စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲက ဖွင့်လှစ်သင်ကြားပေးမယ် မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို လာမယ့်မေလမှာ ထပ်မံဖွင့်လှစ်သွားမယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲက သိရပါတယ်။
#Local_News
Published_ 18 March 2024
#မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်း #သင်တန်းဖွင့်လှစ်
#YMG/LW #Yangon_Times
သင်္ကြန်ပိတ်ရက်တွေဖြစ်တဲ့ ဧပြီ(၁၃)(၁၄)(၁၅)ကိုဘိုကင်တင်သူအများဆုံးဖြစ်နေပြီး သင်္ကြန်ပိတ်ရက်မှာတော့တစ်သိန်းတန်အခန်းဟာ နှစ်သိန်းဖြစ်သွားကာ တည်းခိုစရိတ်တွေ တက်လာနိုင်ခြေရှိတယ်။
ချောင်းသာကမ်းခြေ ဟိုတယ်လမ်းညွှန်ဝန်ဆောင်မှုလုပ်ငန်းမှ ကိုနေအောင်
#Local_News
Published_ 18 March 2024
#သင်္ကြန်ရက်ပိတ်ရက် #ကမ်းခြေဘိုကင်တင်သူများနေ
#tthl #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း ပင်လယ်ကမ်းစပ်ရှိ
မြတ်မော်တင်စွန်းစေတီတော်ပြုပြင်မှုလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပြီး သုံးထပ်ကျောင်းနဲ့ အာရုံခံတံဆောင်းတွေ တည်ဆောက်ဖို့ ပါဝင်လှူဒါန်းနိုင်တယ်လို့ ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက သိရပါတယ်။
#Local_News
Published_ 18 March 2024
#သုံးထပ်ကျောင်းဆောင် #အာရုံခံတန်ဆောင်း
#YMG/NN #Yangon_Times
တရုတ်-မြန်မာနယ်စပ်မှာ မြေငှားပြီး လာရောက်စိုက်ပျိုးတဲ့ တရုတ်အာလူးတွေကလည်း ဈေးကွက်ထဲအဝင်များနေ ပြည်တွင်းက စိုက်တဲ့အာလူးကလည်းရာသီပေါ်ချိန်ဖြစ်နေတော့ ကုန်အဝင်များပြီး ပြည်တွင်းအဝယ်ကလည်း သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ အရောင်းပါးတာတွေကြောင့် အာလူးဈေးကထိုးကျသွားတယ်။ အာလူးစိုက်တောင်သူတွေအနေနဲ့လည်း ရာသီပေါ်စမှာပဲ ဈေးကကျတော့ အခက်အခဲတွေ ဖြစ်တာပေါ့။
#Local_News
Published_ 18 March 2024
#ပြည်တွင်းအာလူးဈေးထိုးကျ #တရုတ်-မြန်မာနယ်စပ်
#YMG/LW #Yangon_Times
လာမယ့်မတ်လ(၂၀)ရက်မှ (၂၄)ရက် (၄)ရက်တာအတွင်းမှာ တနင်္သာရီ၊ မွန်၊ ကရင်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီအစရှိတဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ၊ ရှမ်း၊ ကချင်အစရှိတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးထစ်ချုန်းရွာဖိုများပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေတော့ရွာနိုင်ခြေနည်းတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်း
#Local_News
Published_ 18 March 2024
#အချိန်အခါမဟုတ်မိုးရွာ #မိုးထစ်ချုန်းရွာ
#tthl #Yangon_Times
၁၇ မတ် ၂၀၂၄
ဥရောပကော်မရှင်က ကာကွယ်ရေးအစီအစဉ်တွေအတွက် လက်နက်ခဲယမ်း ထုတ်လုပ်ရေးမြှင့်တင်ဖို့ ရန်ပုံငွေ ယူရို သန်း၅၀၀ အပါအဝင် ယူရိုငွေ ၂ ဘီလျံနီးပါးကို ခွဲဝေသုံးစွဲမယ်လို့ သောကြာနေ့က ကြေညာပါတယ်။
လက်နက်ခဲယမ်းထုတ်လုပ်ရေးအထောက်အကူဥပဒေရဲ့အောက်မှာ သုံးစွဲမယ့် ယူရိုသန်း၅၀၀ ဟာ ၂၀၂၅ခုနှစ်အထိ တစ်နှစ်ကို အမြောက်ဆံပေါင်း နှစ်သန်းထုလုပ်နေမှုကို နှစ်ဆတိုးစေလိမ့်မယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
Source CCTV+
မော်တင်စွန်းဘုရားပွဲတော်ကို ကုန်းလမ်းအပြင်ရေလမ်းနဲ့ပါလာနိုင်ပါတယ်၊ ပွဲတော်ကာလမှာဘုရားဖူးလာသူတွေတစ်ရက်ကို ဦးရေပျှမ်းမျှသုံးထောင်ကနေ ငါးထောင်ဝန်းကျင်လောက်ရှိတယ်၊ ဘုရားဖူးပြီးရင် သဘာဝအလှအပတွေနဲ့ပတ်သက်တဲ့ ကျောက်ကလပ်နဲ့ ငွေတောင်ကမ်းခြေမှာအပန်းဖြေသူတွေ ၊ ရေလှိုင်းစီးသူတွေ ၊ ကျောက်ဆောင်တွေ၊ အလှဓာတ်ပုံရိုက်သူတွေနဲ့အပန်းဖြေကြတယ်
#Local_News
Published_ 17 March 2024
#ကျောက်ကလပ်နှင့်ငွေတောင်ကမ်းခြေ #မော်တင်စွန်းဘုရားဖူး
#YMG/NN #Yangon_Times
Page 412 of 1156