အိမ်ထောင်စုတစ်စုအတွက် စားအုန်းဆီတစ်လစာ ၂ ပိဿာ ၇၅ကျပ်သား (၅ လီတာ)ကို နေအိမ်အရောက်မှာယူနိုင်ပြီလို့ ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီက သိရပါတယ်။
#Local_News
Published 02 May 2025
#စားအုန်းဆီ #အိမ်အရောက်မှာယူနိုင်ပြီ
#YMG/NN #Yangon_Times
မတ်(၂၈) ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ယာယီရပ်နားထားခဲ့တဲ့ အွန်လိုင်းမှတဆင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို မေလ၁ရက်က စတင်ပြီး ပြန်လည်လက်ခံနေပြီလို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 02 May 2025
#အွန်လိုင်း #နိုင်ငံကူးလက်မှတ်လျှောက်ထားမှုလက်ခံ
#YMG/SW #Yangon_Times
ဖွံ့ဖြိုးရေးဘဏ်သစ်(NDB) လက်ခံဖွင့်လှစ်လိုက်တဲ့ တရုတ်ဟာ ဘဏ်လုပ်ဆောင်မှုများနဲ့ ဖွံ့ဖြိုးရေးကို ဆက်လက်ပြီးတော့ စွဲမြဲထောက်ပံ့သွားမှာဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင် ဘဏ်အကြီးအကဲ ဒီလ်မာရူဆက်ဖ်နဲ့ ရှန်ဟိုင်းမှာတွေ့ဆုံဆွေးနွေးရာမှာ ပြောကြားလိုက်ပါတယ်။
#Asia_Business
Published 01 May 2025
#ဖွံ့ဖြိုးရေးဘဏ်သစ် #ရှန်ဟိုင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 01 May 2025
၁။ ငလျင်အဆောက်အအုံများ ပြန်ဆောက်ရေး နည်းလမ်း ၃ မျိုးဖြင့်ဆောင်ရွက်မည်
၂။ ငလျင်ဒဏ်ခံစားခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပညာပေးမှုများ ဆောင်ရွက်ပေးနေ
၃။ ယခုလမုတ်သုံစတင်ဝင်ရောက်ပြီး ဒေသအများစု၌ မိုးဦးတွင် မိုးပိုနိုင်
၄။ ရှန်ဟိုင်း၌လက်ခံဖွင့်လှစ်လိုက်သည့် ဖွံ့ဖြိုးရေးဘဏ်သစ်သို့ တရုတ်သမ္မတရှီကျင့်ဖျင်လာရောက်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုလအတွင်းမှာ နိုင်ငံအနှံ့ မုတ်သုံစတင်ဝင်ရောက်ပြီး ဒေသအများစုမှာတော့ မိုးဦးကာလတွေမှာ အရင်နှစ်ကထက်မိုးပိုနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။
#Local_News
Published 01 May 2025
#မုတ်သုံစတင်ဝင်ရောက် #မိုးဦးတွင်မိုးပိုနိုင်
#YMG/NN #Yangon_Times
တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ဝင်ငွေခွန် ပေးသွင်းရာမှာ သံရုံးဘဏ်စာရင်းသို့ တိုက်ရိုက်ပေးသွင်းရမယ်လို့ ကိုရီးယားရှိမြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 01 May 2025
#ကိုရီးယားရောက်မြန်မာ #ဝင်ငွေခွန်ကိုသံရုံးဘဏ်စာရင်းသို့တိုက်ရိုက်ပေးသွင်းရ
#YMG/SW #Yangon_Times
နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရာစခန်းများမှပြည်သူများအား လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေဖို့ နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 01 May 2025
#ငလျင်ဒဏ်ခံစားခဲ့ရသူများ #နှစ်သိမ့်ဆွေးနွေးပညာပေး
#YMG/SW #Yangon_Times
Page 327 of 1378