မြန်မာနိုင်ငံကထွက်ရှိတဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေတင်ပို့တဲ့အခါမှာ ပုဂ္ဂလိက ကဏ္ဍကနေအဓိကတင်ပို့နေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 15 July 2024
#သတ္တုတွင်းထွက်ပစ္စည်း #ပုဂ္ဂလိကကဏ္ဍမှအဓိကတင်ပို့
#NN #Yangon_Times
မကွေးမှာ ဧရာဝတီမြစ်ရေကြီးနေလို့ မြစ်နားနီးတဲ့စာသင်ကျောင်းအချို့ယာယီပိတ်ထားရပြီး အခုဆိုရင် မကွေး၊ ပခုက္ကူမှာယာယီပိတ်ထားရတဲ့ ကျောင်း(၂၅)ကျောင်းအထိရှိပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 15 July 2024
#စာသင်ကျောင်းအချို့ယာယီပိတ် #ဧရာဝတီမြစ်ရေကြီး
#tthl #Yangon_Times
ကမ္ဘာ့ရွှေဈေးနဲ့အတူ အခုလနှစ်ပတ်ကျော်ကာလအတွင်းအခေါက်ရွှေဈေးကျပ် တစ်သိန်းခွဲနီးပါးမြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 15 July 2024
#ရွှေဈေးမြင့်တက် #ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်
#NN #Yangon_Times
ရန်ကုန်တိုင်းအပါအဝင် ဇူလိုင်လ (၁၆)ရက်မှ (၂၀)ရက်အထိ(၅)ရက်တိုင်တိုင်မိုးကြီးမယ့် ဒေသ(၇)ခုရှိပြီး မိုးသက်လေပြင်းပါတိုက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 15 July 2024
#မိုးကြီးမည့်ဒေသ(၇)ခု #မိုးသက်လေပြင်းပါတိုက်နိုင်
#tthl #Yangon_Times
၁၄ ဇူလိုင် ၂၀၂၄
နိုင်ငံပေါင်း ၂၆နိုင်ငံပါဝင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCOနိုင်ငံတွေရဲ့ မီဒီယာကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ (၂)ရက်နေ့က ရှန်ဟိုင်းမြို့က Hozon New Energy Auto ကုမ္ပဏီကိုသွားရောက်လေ့လာခဲ့ကြပါတယ်။
အဆိုပါမီဒီယာကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံမှ YMG လည်းပါဝင်ပါတယ်။
Hozon New Energy Auto ဆိုတာ NETA အမှတ်တံဆိပ်လျှပ်စစ်ကားတွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
NETA လျှပ်စစ်ကားတွေဟာ မြန်မာနိုင်ငံမှာလည်း ရောင်းချနေပါတယ်။
NETA ကားပြခန်းမှာ သူတို့ထုတ်ထားခဲ့တဲ့ လျှပ်စစ်ကား မော်ဒယ်လ် ၅ မျိုးစလုံးကိုခင်းကျင်းပြသထားပါတယ်။
မီဒီယာအဖွဲ့တွေ စိတ်ဝင်တစားလေ့လာခဲ့ကြပြီး မေးခွန်းတွေလည်း မေးမြန်းခဲ့ကြပါတယ်။
နိုင်ငံရပ်ခြားကနေ ဂျပန်နိုင်ငံကိုရောက်ရှိလာသူတွေအနေနဲ့ အသားထွက်ကုန်ပစ္စည်းတွေ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို သယ်ဆောင်လာပါက ဥပဒေအရတင်းကြပ်စွာတားမြစ် ကန့်သတ်ထားတယ်လို့ မြန်မာနိုင်ငံရှိ ဂျပန်သံရုံးက အသိပေးထားပါတယ်။
#Local_News
Published 14 July 2024
#ဟင်းသီးဟင်းရွက် #သယ်ဆောင်လာခြင်းကိုတားမြစ်
#YMG/ NN #Yangon_Times
ဧရာဝတီမြစ်ဟာ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မကွေး၊ မင်းဘူး၊ အောင်လံ၊ ဆိပ်သာ၊ ဇလွန်၊ပြည်၊ ဟင်္သာတမြို့တို့မှာ မြစ်ရေတွေထပ်တိုးဖို့နဲ့ သောင်ရင်းမြစ်ဟာ ငါးသိုင်းချောင်းမြို့မှာကြီးဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 14 July 2024
#ဧရာဝတီမြစ်နှင့်သောင်ရင်းမြစ် #ရေကြီးနိုင်
#tthl #Yangon_Times
Page 317 of 1155