၁၁ ဒီဇင်ဘာ ၂၀၂၄
◾️ စုံစမ်းစစ်ဆေးရေး ၁၈ ဦးပါဝင်တဲ့ ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ အမှု နှင့်ဆက်စပ်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ယိုးရဲ့ ရုံးကို ဒီဇင်ဘာ ၁၁ရက် ဗုဒ္ဓဟူးနေ့က ဝင်ရောက်စီးနင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
◾️ သူတို့ဟာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်တာနှင့်ဆက်စပ်တဲ့ အရာတွေကိုရှာဖွေခဲ့ကြပြီး အဲဒီအထဲမှာ ယွန်းအနေနှင့်စစ်အုပ်ချုပ်ရေးမကြေညာခင်ကလေးမှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးအဖွဲ့အစည်းအဝေးအသံမှတ် တမ်းလည်းပါဝင်ပါတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲတပ်ဖွဲ့ရဲ့ အမျိုးသားစုံစမ်းစစ်ဆေးရေးရုံးက ပြောပါ တယ်။
◾️ရှာဖွေဝရမ်းမှာ သမ္မတယွန်းကို သံသယရှိသူအဖြစ်ဖော်ပြထားပြီး သမ္မတရုံး၊ဝန်ကြီးအဖွဲ့ အစည်းအဝေး ခန်းမနှင့် သမ္မတလုံခြုံရေးဌာတို့ကို စီးနင်းဝင်ရောက်တဲ့နေရာများအဖြစ်သတ်မှတ်ထားပါတယ်။
◾️စီးနင်းမှုတွေလုပ်ချိန်မှာ ယွန်းဟာ ရုံးအဆောက်အဦမှာရှိမနေဘူးလို့သိရပြီး နောက်ပိုင်းဘာတွေဖြစ် သလဲ ဆိုတာတော့ အတည်ပြုလို့မရသေးပါဘူး။
◾️ယွန်းကို ပုန်ကန်ခြားနားမှုသံသယတရားခံတစ်ဦးအဖြစ်သတ်မှတ်ထားပြီး သူ့ကို နိုင်ငံမှထွက်ခွာခွင့် တားမြစ်ထားပါတယ်။သူဟာ နိုင်ငံခြားသွားခွင့်အပိတ်ခံရတဲ့ ပထမဆုံး အာဏာလက်ကိုင်သမ္မတ ဖြစ်ပါတယ်။
◾️ရဲတွေက သူဟာ ဒီအမှုကြီးတစ်ခုလုံးရဲ့ နောက်ကွယ်ကဆရာကြီးအဖြစ်သံသယဝင်နေပါတယ်။ ပြီးခဲ့တဲ အပတ်စစ်အုပ်ချုပ်ရေးအမိန့်ကြေညာပြီးနောက် ပါလီမန်အဆောက်အဦထဲကနေ အမတ်တွေကို ဆွဲထုတ် ပစ်ဖို့ ယွန်းက သူ့ကိုအမိန့်ပေးခဲ့တယ်လို့ စစ်တပ်အထူးစစ်ရေးတပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး ကွပ်ဂျွန် ကွန်းက အမတ်တွေကိုပြောပြခဲ့ပါတယ်။
◾️ရဲတွေဟာ ရဲချုပ် ဂျီဟိုနှင့် ပါလီမန်ရဲအစောင့်ဌာနမှူး ကင်မ်ဘွန်ဆစ်တို့ကိုလည်း ဗုဒ္ဓဟူးနေ့ ခပ်စော စောပိုင်းမှာဖမ်းဆီးခဲ့ပြီး ရဲချုပ်ရုံး၊ ဆိုးလ်မြို့ပြရဲဌာနနှင့် ပါလီမန်ရဲအစောင့်တပ်တွေကိုလည်း စီးနင်းရှာ ဖွေမှုတွေပြုလုပ်ခဲ့ကြပါတယ်။
Source: Yonhap
၁၀ ဒီဇင်ဘာ ၂၀၂၄
တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစွမ်းဆောင်နိုင်ဆုံး ကူညီပေးနေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် တက်ကြစွာတိုးမြှင့်လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံက ပြောပါ တယ်။
ဒီဇင်ဘာ၁၀ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ မစ္စ မော်နင်းက မီဒီယာများရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
Source CCTV+
၉ ဒီဇင်ဘာ ၂၀၂၄
◾️ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်နှင့် သူ့မိသားစုကို ရုရှားနိုင်ငံက နိုင်ငံရေး ခိုလှုံခွင့်ပေး လိုက်တယ်လို့ ရုရှား နိုင်ငံပိုင်မီဒီယာ TASS က ကရင်မလင်သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်း ဖော်ပြခဲ့ပါတယ်။
◾️ဆီးရီးယားမှထွက်ပြေးလာတဲ့ အာဆတ်နှင့်သူ့မိသားစုတို့ဟာ ရုရှားနိုင်ငံမော်စကိုမြို့တော်သို့ ရောက်ရှိ လာပြီးနောက် လူသားချင်းစာနာထောက်ထားမှုအဖြစ်စဉ်းစားပြီး သူတို့ကို နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်တာ ဖြစ်ကြောင်း သတင်းကဆိုပါတယ်။
◾️ရုရှားအနေနှင့် ဆီရီးယားအကျပ်အတည်းမှာ နိုင်ငံရေးအရဖြေရှင်းရန်လိုလားတယ်လို့ အမြဲပြောခဲ့ပါ တယ်။ ကုလသမဂ္ဂရဲ့ စေ့စပ်ဆွေးနွေးပွဲပြန်လည်စတင်ဖို့ အမိအရတိုက်တွန်းကြောင်း TASS သတင်းမှာ ဖော်ပြထားပါတယ်။
◾️ “ရုရှားအရာရှိတွေဟာ ဆီးရီးယားအတိုက်အခံလက်နက်ကိုင်ကိုယ်စားလှယ်တွေနှင့်ထိတွေ့ ပြောဆို နေပါတယ်။ သူတို့က သူတို့ရဲ့ခေါင်းဆောင်တွေဟာ ဆီးရီးယားက ရုရှားစစ်အခြေစိုက်စခန်းနှင့် သံရုံး အတွက် လုံခြုံရေးအာမခံတယ်လို့ ပြောပါတယ်” လို့ သတင်းအရင်းအမြစ်တစ်ခုကိုကိုးကားပြီး TASS ကရေးသား ပါတယ်။
◾️အာဆတ်ဟာ ရာထူးကဆင်းလိုက်ပြီးဖြစ်ပြီး နိုင်ငံမှထွက်ခွာခဲ့ကာ အာဏာကိုငြိမ်းချမ်းစွာ လွှဲပြောင်း ပေးဖို့ သူ့လူတွေကို ညွှန်ကြားခဲ့တယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
◾️“ ဆီးရီးယားရဲ့ အခြေအနေအပေါ် ကျွန်တော်တို့ အထူးစိုးရိမ်စွာစောင့်ကြည့်နေပါတယ်။ အာဆတ်နှင့် လက်နက်ကိုင်ပဋိပက္ခထဲပါဝင်ကြသူတွေအကြား စေ့စပ်ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးနောက် အာဆတ်ဟာ သမ္မတရာထူးစွန့်လွှတ်ပြီး နိုင်ငံမှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ အာဏာကိုငြိမ်းချမ်းစွာလွှဲပေးဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်”လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
◾️ရုရှားနိုင်ငံဟာ ဆီးရီးယားအတိုက်ခံအုပ်စုတွေအားလုံးနှင့် ဆက်သွယ်နေပါတယ်။ ဆီးရီးယားလူ့အဖွဲ့ အစည်းမှလူမျိုးနွယ်တွေအားလုံးရဲ့ ထင်မြင်ချက်တွေကို လေးစားဖို့တိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၂၅၄ ကို အခြေခံပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုစတင်ဖို့လည်းတောင်းဆိုခဲ့ပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက် ပြောဆိုပါတယ်။
Source: ANI
၈ ဒီဇင်ဘာ ၂၀၂၄
◾️ရုရှားက ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ကို စွန့်လွှတ်လိုက်သောကြောင့် အာဆတ် ကျရှုံး သွားတာဖြစ်တယ်လို့ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။
◾️အဲဒီအကြောင်းကို ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာ Truth မှာရေးခဲ့တာဖြစ်ပြီး “ အာဆတ်က သွားပြီ။ နိုင်ငံက ထွက်ပြေးသွားပြီ။ သူ့ကို အကာအကွယ်ပေးတဲ့ ဗလက်ဒီမာပူတင်ဦးဆောင်တဲ့ ရုရှား..ရုရှား..ရုရှား ဟာ သူ့ကို ဆက်ပြီးအကာအကွယ်ပေးဖို့ စိတ်မဝင်စားတော့ဘူး” လို့ ရေးခဲ့ပါတယ်။
◾️“ ရုရှားအနေနှင့် ပထမနေရာကို ပေးစရာအကြောင်းမရှိဘူး။ မစသင့်ခဲ့တဲ့ ပြီးတော့ အမြဲတမ်းရှိနေမယ့် ယူကရိန်းစစ်ပွဲကြောင့် သူတို့က ဆီရီးယားကို စိတ်ဝင်စားမှုမရှိတော့ဘူး” လို့ ထရမ့်ကရေးပါတယ်။
◾️ထရမ့်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် စနေနေ့က ပါရီမှာ Notre-Dame ကျောင်းတော် ကြီး ပြန်ဖွင့်ပွဲအတွင်း တွေ့ခဲ့ကြပါတယ်။
◾️ယူကရိန်းစစ်ကိုမြန်မြန်ရပ်တန့်ပစ်ဖို့ကြိုးစားမယ်လို့ ထရမ့်ကပြောပါတယ်။
◾️ရုရှားရော ယူကရိန်းနှစ်နိုင်ငံစလုံး စစ်သားတွေရာထောင်သေပြီးဒဏ်ရာရရှိထားကြတယ်။ ယူကရိန်း ဆိုရင် အရပ်သားတွေ တော်တော်များများသေဆုံးကြရတယ်။ ယူကရိန်းခေါင်းဆောင်က အပေးအယူ လုပ်ပြီး ဒီမိုက်မဲမှုကို အဆုံးသတ်ချင်နေတယ်။ အပစ်အခတ်ချက်ခြင်းရပ်ကြပြီး စေ့စပ်ညှိနှိုင်းပွဲတွေ စသင့်တယ် လို့ ထရမ့်ကပြောပါတယ်။
◾️“ ကျွန်တော် ဗလက်ဒီမာကိုကောင်းကောင်းသိတယ်။ ဒီအချိန်ဟာလုပ်ရတော့မယ်အချိန်ပါ၊ တရုတ်က ကူညီနိုင်တယ်။ ကမ္ဘာကစောင့်ဆိုင်းနေတယ်” လို့သူကဆက်ပြောပါတယ်။
Source: Reuters
၈ ဒီဇင်ဘာ ၂၀၂၄
တရုတ်နှင့်ရုရှား ရေတပ်များအကြား နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရေးအတွက်ရည်ရွယ်ပြီး စစ်ရေယာဉ် လေးစီးပါဝင်တဲ့ ရုရှားရေတပ်အုပ်စုဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းဒေါင်ဆိပ်ကမ်းမြို့ကို ဆိုက်ကပ်ရောက်ရှိခဲ့ကြပါတယ်။
Source CCTV+
၇ ဒီဇင်ဘာ ၂၀၂၄
🔳တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုးအပေါ် ပါလီမန်က စွပ်စွဲပြစ်တင်ခြင်းအတွက် ယနေ့မဲခွဲဆုံးဖြတ်ရာ လုံလောက်သောမဲမရသဖြင့် အရေးနိမ့်သွားပါတယ်။
🔳တောင်ကိုရီးယားသမ္မတ ယွန်ကို ဖြုတ်ချရန်ကြိုးစားမှု ပထမအကြိမ်တွင် မအောင်မြင်ဖြစ်သွားခဲ့တာပါ။
🔳လိုအပ်တဲ့မဲအရေအတွက်ရဖို့ ငါးမဲအလိုနှင့် အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။
🔳အတိုက်အခံအမတ်၁၉၂ဦးနှင့် ယွန်ရဲ့အာဏာရ ပြည်သူ့အာဏာပါတီမှအမတ်(၃)ဦးတို့က ထောက်ခံမဲ ပေးခဲ့ကြတာပါ။
🔳“စုစုပေါင်း ၁၉၅မဲရရှိပြီး အဲဒီအရေအတွက်ဟာ စုစုပေါင်းအမတ်ဦးရေရဲ့ သုံးပုံနှစ်ပုံကို ပြည့်မီခြင်း မရှိခဲ့ပါဘူး။ အဲဒါကြောင့် ဒီကိစ္စအပေါ်မဲပေးဆုံးဖြတ်မှုအထမမြောက်ကြောင်းကြေညာ ပါတယ်” လို့ ပါလီမန်ဥက္ကဋ္ဌ ဝူဝန်ရှစ်က ပြောပါတယ်။
🔳အာဏာရပါတီရဲ့ ပါလီမန်ခေါင်းဆောင်က ပြစ်တင်စွပ်စွဲမှု အထမမြောက်ခဲ့ခြင်းကြောင့် သူရာထူးက နှုတ်ထွက်မည်ဖြစ်ကြောင်းကြေညာပါတယ်။
🔳အတိုက်အခံပါတီခေါင်းဆောင်ကတော့ လက်လျှော့ဦးမှာမဟုတ်ဘဲ ဘယ်လိုနည်းနှင့်ပဲဖြစ်ဖြစ် သမ္မတကို မရရအောင် စွပ်စွဲပြစ်တင်မှုအထမြောက်အောင်လုပ်ဆောင်မယ်လို့ ပြောပါတယ်။
၇ ဒီဇင်ဘာ ၂၀၂၄
🔳အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ဘီဂျေပီ ပါတီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။
🔳အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အိန္ဒိယနိုင်ငံ မတည်ငြိမ်အောင်လုပ်ဖို့ မီဒီယာအုပ်စုတစ်ခုကို ငွေ ကြေးထောက်ပံ့ပေးနေတယ်လို့စွပ်စွဲလိုက်ပါတယ်။
🔳အမေရိကန်ရဲ့ 'deep state’(နောက်ကွယ်အစိုးရ) မီဒီယာအုပ်စု၊ ဂျော့ဆိုးရော့စ်နှင့် ရာဟူးဂန္ဒီတို့ ပေါင်း ကြံနေကြတယ်လို့ ဘီဂျေပီပါတီကပြောပါတယ်။
🔳သတင်းသမားတွေကိုထောက်ပံ့ကူညီပေမယ့် သူတို့ဟာ အယ်ဒီတာပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေ အပေါ် ဩဇာမလွှမ်းမိုးပါဘူးလို့ အမေရိကန်ကတုန့်ပြန်ပါတယ်။
🔳အိန္ဒိယစွပ်စွဲထားတဲ့ အဲဒီ မီဒီယာအုပ်စုဖြစ်တဲ့ Organized Crime and Corruption Reporting Project (OCCRP)က သူတို့ဟာ အမေရိကန်အစိုးရရဲ့ ရန်ပုံငွေနှင့်လုပ်နေပေမယ့် လွတ်လပ်တယ်လို့ ပြန်ဖြေရှင်း ထားပါတယ်။
🔳ရာဟူးဂန္ဒီရဲ့ ကွန်ဂရက်ပါတီဟာ အိန္ဒိယရဲ့ အက်ဒါနီစီးပွားရေးအုပ်စုနှင့် အဲဒီအုပ်စုက အစိုးရနှင့် ဆက်နွယ်မှုတွေကို သီးခြား ရည်ရွယ်ရေးသားတဲ့ OCCRP ရဲ့ ဆောင်းပါးတွေကို အသုံးပြုပြီး ထိုးနှက်နေ တယ်လို့ ဘီဂျေပီက ဝေဖန်ထားတာဖြစ်ပါတယ်။
Source-Reuters and agencies
Page 51 of 255