နေပြင်းလာတဲ့အတွက် အပူလျှပ်ခြင်းheat storkeဖြစ်တာ၊ အပူကြောင့် သတိလစ်ပြီး အသက်ဆုံးရှုံးတာနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ ကြုံတွေ့လာနိုင်တယ်။ အပူဒဏ်လွန်ကဲလို့ ရောက်ရှိလာမယ့် လူနာတွေကို အမြန်ဆုံးကုသပေးနိုင်ဖို့ ဆေးရုံအားလုံးအသင့်ပြင်ဆင်ထားတယ်။
Yangon Times/tthl
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့ တပတ်ကလည်း စက်သုံးဆီဈေး ကျခဲ့ပေမယ့် စက်သုံးဆီဆိုင်တွေမှာ လိုအပ်တဲ့ဆီ ဝယ်မရခြင်းနဲ့ အချိန်ကြာစွာ တန်းစီဝယ်ယူရတဲ့အတွက် ယာဉ်မောင်းသူတွေ အခက်ခဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ၊မော်တင်စွန်းအငူမှာ တည်ထားကိုးကွယ်တော်မူတဲ့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားပွဲတော်အတွင်း ဘုရားဖူးတွေအဆင်ပြေစေဖို့ ပုသိမ်သူ သင်္ဘောကို ပွဲတော်ကာအတွင်းနေ့စဉ် ပြေးဆွဲပေးသွားမှာဖြစ်ပြီး အဝေးပြေးယာဉ်express ကားတွေလည်း ကြိုတင်လက်မှတ် မှာယူမှုများပြားနေ တယ်လို့ သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မီးသိပ်မမှန်တဲ့အတွက် လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် နေအိမ်တွေအတွက်ပဲဖြစ်ဖြစ် အသုံးပြုမယ့် WiFiနဲ့ချိတ်ဆက်သုံးဖို့အတွက် Power Bankတွေ အဝယ်များပြီး အခုဆို ပစ္စည်းပြတ်တဲ့အထိ ရောင်းနေရတယ်။
Yangon Times/tthl
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
တရုတ်ပြည်အစိုးရရဲ့ အကြီးမားဆုံး အဖွဲ့အစည်းယန္တရားဖြစ်တဲ့ ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ကွန်ဂရက်(NPC)က ဒုတိယအစည်းအဝေးကို အင်္ဂါနေ့နံနက်ပိုင်းက ပေကျင်းရှိ ပြည်သူ့ခန်းမကြီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ ဗဟိုတပ်မတော်ကော်မရှင် ဥက္ကဌဖြစ်သူ သမ္မတရှီကျင့်ဖင်၊ အခြားသော တရုတ်ခေါင်းဆောင်များနဲ့ အတူ NPC ပုဂ္ဂိုလ်ပေါင်း ၂၈၇၂ ဦးတို့ ဖွင့်ပွဲအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။
#Asia_Politics
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 7 March 2024
၁။ ပြည်ပ ဝယ်လိုအားနည်းလာကာ ကုန်အဝင်နည်းနေသော နှမ်းဈေးကွက် ဈေးတည်ငြိမ်နေဟုဆို
၂။ ရွှေဈေးကစားသူများ၊ ရည်ညွှန်းဈေးထက် ပိုရောင်းသူများကို ထိရောက်စွာ အရေးယူပြီး ထိန်းကျောင်းတော့မည်ဟုဆို
၃။ ဆန်လျော့ဈေးများဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှု နည်းပါး၊ ဆန်ဈေးထပ်မကြီးနိုင်
၄။ (၁၄)ကြိမ်မြောက် တရုတ်ပြည်သူ့ ကွန်ဂရက်၏ ဒုတိယအစည်းအဝေး အင်္ဂါနေ့၌ စတင်ဖွင့်လှစ်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မြန်မာ့သရက်သီး တရုတ်သို့တင့်ပိုရန် ဈေးကွက်မသေချာ၍ ခြံပြုစုစောင့်ရှောက်မှု ၂၀ရာခိုင်နှုန်းခန့်သာရှိ
' အခုတင်ပို့နေတဲ့ဖရဲ၊ သခွှားမွှေး ကုန်စိမ်းတွေလည်း တင်ပို့ရက် အရမ်းကြာတော့ အနည်းနဲ့အများ အရည်အသွေးကျဆင်းသွားတာကိုး၊ သရက်ကလည်း တရုတ်နယ်စပ်လိုင်းက အဓိကတင်ပို့ရတာ၊ အခုလမ်းကြောင်းတွေက မဖွံဖြိုး၊မပွင့်လင်းသေးတော့လေ၊ ဒါကြောင့် သရက်ခြံပိုင်ရှင်တွေက အရည်အသွေးကောင်းဖို့ နည်းပညာထည့်တာ၂၀% လောက်အထိ နည်းသွားတယ်၊ ကျန်တာက သဘာဝအတိုင်း ဘုရားပေးသလောက်ပဲ '
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 420 of 1156