
#YMG/tthl #Yangon_Times
(၃)ရက်အတွင်း ကမ္ဘာ့ရွှေဈေး(၁၅) ဒေါ်လာပြန်ကျလာပြီး မြန်မာ့ရွှေဈေးပါ သောင်းဂဏန်းပြန်ကျလာတယ်လို့ သိရပါတယ်။
#Local_News
Published 18 August 2024
#ကမ္ဘာ့ရွှေဈေး(၁၅)ဒေါ်လာပြန်ကျ #ရွှေဈေးသောင်းဂဏန်းပြန်ကျ
#YMG/tthl #Yangon_Times
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များအတင်းအဓမ္မလိင်ကျွန်ပြုခြင်းခံခဲ့ရသည့် ဖိလစ်ပိုင်အမျိုးသမီးများ၏မိသားစုဝင်များ ငိုကြွေးဆန္ဒပြ
ဂျပန်ခေတ်တုန်းက ဖိလစ်ပိုင်မှ လိင်ကျွန်ပြုခံအမျိုးသမီးတွေရဲ့ မိသားစုဝင်တွေဟာ မနီလာမြို့ ရော့ဆက်စ်ဘူလ်ဗက်ဒ်မှာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး စစ်ပွဲအတွင်း ရက်စက်ခံခဲ့ရတဲ့ နှိပ်စက်ခံမိသားစုဝင်တွေကို ဂျပန်အစိုးရမှ တောင်းပန်မှုပြုရန် အလိုရှိနေကြပါတယ်။
#World_Crime
Published 17 August 2024
#အဓမ္မလိင်ကျွန်ပြုခြင်းခံခဲ့ရ #ငိုကြွေးဆန္ဒပြ
#YMG #Yangon_Times #Yangon_Media_Group
Page 517 of 1378