#Daily_News
Published 04 Apirl 2025
၁။ ဧပြီ ၅ ရက်မှစ၍ အမြန်လမ်းတွင် ရန်ကုန်မှနေပြည်တော်ထိ ယာဉ်ငယ်များ သွားလာနိုင်မည်
၂။ ဂျပန်က အရေးပေါ်ကူညီထောက်ပံ့ငွေ ဒေါ်လာ (၆) သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်
၃။ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ အမြန်ရထားများ မနက်ဖန်မှစ၍ ပြန်လည်ပြေးဆွဲမည်
၄။ အမေရိကန်အစိုးရ၏ မော်တော်ကားတင်သွင်းမှုအခွန်စည်းကြပ်ခြင်းသည် ဂျပန်စီးပွားရေးထိခိုက်လာနိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၄ ဧပြီ၂၀၂၅
ရုရှား အကော်ဒီယံပညာရှင် အလက်ဇန်းဒါး ဇာဇူလင် ကို ရှင်းကျန်းမှာ တွေ့ဆုံလိုက်ကြရအောင်။
၁၉၉၁ ခုနှစ်ကတည်းက သူ၏ အကော်ဒီယံပြင်ဆိုင်သည် ကျော်ကြားလာခဲ့ပါတယ်။
နှစ် ၄၀ အတွင်း၊ နိုင်ငံ ၂၀ ကျော်မှ အကော်ဒီံယံ ၈၀၀ ကျော် ကိုသူ စုဆောင်းနိုင်ခဲ့ပြီး သူ၏ ၁,၂၀၀ စတုရန်းမီတာ ကျယ်ဝန်းသော ပြတိုက်သည် သမိုင်းဝင် အကော်ဒီယံများဖြင့် ပြည့်နှက်နေကာ၊ တစ်ခုချင်းစီတွင် ထူးခြားသော ဇာတ်လမ်းတစ်ပုဒ် ရှိနေကြပါတယ်။
၂၀၁၃ ခုနှစ်တွင်၊ ရုရှားလူမျိုးစု၏ ဘာရန်အနုပညာ ကို ထိန်းသိမ်းခဲ့သည့်အတွက် နိုင်ငံတော်က ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်သူပညာရှင်အဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်။
သမိုင်းကို ထင်ဟပ်နေသည့် သူ၏ သံစဉ်တိုင်းကို ခံစားကြည့်ဖို့ သူ့့ရဲ့ကမ္ဘာထဲ ဝင်ရောက်ကြည့်ရှုကြပါစို့ လား။
Source CGTN
ရန်ကုန်ရွှေတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ၁၂ကြိမ်မြောက် နှစ်ဦးအကြို စတုဒီသာကျွေးမွေးလှုဒါန်းပွဲကို ဒီကနေ့မှာ ရန်ကုန်မြို့ ၊ပန်းပဲတန်းမြို့နယ် ၊ ရွှေဘုံသာလမ်းရှိ အသင်းရုံးရှေ့မှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 04 Apirl 2025
#ရွှေလုပ်ငန်းရှင်များအသင်း #နှစ်ဦးအကြိုစတုဒီသာကျွေးမွေးလှူဒါန်းပွဲ
#YMG/NN #Yangon_Times
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၆) သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#နိုင်ငံတကာအဖွဲ့အစည်း #ထောက်ပံ့ပေးအပ်
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြေးဆွဲပေးနေတဲ့ လူစီးအမြန်ရထားတွေကို မနက်ဖန်ကနေစတင်ပြီး ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Local_News
Published 04 Apirl 2025
#အမြန်ရထား #မနက်ဖန်မှစ၍ပြန်လည်ပြေးဆွဲ
#YMG/NN #Yangon_Times
ပြင်သစ်မှ ဈေးကွက်မျှတယှဉ်ပြိုင်ရေး စောင့်ကြည့်အဖွဲက ဧပြီ ၂၀၂၁ မှ ဇူလိုင် ၂၀၂၃ အတွင်း စက်ပစ္စည်းများမှာ မိုဘိုင်းအက်ပ်ကြော်ငြာမှုအပိုင်း လွှမ်းမိုးထားတဲ့ အခြေအနေကို အလွဲသုံးစားလုပ်ခဲ့တဲ့ Appleကို တနင်္လာနေ့က ယူရိုငွေသန်း ၁၅၀ ဒဏ်ရိုက်ခဲ့ပါတယ်။
#Asia_Development
Published 2 Apirl 2025
#ပြင်သစ်ဈေးကွက်မျှတရေးစောင့်ကြည့်အဖွဲ့ #Appleအားယူရိုးသန်း(၁၅၀)ဒဏ်ရိုက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 03 Apirl 2025
၁။ MCEF က ငလျင်ဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးများ ကူညီပံ့ပိုးပေးမည်
၂။ ယခုလကုန်အထိ လိုင်စင်လျှောက်ထားရန်မလိုဘဲပို့ကုန်များတင်ပို့နိုင်မည်
၃။ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များမှ ကျပ်သိန်းတစ်သောင်းဝန်းကျင် လှူဒါန်းသွားမည်
၄။ ပြင်သစ်ဈေးကွက်မျှတရေးစောင့်ကြည့်အဖွဲ့က Appleအားယူရိုးသန်း(၁၅၀)ဒဏ်ရိုက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်
#YMG #Yangon_Times #Yangon_Media_Group
Page 344 of 1378