#Daily_News
Published 28 November 2024
၁။ ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းအထိရှိသောကြောင့် ပြည်တွင်း ဆန်ပြတ်လပ်မှုမရှိနိုင်ဟု MRF ဥက္ကဋ္ဌပြော
၂။ အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာ့ရိုးရာသိုင်းအားကစားသမားများစခန်းသွင်းလေ့ကျင့်ခြင်းများပြုလုပ်နေ
၃။ ကျိုက်ထီးရိုးစေတီတော်သို့ တစ်လကျော်အတွင်း နိုင်ငံခြားသား ဧည့်သည်များအပါအဝင် ဘုရားဖူးတစ်သိန်းခုနှစ်သောင်းကျော်လာရောက်ဖူးမျှော်
၄။ အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာ အပစ်အခတ်ရပ်စဲရေးသတင်းများကြောင့် နိုင်ငံတကာရေနံနှင့်ရွှေဈေးကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမယ့် စတုတ္ထ အကြိမ်မြောက် မြန်မာ့နွားသိုးအလှ၊ အသားတိုးနွား၊ နို့စားနွားနှင့် ဆိတ်အလှပြပွဲပြိုင်ပွဲမှာ နွားနဲ့ဆိတ်ကောင်ရေ ၁၅၀ခန့် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 28 November 2024
#ဆိတ်အလှပြပွဲ #မြန်မာ့နွားသိုးအလှ
#YMG/NN #Yangon_Times
နေပြည်တော်မှာ လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့် အမျိုးသားအားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြန်မာ့ရိုးရာသိုင်းအားကစားသမားတွေ စခန်းသွင်းလေ့ကျင့်တာကို တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းမှာ ပြုလုပ်နေတယ်လို့မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published 28 November 2024
#အမျိုးသားအားကစားပွဲတော် #မြန်မာ့ရိုးရာသိုင်း
#YMG/NN #Yangon_Times
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ အခုနှစ်တောင်ဖွင့်ရာသီတစ်လကျော်အတွင်း နိုင်ငံခြားသားဧည့်သည်များအပါအဝင် ဘုရားဖူးတစ်သိန်းခုနှစ်သောင်းကျော်လာရောက်ဖူးမျှော်ခဲ့တယ်လို့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံက သိရပါတယ်။
#Local_News
Published 28 November 2024
#ကျိုက်ထို #ကျိုက်ထီးရိုးစေတီတော်
#YMG/NN #Yangon_Times
ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းအထိရှိသောကြောင့် ပြည်တွင်း ဆန်ပြတ်လပ်မှုမရှိနိုင်ဘူးလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 28 November 2024
#ဆန်ပြတ်လပ်မှုမရှိ #MRFဥက္ကဋ္ဌ
#YMG/NN #Yangon_Times
ကမ္ဘာပေါ်မှာ အမြင့်ဆုံးနဲ့ အကြီးကျယ်ဆုံး အမြင့်တက်ဒေါင်လိုက်မာရသွန်ပြိုင်ပွဲကြီးဖြစ်တဲ့ ၂၀၂၄ ရှန်ဟိုင်းတာဝါတက်မာရသွန် ပြိုင်ပွဲကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီး နိုင်ငံဒေသပေါင်း ၂၀ ကျော်မှ အားကစားသမားပေါင်း ၂ ထောင်ကျော် ပါဝင်ခဲ့ပါတယ်။
#World_Event
Published 27 November 2024
#ဒေါင်လိုက်မာရသွန်ပြိုင်ပွဲ #ရှန်ဟိုင်းတာဝါ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 27 November 2024
၁။ သက်ကြီးအားကစား ကလောင်ရှင်ကြီးများကို ဂါဝရပြုကန်တော့ငွေများပေးပို့နေ
၂။ ခရစ္စမတ်အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကျင်းပမည်
၃။ ပုဂံ၌ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်
၄။ ကမ္ဘာအမြင့်ဆုံး ဒေါင်လိုက်မာရသွန်ပြိုင်ပွဲကြီးအား ရှန်ဟိုင်းတာဝါမျှော်စင်၌ ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 213 of 1153